ကျူးပြဿနာနဲ့ အစိုးရရဲ့ ကတိကဝတ်

ကျူးပြဿနာနဲ့ အစိုးရရဲ့ ကတိကဝတ်
 (ဓာတ်ပုံ-မျိုးထက်ပိုင်)
(ဓာတ်ပုံ-မျိုးထက်ပိုင်)
Published 21 June 2020
ဖြိုးဝေ

၂၀၁၆ ခုနှစ် မတ် ၃၁ ရက်မှာ ဦးသိန်းစိန်အစိုးရဆီကနေ အာဏာလွှဲပြောင်းရယူ ခဲ့တဲ့ NLD အစိုးရရဲ့ သက်တမ်းဟာ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်မှာဆိုရင် ကုန်ဆုံးမှာဖြစ်ပါတယ်။ သက်တမ်းကုန်ဆုံးတော့မယ့် အချိန် က ဘယ်တော့လဲဆိုရင် လက်ရှိအနိုင်ရပါတီ NLD အစိုးရ တာဝန်ယူရမယ့် လက်ကျန် ကာလဟာ အချိန်ကိုးလကျော်ပဲ ကျန်တော့တာဖြစ်ပါတယ်။

လက်ကျန်အချိန် ကိုးလအတွင်းမှာဆိုရင်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေ အပြိုင်လုပ်ဆောင်ကြတော့မှာဖြစ်လို့ ပြည်သူလူထုအတွက် လုပ်ကိုင်ပေးနိုင်မယ့်အချိန်ကလည်း နည်းပါးခဲ့ ပြီဖြစ်တာကြောင့် လက်ရှိအချိန်မှာ လုပ်နေ တဲ့ စီမံကိန်းတွေ၊ လုပ်ဆောင်မယ့် စီမံကိန်း တွေကလည်း တုံ့ဆိုင်းနေနိုင်မှာဖြစ်သလို နောက်တက်လာမယ့် အစိုးရလက်ထက်ကျ မှ ဆက်လုပ်တာ၊ နောက်တက်လာမယ့် အစိုးရအဖွဲ့က သဘောမတူခဲ့ရင် စီမံကိန်း ဖျက်သိမ်းတာမျိုးတွေကို ကြုံရနိုင်ပါတယ်။

ဒီလိုမျိုး NLD အစိုးရသက်တမ်း ကိုးလကျော်ပဲ ကျန်တော့တဲ့အထိ မဖြစ်လာနိုင်သေးတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကျူးကျော်တွေအတွက် ပေးခဲ့တဲ့ကတိဟာလည်း လက်ရှိအချိန်မှာဆိုရင် လောက် လောက်လားလား ဆုပ်ကိုင်ပြစရာ ရှိမနေဘဲ ကတိပျက်ကွက်တော့မှာလား။ ကျူးကျော် လေးသိန်းကျော်အတွက် ပေးထားတဲ့ကတိ မတည်တော့ဘူးလား။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်မှာ နောက်အသစ်တက်လာမယ့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ဦးဖြိုး မင်းသိန်းပေးခဲ့ပြီး မအောင်မြင်ခဲ့တဲ့ ကျူး ကျော်အိမ်ရာကတိကို ဆက်လုပ်မှာလား၊ ဖျက်သိမ်းမှာလား၊ ဝေဝေ၀ါးဝါး အခြေအနေကို ရောက်နေခဲ့ချိန်လည်း ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုနည်းပါးတဲ့ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေက ပြည်သူတွေက အလုပ်အကိုင်နဲ့ ဘဝရပ်တည်ရေးအတွက် ရန်ကုန်မြို့ကို စုပြုံပြီးတက်လာတဲ့အချိန်မှာ အစိုးရအဆက်ဆက် ထိန်းချုပ်နိုင်မှုမရှိတဲ့ အိမ်ငှားခ၊ မြေငှားခကြီးလေးလွန်းတာတွေ ကြောင့် နောက်ဆုံးမှာ အိမ်ငှား၊ အခန်းငှား၊ အဆောင်ငှားပြီးတောင် မနေနိုင်ကြတော့ ဘဲ လမ်းဘေးမှာ ကျူးကျော်တဲထိုးနေကြရတဲ့ ပြည်သူတွေက မြန်မာနိုင်ငံမှာရော ရန်ကုန် မြို့မှာပါ အနိမ့်ပါးဆုံး၊ သနားစရာအကောင်းဆုံးပြည်သူတွေလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး အနိမ့်ပါးဆုံး၊ အဆင်းရဲဆုံးကျူး ကျော်ပြည်သူတွေဟာ လူထုကရွေးကောက်ထားတဲ့ NLD အစိုးရတက်လာဖို့ မဲပေးခဲ့ကြ တာဖြစ်သလို အဲဒီအချိန်တုန်းက လူထုခေါင်း ဆောင်ဖြစ်ခဲ့ပြီး လက်ရှိအချိန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကလည်း ကမ္ဘာကျော်မင်းသမီး Angelina နဲ့အတူ  ကျူးကျော်အများဆုံးနေထိုင်တဲ့ လှိုင်သာယာ စက်မှုဇုန် (၃) က မင်းကြီးမဟာ မင်းခေါင်လမ်းမှာ ကျူးကျော်နေထိုင်နေတဲ့ မိသားစုဝင်တွေကို တစ်အိမ်တက်ဆင်း လိုက် လံအားပေးခဲ့တာကလည်း အထင်ကရ ဖြစ် စဉ်ဖြစ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ကျူးကျော်တွေကို အားပေးခဲ့သလို ဦးဖြိုးမင်းသိန်းကလည်း ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ်ဖြစ်လာချိန်မှာ ကျူးကျော်ပြဿနာ ဖြေရှင်းမယ်။ ကျူးကျော်တွေကို တိုက်ခန်းပေးမယ်။ မြေရအောင် လုပ်ပေးမယ်ဆိုတဲ့ ကတိတွေကြောင့် ကျူးကျော်တွေအတွက် နေစရာရရှိရေးအိပ်မက်ဟာ ၂၀၁၆ ခုနှစ်က စတင်ပြီး မက်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က စပြီး အိမ်ပိုင်ရရှိရေးအ တွက် ကျူးကျော်တွေ အိပ်မက်မက်ခဲ့ပေမဲ့  NLD အစိုးရသက်တမ်းကိုးလကျော်ပဲ ကျန် တော့တဲ့အထိ ထင်သလိုဖြစ်မလာသေးတဲ့ ကျူးကျော်အိမ်ရာစီမံကိန်းတွေကြောင့် လက် ရှိအချိန်မှာဆို ကျူးကျော်တွေအတွက် အိမ် ရာရရှိရေး မျှော်လင့်ချက် နည်းသွားပြီဖြစ်ပါ တယ်။

လှိုင်သာယာမြို့နယ်အတွင်းရှိ နေအိမ်အချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

ဘာတွေပြောခဲ့လဲ

ဘူဒိုဇာအစိုးရ မဖြစ်လိုတဲ့အတွက် ကျူးကျော်ပြဿနာ ဖြေရှင်းဖို့ ကြိုးစားနေပြီး  ဒီလိုကျူးကျော်ဖြစ်ရတာဟာ အစိုးရမှာ တာဝန်ရှိလို့ မြေရအောင် လုပ်ဆောင်သွားမယ်လို့ ပြောခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ စကားဟာ နာမည်ကျော်ခဲ့ပါတယ်။

မြေရအောင် လုပ်ဆောင်သွားမယ်လို့ ပြောခဲ့တဲ့အပြင် ကျူးကျော်တွေကိုတိုက်ခန်း ပေးမယ်ဆိုတဲ့စကားကလည်း ရန်ကုန်တိုင်း က ကျူးကျော်မိသားစု ငါးသိန်းလောက်အ တွက် နတ်ဗိမာန်ရတော့မလိုမျိုး ခံစားခဲ့ရ၊ ရန်ကုန်တိုင်းအစိုးရထုတ်ပေးတဲ့ ကျူးစလစ် နဲ့ လူဖြစ်ရကျိုးနပ်ပြီ မှတ်ယူကြပေမယ့် ရန်ကုန်တိုင်းအစိုးရသက်တမ်း လေးနှစ်ပြည့်လို့ တဲ့ NLD အစိုးရသက်တမ်း ကုန်လုအချိန် အထိတော့ မတည်နိုင်သေးတဲ့ ကတိပါ။

တစ်ဖက်မှာလည်း ကျူးကျော်အိမ်ရာ မက်လုံးနဲ့ ပိုပိုပြီးများလာတဲ့ ရွှေ့ပြောင်းလုပ်သားပြဿနာကို ရင်စည်းခံနေရတဲ့ ရန်ကုန် မှာ တန်ဖိုးနည်းအိမ်ရာ ဆောက်မယ်ဆိုရင် အစိုးရက မြေတန်ဖိုး သုညအထိ ချပေးမယ် လို့ ပြောနေပေမဲ့လည်း လက်တွေ့မှာ စွမ်း ဆောင်နိုင်မှု မတွေ့ရသေးပါဘူး။

NLD အစိုးရဟာ ကျူးကျော်တွေနဲ့ ပတ်သက်ပြီး ပေးခဲ့တဲ့ရွေးကောက်ပွဲ ကတိ ကဝတ်တွေ မတည်နိုင်သေးသလို ရန်ကုန်တိုင်းအစိုးရပေးခဲ့တဲ့ ကတိစကားကြောင့် ရန်ကုန်တိုင်းလွှတ်တော်က ကျပ်ဘီလျံ ပေါင်းများစွာ ခွင့်ပြုပေးခဲ့ပေမဲ့လည်း အကောင်အထည်ဖော်မယ် ပြောခဲ့တာက တခြား၊ ကတိထားခဲ့တာ တခြား၊ လက်တွေ့ လုပ်ဆောင်မှုမြင်ရတာက တခြားနဲ့ ခုတ်ရာတလွဲ ရှရာတခြားဖြစ်နေဆဲ ကျူးကျော်အိမ် ရာစီမံကိန်းဟာ ကျူးကျော်ပြည်သူတွေ အတွက်တော့ ရန်ကုန်တိုင်းအစိုးရရဲ့ မတည် သေးသောကတိဖြစ်နေသလို ပျောက်ရှတော့မယ့် အိမ်ရာပိုင်ဆိုင်ရေးအိပ်မက်လည်းဖြစ် နေပါတယ်။

လက်ရှိ NLD အစိုးရသက်တမ်းကိုးလ ကျော်ပဲ ကျန်တော့တဲ့အထိ ရွေးကောက်ပွဲ ကြေညာစာတမ်းရဲ့ ကတိကဝတ်လည်း မတည်နိုင်၊ လွှတ်တော်တွင်းမှာ ပြောသွားသလိုလည်းမဖြစ်လာနဲ့ ရန်ကုန်အစိုးရရဲ့ ကျူးအိမ်ရာမက်လုံးဟာ ကတိမတည်နိုင်ခဲ့ ဘူးဆိုရင် အာဏာရရှိရေး မက်လုံးပေးခဲ့တာ မျိုးဖြစ်နေမလား တွေးထင်ကြမယ်ဆိုရင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD အစိုးရ အတွက် အာဏာဆက်လက် ရရှိရေးမျှော် မှန်းချက်ကို ထိပါးနိုင်ပါတယ်။

မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ရောင်းချတဲ့အခန်းတွေကို ကြည့်မယ်ဆိုရင်လည်း

CHID မာ တိုက်ခန်းရဲ့ ၃၀ ရာခိုင်နုန်းလောက် သွင်းထားတဲ့သူတွေကိုတောင် လုံလောက်အောင် ရောင်းချမပေးနိုင်သလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချပေးတယ်ဆိုတဲ့ တိုက်ခန်းတွေမာလည်း ...

ရန်ကုန်တိုင်းလွှတ်တော်မှာ ကတိပေးခဲ့မှုနဲ့ ရှင်းရှင်းလင်းလင်းမရှိသေးတဲ့ ဘတ်ဂျက်သုံးစွဲမှု

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ရန် ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဒဂုံမြို့ နယ် မဲဆန္ဒ နယ်အမှတ် (၂) လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဇေယျက ကျူးကျော်စီမံ ကိန်းတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ကို မေးခွန်းမေးခဲ့ရာမှာ ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လုံ ခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဖြေဆိုခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ ကျူးကျော်တွေနဲ့ပတ်သက်ပြီး လုပ် ဆောင်နေမှုတွေကို ဗိုလ်မှူးကြီးတင်အောင်ထွန်းက ဖြေဆိုခဲ့ရာမှာ ကျူးကျော်တွေကို လေ့လာမယ်ဆိုရင် စီးပွားဖြစ် ကျူးကျော်နဲ့ အမှန်အကန်ကျူးကျော်သူ နှစ်မျိုးတွေ့ရပြီး အစစ်အမှန် ကျူးကျော်တွေကို ရန်ကုန်တိုင်း အစိုးရက စာရင်းကောက်သွားမယ်။ အမှန်တကယ်ကျူးကျော်သူတွေကို ဦးစားပေးပြီး ထောက်ပံ့ကူညီသွားမယ်လို့ဖြေခဲ့ပြီး စီးပွားဖြစ်ကျူးကျော်တွေကိုတော့ ဥပဒေအရအရေး ယူဆောင်ရွက်သွားမယ်လို့ ဖြေခဲ့ပါတယ်။

အစစ်အမှန်ကျူးကျော်တွေကို ကူညီသွားမယ်လို့ ဖြေခဲ့ရာမှာဆိုရင် အိမ်ရာတွေ အကောင်အထည်ဖော်ရင် သူတို့ကို ဦးစားပေးမယ်။ ခန့်မှန်းစာရင်းအရ ရန်ကုန်တိုင်း ဒေသကြီးခရိုင်လေးခုမှာ ကျူးအိမ်ထောင်စု ၁၁၆၉၇၅ စုရှိပြီးတော့ လူဦးရေ ၄၄၁၆၄၆ ဦးရှိတယ်လို့ ဖြေခဲ့ပါတယ်။

ကျူးမိသားစုဝင် လေးသိန်းကျော် ငါးသိန်းနဲ့ ဝင်ငွေနည်းပြည်သူတွေအတွက် အစိုးရအဖွဲ့က လုပ်ဆောင်မှုအဖြစ် တိုက်ခန်း ၂၂၀၈ ခန်း ဆောက်လုပ်ထားပြီးတာနဲ့ ယုဇန အပိုင်း ၁၊ ၂ အပါအဝင် မြို့နယ် လေးမြို့ နယ်မှာ အခန်း ၈၀၀၀ တည်ဆောက်ဖို့  လျာ ထားတယ်လို့ ဆိုပါတယ်။ ကျန်စစ်သား အိမ် ရာမှာ အခန်း ၁၂၆၀၊ အောင်ချမ်းသာအိမ် ရာမှာ အခန်း ၃၄၀၀၊ ဒဂုံဆိပ်ကမ်းမှာ အခန်း ၁၀၄၀၊ ဒဂုံ (အရှေ့ပိုင်း) မှာ အခန်း ၂၃၀၀ တည်ဆောက်မယ်လို့ ဆိုပါတယ်။ ဒါ့ အပြင် လှိုင်သာယာမြို့နယ်မှာ ရပ်ကွက်အ သစ်တစ်ခုဖော်ထုတ်ဖို့ လျာထားပြီး ထန်း တပင်မြို့နယ်က ကွင်းအမှတ် ၃၁၄ မြေဧက ၅၃၄ ဧကရှိတယ်လို့ ဗိုလ်မှူးကြီး တင်အောင် ထွန်းက ဖြေဆိုခဲ့ပါတယ်။ အဲဒီနေရာအတွက် လျာထားဧကဟာ (၂၀_၃၀) ပေ အကွက် ပေါင်း ၁၅၀၀၀ လျာထားပြီး အရန်မြေ အဖြစ် လှိုင်သာယာကနေ တွံတေးဘက်သွား တဲ့အခြမ်းမှာ မြေဧက ၁၀၀၀၀ လျာထားပြီး ဖြစ်တယ်လို့ ဖြေဆိုခဲ့ပါတယ်။

ဒီလိုဖြေဆိုခဲ့ပေမယ့် ကျူးကျော်တွေအတွက်တော့ မျှော်လင့်သလို ဒီနေ့အထိ ဖြစ်မလာသေးပါဘူး။ ရန်ကုန်တိုင်းအစိုးရက လုပ်မယ်ဆိုတဲ့ အခန်း ၈၀၀၀ ဟာလည်း အဓိက အားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့့ မြို့ ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက် လုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရအ တွက် အခန်းအရေအတွက် အနည်းငယ်ပဲ ရရှိခဲ့တာဖြစ်ပါတယ်။

မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ရောင်းချတဲ့ အခန်းတွေကို ကြည့်မယ်ဆိုရင်လည်း CHID မှာ တိုက်ခန်း ရဲ့ ၃၀ ရာခိုင်နှုန်းလောက် သွင်းထားတဲ့သူ တွေကိုတောင် လုံလောက်အောင် ရောင်းချ မပေးနိုင်သလို ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့က ရောင်းချပေးတယ်ဆိုတဲ့ တိုက်ခန်း တွေမှာလည်း ကျူးကျော်တွေအတွက် မဟုတ်ခဲ့ဘဲ ရန်ကုန်သန်းခေါင်စာရင်း ၆၆/ ၆ ရှိမှ ဝယ်ခွင့်ရမယ်ဆိုတဲ့အချက်နဲ့တင် ကျူး ကျော်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေဟာ ဝယ်ယူနိုင်စွမ်းရှိရင်တောင် ဝယ်ယူခွင့်မရခဲ့ တဲ့အခြေအနေပါ။

ရန်ကုန်တိုင်းအစိုးရကိုယ်စား ဗိုလ်မှူး ကြီးတင်အောင်ထွန်းဖြေဆိုခဲ့တဲ့ ထန်းတပင်မြို့နယ်က ကွင်းအမှတ် ၃၁၄ မြေဧက ၅၃၄ ဧက (မြေကွက်ပေါင်း ၁၅၀၀၀ ) နဲ့ လှိုင်သာ ယာကနေ တွံတေးဘက်သွားတဲ့ အခြမ်းက လျာထားမြေဧက ၁၀၀၀၀ ဟာ လက်ရှိ အခြေအနေမှာ ဘယ်အဆင့်ရောက်နေပြီလဲ ဆိုတာကို ပြည်သူတွေအားလုံး သိရှိမှု မရှိ သေးသလို ဒီမြေနေရာတွေဟာ ကျူးအိမ်ရာ မြေကွက်စီမံကိန်းကနေ ဘယ်စီမံကိန်းဖြစ် သွားပြီလဲဆိုတာ ရန်ကုန်တိုင်းအစိုးရကရှင်း လင်းပြောကြားမှု လုံးဝမရှိသေးတာပါပဲ။ ပို ပြီးဆိုးတာက လက်ရှိအခြေအနေမှာ ကျူး ကျော်အိမ်ထောင်စုပေါင်းဟာ နှစ်သိန်းနီး ပါးဖြစ်လာနေပြီလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ခန့်မှန်းပါတယ်။ ဘာကြောင့်လဲ ဆို ကျန်တဲ့မြို့တွေထက် အလုပ်အကိုင် အခွင့်အလမ်းပေါတဲ့ ရန်ကုန်မြို့ဆီကို ရွှေ့ ပြောင်းလုပ်သားတွေ အဆက်မပြတ်စီးဝင်လာမှု၊ နေစရိတ်ကြီးမြင့်မှုနဲ့ အရင်တုန်းက မရှိခဲ့တဲ့နေရာတွေမှာ ကျူးကျော်တွေလာပြီး နေနေတာကြောင့် အိမ်ထောင်စုပေါင်း နှစ် သိန်းလောက် ဖြစ်လာနေပြီလို့ သုံးသပ်ကြ တာပါ။ အိမ်ထောင်စု နှစ်သိန်းလောက်သာ တကယ်ဖြစ်လာပြီဆိုရင် ရှေ့က ကျူးမိသားစု တွေအတွက်တောင် ပေးထားတဲ့ကတိမတည် နိုင်သေးတဲ့ ရန်ကုန်တိုင်းအစိုးရအတွက် တော့ ပိုအခက်ကြုံဖို့ ရှိပါတယ်။                  

လွှတ်တော်ကိုယ်စားလှယ်တွေဘက် က ရှင်းပြဖို့ မကြာခဏတောင်းဆိုနေပေမဲ့ လည်း လက်ရှိအချိန်အထိ ကျေလည်အောင် ရှင်းမပြနိုင်သေးတာက ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်က ရန်ကုန်တိုင်းအစိုးရကို ကျူးအိမ်ရာတွေနဲ့ အိမ်ရာစီမံကိန်းတွေအ တွက်ဆိုပြီး ကျပ် ၆၄ ဘီလျံ အသုံးပြုခွင့်ပေး ထားမှုပါ။

ဒီလို ကျပ် ၆၄ ဘီလျံကို ရန်ကုန်တိုင်းအစိုးရက ရန်ကုန်တိုင်းလွှတ်တော်ဆီ တောင်းခံစဉ်မှာ ရည်ရွယ်ချက်ငါးချက် ပါပါတယ်။

အဲဒီရည်ရွယ်ချက်ငါးချက်က

၁။ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ အိမ်ရာလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခြေခံလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။

၂။ အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများ အား တင်ဒါစနစ်ဖြင့် ဆောင်ရွက်နိုင်စေရန် ပြင်ဆင်ပေးခြင်း။

၃။ ဝန်ထမ်းအိမ်ရာများ၊ ပင်စင်စားအိမ်ရာ များတည်ဆောက်ပေးနိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်း။

၄။ ရန်ကုန်မြို့တော်တွင် ကျူးကျော်များ တိုး တက်များပြားလာခြင်းအား အထိုက်အလျောက် လျော့နည်းစေရန် ကျူးကျော် ၂၇၀၀၀ ခန့် နေရာချထားနိုင်ရန် ရည်ရွယ်ထားခြင်း။

၅။ ကုမ္ပဏီထူထောင်ရခြင်းမှာ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြှင့်အိမ်ရာများ၊ စျေးများ၊ လေယာဉ်ကွင်း၊ ပင်လယ်ရေနက်ဆိပ်ကမ်း များအပါအဝင် မဟာရန်ကုန်မြို့သစ်ဖော် ထုတ်ရေး၊ ဆောက်လုပ်ရေးဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ် ထားခြင်း။

ဆိုတဲ့ အချက်တွေနဲ့ တောင်းခံလာတဲ့ အတွက် ရန်ကုန်တိုင်းလွှတ်တော်က ကျပ် ၆၄ ဘီလျံ ခွင့်ပြုခဲ့တာဖြစ်ပြီး အဲဒီ ၆၄ ဘီလျံ ကို ရန်ကုန်တိုင်းအစိုးရက Yangon Metropolitan Development အများပိုင်ကုမ္ပဏီ မှာ ကျပ် ၅၄ ဘီလျံနဲ့ New Yangon Development ကုမ္ပဏီမှာ ကျပ် ၁၀ ဘီလျံမြှုပ်နှံ ခဲ့တာကို တွေ့ရပါတယ်။

ဒီကုမ္ပဏီနှစ်ခုဟာ အိမ်ရာစီမံကိန်း တွေလုပ်နေတယ်ဆိုပေမဲ့ ကျူးကျော်တွေ အတွက် အိမ်ရာစီမံကိန်းလုပ်နေတာကို ပြည် သူတွေ တိတိပပသိခွင့်မရပါဘူး။

Yangon Metropolitan Development အများပိုင်ကုမ္ပဏီဟာ ပြည်တော် သစ်အိမ်ရာစီမံကိန်း၊ ငွေပင်လယ်ဇုန်၊ နိုင်ငံ့ ဝန်ထမ်းအိမ်ရာတွေအတွက် လုပ်ဆောင်နေ တာကို အဓိကတွေ့ရပြီး ရန်ကုန်တိုင်းအတွင်းက ကျူးကျော်နေထိုင်သူတွေအတွက် ပြန်လည်နေရာချထားရေးအိမ်ရာဆောက်လုပ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း Berjaya Land Berhad နဲ့ လက်မှတ်ရေးထိုးခဲ့တာ တွေ့ရပေမဲ့ လက်ရှိအချိန်မှာတော့  Berjaya Land Berhad နဲ့ လုပ်ငန်းလုပ်ဆောင် မှု ပျောက်နေတာ တွေ့ရပါတယ်။

Berjaya Land Berhad နဲ့ ကျူးကျော် အိမ်ရာစီမံကိန်းအတွက်လုပ်ဆောင်နေတာ ပျောက်နေပေမဲ့ အစိုးရပင်စင်စားတွေနေထိုင်မယ့်  BDS Smart City စီမံကိန်းကို Berjaya ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ BDS Smart City ကုမ္ပဏီနဲ့ လက်မှတ်ထိုးခဲ့တာ တွေ့ရသလို တစ်ဖက်မှာလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က လျှပ်စစ်ဝန်ကြီးဒေါ်နီလာ ကျော်က Yangon Metropolitan ဟာ ကျူး ကျော်တွေအတွက် အိမ်ရာယူနစ် ၂၆၁၈၂ ကို ဆောက်လုပ်နေတယ်ဆိုတာနဲ့ ဒီဆောက်လုပ်နေတဲ့ တန်ဖိုးနည်းအိမ်ရာကို ကျူးကျော် တွေအတွက် အရစ်ကျနဲ့ ရောင်းချပေးသွား မယ်လို့ ပြောခဲ့ပြန်ပါတယ်။

ဘယ်လိုပဲ ဖြစ်နေပါစေ။ သေချာတာကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ ကျူးကျော်အိမ်ရာစီမံကိန်းတွေနဲ့ ပတ် သက်ပြီး လုပ်ဆောင်နေမှုတွေဟာ ရှင်းလင်း မှုမရှိသလို အများပြည်သူနဲ့ လွှတ်တော်ကိုယ် စားလှယ်တွေကလည်း သိရှိမှုမရှိကြဘူးဆိုတာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ သတင်းမီဒီယာတွေဆီ ဖြေဆိုမှုမှာ မြင်နေရပါတယ်။ သေချာတာက တော့ ကျူးမိသားစု ၁၁၆၉၇၅ စုမှာ ဘယ်နှစ်စုကို တိုက်ခန်းပေးထားပြီး မိသားစုဘယ်နှစု ကိုတော့ မြေပေးထားပါတယ်။ အိမ်ပေးထား ပါတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဟာ ပွင့်လင်းမြင်သာမှုရှိစွာ ချပြမထားတာ ပါ။ လုပ်ဆောင်နေဆဲ စီမံကိန်းတွေရှိနေပေ မယ့် ဒီလို ချပြရှင်းလင်းထားမှုမရှိတာဟာ ရွေးကောက်ပွဲနီးကပ်လာချိန်မှ တစ်ဖက်တစ်လမ်းက အထောက်အပ့ံရအောင် ကျူးကျော် အိမ်ရာစီမံကိန်းတွေချပေးမယ် ကြေညာဖို့လား တွေးချင်စရာဖြစ်ပါတယ်။ ဒီလို သံသယတွေက ကင်းဝေးဖို့ဆိုရင်တော့ အချိန်ကိုး လကျော်ပဲ သက်တမ်းရှိနေတဲ့ ရန်ကုန်တိုင်း အစိုးရဟာ ကျူးကျော်တွေအတွက် အိမ်ရာ စီမံကိန်းတွေ လုပ်ဆောင်မှုနဲ့ လွှတ်တော်က တောင်းခံထားတဲ့ ကျပ် ၆၄ ဘီလျံ သုံးစွဲမှု တွေအကြောင်းကို အများပြည်သူသိအောင် ရှင်းပြဖို့လည်း လိုအပ်ပါတယ်။

ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ ဒဂုံအရှေ့နဲ့ ရွှေပေါက္ကံမြို့နယ်မှာ အိမ်ရာယူနစ် တစ်သောင်းစီ စုစုပေါင်း အိမ်ရာခြောက်သောင်း ဆောင်ရွက်သွားမယ်လို့ ပြောကြားထားတာက လက်ကျန်သက်တမ်း ကိုးလကျော်မှာ ဖြစ်လာမလာဆိုတာ အငြင်းပွားစရာဖြစ်ပါတယ်။ အထူးသဖြင့်တော့ ...

တောင်ဒဂုံမြို့နယ်အတွင်းရှိ နေအိမ်အချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

ကျူးကျော်တွေအတွက် မေမေ့မေတ္တာပရောဂျက်နဲ့ အစိုးရအကြီးအကဲတွေရဲ့ မြေယာရယူမှု

ကျူးကျော်တွေကို အိမ်ပေးမယ်။ မြေပေးမယ်။ တိုက်ခန်းပေးမယ်။ အရစ်ကျပေး မယ်။ အိမ်ရာဆောက်ဖို့မြေတွေကို Zero ကျပ်နဲ့ပေးမယ် စတဲ့ နှစ်စဉ်ကတိတွေ တစ်မျိုးပြီးတစ်မျိုးပြောတတ်တဲ့ ဦးဖြိုးမင်းသိန်း က NLD အစိုးရသက်တမ်း လေးနှစ်ပြည့် လုပ်ဆောင်ချက်တွေအကြောင်း ရှင်းလင်းရာမှာဆိုရင် ကျူးကျော်တွေအတွက် မေမေ့မေတ္တာ ပရောဂျက်လုပ်ဆောင်နေတယ်လို့ ပြောလာခဲ့ပြန်ပါတယ်။

“အဓိက စိန်ခေါ်မှုအကြီးဆုံး ကိစ္စတစ် ခုက ကျူးကျော်ပြဿနာတစ်ရပ်ဖြစ်ပါ တယ်။ ကျူးကျော်နေထိုင်နေတဲ့သူတွေကို စနစ်တကျ နေရာချထားပေးဖို့ကို ကြိုးစား ဆောင်ရွက်နေပါတယ်။ ဒီကိစ္စကို Community ကနေ အခြေပြုပြီး မေမေ့မေတ္တာ ပရောဂျက်ဆိုပြီး စီမံချက်တစ်ခု ရေးဆွဲပြီး ဆောင်ရွက်နေပါတယ်။ ကျူးကျော်နေထိုင် သူတွေဟာ တိုင်းဒေသကြီးရဲ့ လုပ်သား အရင်းအမြစ်တွေ ဖြစ်ပါတယ်။ သူတို့ရဲ့လူမှု ဘဝကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ရဲ့ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုး ရအနေနဲ့ ကျူးကျော်နေထိုင်တဲ့သူတွေကို Community ပိုင်မြေပေါ်မှာ သူတို့ကို စနစ်တကျ နေရာချထားပေးပြီး သူတို့ရဲ့ ချေးငွေ ကဏ္ဍတစ်ခု တည်ထောင်ပေးခြင်းဖြင့် အိမ်တွေကို တည်ဆောက်ပြီး သူတို့ရဲ့ ပိုင်ဆိုင်တဲ့ အိမ်ရာအဖြစ် နေထိုင်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်မြို့နယ်တွေမှာ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ကျူးကျော်နေထိုင်တဲ့သူတွေကို စနစ်တကျ နေရာချ ထားပေးရေးက စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ လုပ်သားအင်အားကိုဖြည့် ဆည်းပေးရာရောက်သလို စက်မှုဇုန်တွေရဲ့ မီးဘေး၊ ရေဘေးကိစ္စရပ်တွေကိုပါ ထိန်း သိမ်းရာရောက်ပါတယ်။ စက်မှုဇုန်ထဲမှာကျူး ကျော်နေထိုင်တဲ့အတွက် မီးဘေးအန္တရာယ် ရှိသလို ရေနုတ်မြောင်းတွေအပေါ်မှာ ကျူး ကျော်အိမ်တွေနဲ့ ပိတ်ဆို့နေတဲ့အတွက် ရေ ကြီးရေလျှံမှု ပြဿနာတွေကို ကြုံရပါတယ်။ ဒါ့ကြောင့် စက်မှုဇုန်အဆင့်မြှင့်တင်ရေး ကဏ္ဍကို ကြိုးပမ်းဆောင်ရွက်နေပါတယ်” လို့ ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါတယ်။

ကျူးကျော်နေထိုင်တဲ့သူတွေအတွက် အိမ်တွေဆောက်ပေးပြီး သူတို့ပိုင်ဆိုင်တဲ့ အိမ်ရာဖြစ်အောင် ကြိုးပမ်းပေးနိုင်ခဲ့တယ်ဆိုပေမဲ့ တကယ်တမ်းမှာတော့ ရွှေပြည်သာမြို့နယ် သံဒင်း ၄၈ ရပ်ကွက်မှာ Community Land Housing ပထမအသုတ်အဖြစ် အိမ် ၂၆၄ လုံး ဆောက်လုပ်ပြီးစီးလို့ နေရာချ ထားပေးတာကိုပဲ ပြည်သူတွေ တွေ့မြင်နေရ ပြီး ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ ဒဂုံအရှေ့နဲ့ ရွှေပေါက္ကံမြို့နယ်မှာ အိမ်ရာယူနစ် တစ်သောင်းစီ စုစုပေါင်းအိမ်ရာခြောက်သောင်း ဆောင်ရွက်သွားမယ်လို့ ပြောကြားထားတာက လက်ကျန်သက်တမ်း ကိုးလကျော်မှာ ဖြစ်လာမလာဆိုတာ အငြင်းပွားစရာဖြစ်ပါတယ်။ အထူးသဖြင့်တော့့ Community Land Housing ဆိုတဲ့ နာမည် အစား မေမေ့မေတ္တာပရောဂျက်ဖြစ်လာမှာလား တွေးစရာဖြစ်သလို အသေးစိတ်ချပြထားမှုမရှိတဲ့့ ဒီပရောဂျက်ဟာ ရွေးကောက်ပွဲကာလကျမှ အရှိန်အဟုန်နဲ့ ပေါ်လာမလား တွေးစရာဖြစ်ပါတယ်။

ကျူးကျော်အိမ်ရာစီမံကိန်းတွေနဲ့ ပတ်သက်ပြီး တိတိပပရှင်းပြတာလည်း မရှိ၊ ကျူး ကျော်အိမ်ရာစီမံကိန်းတွေ လုပ်ဆောင်ဖို့အတွက် ထုတ်ယူထားတဲ့ငွေကြေးသုံးစွဲမှုတွေအကြောင်း ရန်ကုန်တိုင်းလွှတ်တော်ဆီကို လည်း စနစ်တကျ မရှင်းနိုင်သေးဘဲနဲ့ NLD အစိုးရသက်တမ်း ကိုးလကျော်ပဲ ကျန်တော့ တဲ့အချိန်အထိ တိတိကျကျ မသိရသေးပေမယ့် လက်ရှိအချိန်မှာတော့ အစိုးရအကြီး အကဲတချို့ဟာ မြေဧကပေါင်းများစွာကို အစိုးရပေါက်စျေးနဲ့ ရယူဖို့ရှိနေပြီဖြစ်ပါ တယ်။

ဥတ္တရသီရိမြို့နယ်မှာ ဖော်ဆောင်နေ တဲ့ မြေကွက်တွေကို သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ပေ ၄၀၀ ပတ်လည်၊ ဝန်ကြီးအဆင့်ဆိုရင် ပေ ၃၀၀ ပတ်လည် သတ်မှတ်ပြီး အစိုးရစျေးနှုန်းနဲ့ ချထားပေး တာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောခဲ့တာဖြစ် ပြီး “တစ်ဧက သိန်း ၅၀ မဟုတ်ဘူး။ စည်ပင်သာယာကိုမေးလိုက်ပါ။ အဲဒီအပိုင်း အတိ အကျကတော့။ မြေကွက်အကျယ်ကတော့ ကျွန်တော်တို့က ဝန်ကြီးအဆင့်ဆိုရင် ကျွန် တော်တို့က ပေ ၃၀၀ ပတ်လည်ရှိမယ်။ ဒု ဝန်ကြီးအဆင့်ဆိုရင်၂၅၀ ပတ်လည်ရှိတယ်။ ညွှန်ကြားရေးမှူးချုပ်အဆင့်ဆိုရင် ၁၀၀ ပတ်လည်ရှိတယ်။ ဟိုဘက် သမ္မတတို့ အဲဒီ အဆင့်တွေဆိုရင် ၄၀၀ ပတ်လည်ရှိတယ်֨” လို့ ဦးဇော်ဌေးက ဖြေကြားခဲ့ပါတယ်။

နေစရာအိမ် ပိုင်ဆိုင်ဖို့မပြောနဲ့။ အိမ်ခန်းငှားခတောင် မတတ်နိုင်လို့ ကျူးကျော် နေထိုင်နေကြရတဲ့ ပြည်သူတွေကို ပေးထား တဲ့ကတိမတည်သေးတဲ့အချိန်မှာ NLD အစိုးရအဖွဲ့ဝင်တွေက မြေဧကပေါင်းများစွာ ကို စျေးချိုချိုနဲ့ ရယူမယ်ဆိုတာဟာ ရုပ်ဆိုး လွန်းလှပါတယ်။

“ကတိမတည်တဲ့ ပါတီကို မဲမပေးနဲ့” ဆို တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားဟာ နာမည်ကျော်ပါတယ်။ ဒီလို နာမည်ကျော်တဲ့ စကားဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြန်လည်သုံးစွဲစရာစကား ဖြစ်လာမလားဆို တာ ပြန်လည်သုံးသပ်ဆင်ခြင်သင့်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် ပြည်သူပေါင်းများစွာဟာ ဆင်းရဲနွမ်းပါးပြီး ကိုယ်ပိုင်အိမ် မရှိတဲ့ဘဝနဲ့ နေထိုင်နေရသလို ကိုယ်ပိုင်အိမ်ရှိတယ်ဆိုတဲ့ မည်ကာမတ္တအဆင့်နဲ့ပဲ နေထိုင်နေကြရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့လယ်မှာကို လူ့အဆင့်အတန်းနဲ့ မညီတဲ့ နေအိမ်တွေ၊ တိုက်ခန်းတွေ အများအပြား ရှိနေပါတယ်။ ပြည်သူတွေက ဒီလိုမျိုး လူ့အဆင့်အတန်းမမီ တဲ့ဘဝနေထိုင်မှုတွေနဲ့ ရှိနေရချိန်မှာ လစဉ် သိန်းဆယ်ချီရနေပြီး နိုင်ငံတော်စရိတ်နဲ့ နေထိုင်နေတဲ့ အစိုးရအဖွဲ့ဝင်တွေက မြေဧက ပေါင်းများစွာကို အစိုးရစျေးနဲ့ ရယူမယ်လို့ သတင်းအတည်ပြုလာချိန်မှာ မင်္ဂလာဒုံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက မင်္ဂလာဒုံမြို့နယ် အတွင်းမှာရှိနေတဲ့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူ တွေရဲ့လူနေမှုဘဝတွေ အိမ်အို၊ အိမ်ဟောင်းတွေကို ဓာတ်ပုံရိုက်ပြပြီးတော့ “ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေသာမက လူ တိုင်းဟာ နေအိမ်နှင့် ခြံနှင့် တင့်တောင့်တင့်တယ် နေချင်ကြတာ သဘာဝကျပါတယ်။ သို့သော် မိမိအာဏာရတုန်း လုပ်ပိုင်ခွင့်ကို သုံးပြီး အများပြည်သူရဲ့ အခွင့်အရေးမဖော်ထုတ်ဘဲ မိမိအတွက်သာ အခွင့်အရေးဖော်ဆောင်နေတာဟာ မလုပ်သင့်တဲ့ကိစ္စပါ။ ယခုတင်ပြပါ ဓာတ်ပုံများဟာ ကျွန်တော့်ရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်ရှိ ပြည်သူများနေထိုင်တဲ့ နေအိမ်များရဲ့ပုံများ ဖြစ်ပါတယ်။ မင်္ဂလာဒုံမြို့နယ်မှ ပြည်သူများ နေ့စဉ်ဘဝမှာ ဘယ်လိုနေထိုင်နေကြရ တယ်ဆိုတာ နေပြည်တော်မှ လူကြီးမင်းများ အမှန်အတိုင်းသိစေရန် တင်ပြပါတယ်။ မိမိ သားသမီးကို အခုလို နေအိမ်တွေမှာ ဘယ် သူမှ မထားချင်ပါဘူး။ ဝန်ကြီးတွေ၊ အစိုးရ အဖွဲ့ဝင်တွေ “ပြည်သူနှင့်အတူ” ဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကို ခံစားနားလည်နိုင်ကြပါစေ။ ကိုယ့်ခွန်ကိုယ့်အားဖြင့် ရှာဖွေလို့ရတဲ့ ငွေနှင့် အိမ်ဝယ်တာ မထူးဆန်းပေမယ့် လုပ် ပိုင်ခွင့်ကိုအသုံးချပြီး ခြံကွက်တွေကို စျေးချို အောင်လုပ်ပြီး ပြည်သူတွေမပါဘဲ မိမိတို့ သာ ဝယ်ခွင့်ရအောင်လုပ်တာ မဖြစ်သင့်ပါ ဘူး။ ကျွန်တော့်လိုပဲ အခြားသောလွှတ်တော် ကိုယ်စားလှယ်များကလည်း မိမိတို့ သက် ဆိုင်ရာ မဲဆန္ဒနယ်မြေများမှ ဆင်းရဲသား ပြည်သူများရဲ့ နေအိမ်၊ ဓာတ်ပုံများကို ဖော် ထုတ်တင်ပြပြီး နေပြည်တော်မှ လုပ်ပိုင်ခွင့် ကိုအသုံးချ မြေကွက်ယူတဲ့ဝန်ကြီးတွေကို ရှက်တတ်အောင်ပြောပေးကြပါ”လို့ သူ့ရဲ့ Facebook မှာ ရေးသားဝေဖန်ခဲ့ပါတယ်။

ပြည်သူတွေအတွက်တော့ ကျူးကျော် အိမ်ရာဆောက်လုပ်ပေးမယ်ဆိုတဲ့ ကတိ ပေးထားပြီး လက်ရှိအချိန်အထိ တည်တံ့နိုင် မှုမရှိသေးပေမဲ့ အစိုးရအဖွဲ့ဝင်တွေအတွက် တော့ နေ့ချင်းညချင်း ဧကနဲ့ချီ ရယူရုံတင် မက မြေကွက်ရှင်းလင်းမှုတွေအတွက်ပါ ကျပ်လေးဘီလျံလောက် သုံးစွဲတယ်ဆိုတာ က နိုင်ငံတော်နဲ့ ပြည်သူ့ဘဏ္ဍာနစ်နာမှုပါ။ ဘာကြောင့်လဲဆိုရင် NGO တွေ၊ အဖွဲ့အ စည်းတွေနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို တောင်အစိုးရစျေးဆိုပြီး တစ်ဧက ကျပ်သိန်း ၅၀ နဲ့ ရောင်းချပေးတာဖြစ်လို့ လက်ရှိအာ ဏာရအစိုးရအဖွဲ့ဝင်တွေကို ရောင်းချပေး တဲ့စျေးနှုန်းဟာ ဒီစျေးနှုန်းထက် ဘယ်လိုမှ များနိုင်စရာမရှိတာကြောင့် NLD အစိုးရ အဖွဲ့ဝင်တွေကို ရောင်းချပေးတဲ့ မြေစျေးနဲ့ ရှင်းလင်းစရိတ် ကျပ်လေးဘီလျံ ဘယ်လိုမှ ပြန်ရနိုင်စရာ အကြောင်းမရှိလို့ပါ။

တကယ်တော့ မြန်မာနိုင်ငံမှာ မြေတွေ မရှိတာ မဟုတ်ပါဘူး။ မြေလွတ်မြေလပ်မြေ ရိုင်းတွေ အများအပြားရှိနေဆဲဖြစ်သလို အစိုးရပိုင်မြေတွေလည်း အများအပြားရှိနေ ပါတယ်။ ဒါပေမဲ့ တပ်သိမ်းမြေတွေဖြစ်နေတာ၊ ခရိုနီတွေရဲ့ လက်ထဲမှာ ဧကသိန်းနဲ့ချီ လုပ်ကိုင်ခွင့်တွေ ရယူထားတာ၊ မြန်မာနိုင်ငံ ရဲ့ မြေယာပြဿနာတွေကို အစိုးရက ထိရောက်အောင် ရှင်းလင်းပေးမှုမရှိတာ စတဲ့ အချက်တွေနဲ့ တိုင်းပြည်ရဲ့ မြေယာပြဿနာလည်း မရှင်းနိုင်၊ ကျူးကျော်တွေကို ပေးထား တဲ့ ကတိတွေလည်း မတည်နိုင်ဖြစ်နေရတာ ပါ။ NLD အစိုးရသက်တမ်းလေးနှစ်အတွင်း မှာ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့် ခွဲရေးဗဟိုကော်မတီက ပြန်လည်သိမ်းဆည်း နိုင်ခဲ့တဲ့ ဧရိယာဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ အထိ ဧကပေါင်း ၁၅ သန်းကျော် (၁၅၅၀၀၄၈ ဧက) ရှိနေပါတယ်။ ဒီပမာဏအပြင် လက်ရှိ မှာ ပြန်လည်သိမ်းဆည်းဖို့အတွက် လုပ် ဆောင်နေတဲ့ မြေဧက သိန်းပေါင်းများစွာ လည်း ရှိနေသေးတယ်လို့ သိရပါတယ်။ တပ်မတော်က ပြန်လည်စွန့်လွှတ်တဲ့ မြေ၊ အရင် အစိုးရတွေနဲ့နီးစပ်လို့ သူတို့လက်ထက်မှာ မြေဧကပေါင်းများစွာ လုပ်ကိုင်ခွင့်တွေရခဲ့ ပေမဲ့ အမှန်တကယ် အကောင်အထည် ဖော်နိုင်မှုမရှိလို့  NLD အစိုးရလက်ထက်မှာ ပြန်လည်သိမ်းဆည်းခံခဲ့ရတဲ့မြေဧက သန်းပေါင်းများစွာဟာ ပြည်သူလူထုလက်ထဲကို ပြန်မရောက်သေးဘဲ ဖြစ်နေပါတယ်။ ဒီလို မျိုးရှိနေတဲ့ မြေတွေဟာ ပြည်သူလူထု အတွက် မြေတွေ၊ အိမ်တွေ စျေးသက်သက် သာသာနဲ့ ဝယ်ယူနေထိုင်ရေး ဖြစ်မလာဘဲ အစိုးရဖြစ်လာတဲ့သူတွေအတွက်ပဲ ဖြစ်နေ တာလို့ ယူဆစရာဖြစ်နေပါတယ်။ ဒီလို ခရိုနီတွေ သိမ်းဆည်းထားတဲ့ မြေယာပြဿနာ တွေကို ထိထိရောက်ရောက် မဖြေရှင်းနိုင် တာကလည်း ခရိုနီဘက်က ရပ်တည်သလို အနေအထားဖြစ်နေတယ်လို့လည်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိန်ဝင်းက သူ့ရဲ့ Facebook မှာ သုံးသပ်ထားပါတယ်။

“မတရားမြေသိမ်းပြဿနာ မဖြေရှင်း နိုင်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆိုင်ဘဲ ဖြေရှင်းပေးချင်တဲ့ စိတ်ဆန္ဒနဲ့ပဲဆိုင်ပါ တယ်” လို့ ဦးစိန်ဝင်းက သုံးသပ်ပါတယ်။

သေချာတာကတော့ NLD အစိုးရရဲ့ သက်တမ်း ကိုးလကျော်ပဲ ကျန်တော့တဲ့အထိ မြေယာပြဿနာတွေ ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မှုမရှိသလို ကျူးကျော်တွေအ တွက် ပေးထားတဲ့ကတိလည်း မတည်သေး တဲ့ အပြင် ရွေးကောက်ပွဲကတိကဝတ်တွေကိုလည်း ပြီးမြောက်အောင် အကောင်အထည် မဖော်နိုင်သေးတဲ့ အခြေအနေကို ပြည်သူတွေ မျက်မြင်ကြုံတွေ့ရပြီဖြစ်ပါတယ်။

ဒီလို မျက်မြင်ကြုံတွေ့နေရတဲ့ အခြေအနေ၊ ပြည်သူလူထုကိုပေးထားတဲ့ ကျူးကျော်အိမ်ရာစီမံကိန်းတွေက လက်ရှိအချိန် အထိ ဟုတ်တိပတ်တိ ဖြစ်မလာသေးဘဲ အစိုးရအဖွဲ့ဝင်တွေအတွက်ပဲ အစိုးရစျေးနဲ့ မြေဧကအကျယ်ကြီးတွေရယူမယ်ဆိုတဲ့ အခြေအနေတွေဟာ ပြည်သူကို မျက်နှာမူတဲ့ အစိုးရပါလို့ ကြွေးကြော်ခဲ့မှုတွေနဲ့ ပြောင်း ပြန်ဖြစ်နေသလို အရင်အစိုးရတွေရဲ့ လုပ်နည်းလုပ်ပုံအတိုင်း ထပ်တူဖြစ်နေတဲ့ အခြေ အနေလို့လည်း ပြည်သူတွေက ခံစားရှုမြင် ဝေဖန်ခံရနိုင်ပါတယ်။

ကျူးကျော်တွေကို ပေးထားတဲ့ ကတိက ဝတ်တွေကျတော့ မတည်သေးဘူး။ NLD အစိုးရအဖွဲ့ဝင်တွေကကျတော့ နိုင်ငံပိုင်မြေတွေကို အစိုးရစျေးချိုချိုနဲ့ ယူနေကြတယ်လို့ ပြည်သူလူထုက ထင်မြင်ယူဆသွားမယ်ဆို ရင် နစ်နာနိုင်တာကတော့ NLD အစိုးရအ ဖွဲ့ပဲဖြစ်ပါတယ်။ ဒီလိုမျိုး ကတိမတည်ဘဲ  ကိုယ်ကျိုးပဲရှာတယ်လို့ ရှုမြင်ခံရတဲ့အခြေအ နေကနေလွတ်ပြီး ကျူးကျော်တွေကိုပေးထား တဲ့ကတိ တည်အောင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျူးကျော်အိမ်ရာတွေ အမြန်ဆုံး ဖော်ဆောင်ပေးနိုင်မလားဆိုတာ ကိုတော့ NLD အစိုးရ လက်ကျန် သက်တမ်း ကိုးလကျော်မှာ စောင့်ကြည့်ရမှာလည်း ဖြစ် ပါတယ်။         

 

ဒီလိုဈေးကွက်မှာငွေကျပ်ရင် တစ်နည်း ငွေကျုံ့သွားရင် စီးပွားရေး ဖရိုဖရဲဖြစ်မှု စိုးရိမ်ရတဲ့အနေအထား ဘယ်လိုကိုင်တွယ်မလဲ။ ငွေဟာလှည့်ပတ်နေမှ၊ လှည့်ပတ်မှုအရှိန်မြန်နေမှ ငွေတန်ဖိုးတက်တာဖြစ်ပါတယ်။ ငွေဟာ တစ်နေရာတည်းမှာပဲ အချိန်ကြာမြင့်စွာ ရပ်နေရင်  အဲဒါကိုငွေသေလို့ ခေါ်ပါတယ် ...

 

Most Read

Most Recent