COVID-19 အန္တရာယ်ကို မျက်ကွယ်ပြုလျက် သမ္မတထရန့်က မဲဆွယ်စည်းရုံးပွဲ ကျင်းပနေစဉ် လက်တင်အမေရိက၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်သန်းကျော် ရှိလာ

COVID-19 အန္တရာယ်ကို မျက်ကွယ်ပြုလျက် သမ္မတထရန့်က မဲဆွယ်စည်းရုံးပွဲ ကျင်းပနေစဉ် လက်တင်အမေရိက၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်သန်းကျော် ရှိလာ
ဇွန် ၂၀ ရက်က အိုကလာဟိုးမားပြည်နယ် တယ်ဆာမြို့ BOK စင်တာတွင်  မဲဆွယ်ပွဲအတွင်း ထရန့် မိန့်ခွန်း ပြောနေစဉ် (Photo: AFP)
ဇွန် ၂၀ ရက်က အိုကလာဟိုးမားပြည်နယ် တယ်ဆာမြို့ BOK စင်တာတွင် မဲဆွယ်ပွဲအတွင်း ထရန့် မိန့်ခွန်း ပြောနေစဉ် (Photo: AFP)
Published 21 June 2020
Ref: AFP

လက်တင်အမေရိကဒေသတွင် ဗိုင်း ရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေစဉ် ယင်း ဒေသ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်မှာ နှစ်သန်းကျော်လွန်သွားခဲ့ပြီး ကူးစက်မှုများ၏ထက်ဝက်နီးပါးသည် ဘရာဇီးနိုင်ငံတွင် ဖြစ်ပွားခြင်းဖြစ်သည်။

ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် လနှင့်ချီရှည်ကြာသော Lockdown ကာလကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သည့် ဥရောပသည် စီးပွားရေးအကြီးအကျယ်ထိခိုက်နေခြင်းကြောင့် Lockdown ပိတ်ပင်ကန့်သတ် ချက်များကို ဖြေလျှော့မှုထပ်တိုးလုပ်ဆောင် ရန် စီစဉ်ထားသည်။

စပိန်နိုင်ငံသည် ဇွန် ၂၁ ရက်မှစတင်၍ နိုင်ငံတွင်းသို့ ခရီးသွားများ လာရောက်လည်ပတ်ခွင့်ပြုလိုက်ပြီဖြစ်ပြီး အီတလီသည် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ရပ်နားထားသည့် စီးရီးအေ ဘောလုံးပွဲစဉ်များကို ပြန်လည်စတင်တော့မည်ဖြစ်သည်။

အမေရိကန်ရှိ ပြည်နယ် ၂၀ ထက်မ နည်းတွင် ဗိုင်းရပ်စ်ကူးစက်မှုများ တစ်ကျော့ ပြန်မြင့်တက်ခဲ့သော်လည်း နိုင်ငံတွင်း၌ ရော ဂါကာကွယ်၊ ထိန်းချုပ်ရေးစီမံချက်များကို ဖြေလျှော့ရန် တစ်ဆင့်ချင်း လုပ်ဆောင်လျက် ရှိသည်။ လပေါင်းများစွာအတွင်း ပထမဆုံး အကြိမ်ပြုလုပ်သော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ မဲဆွယ်စည်းရုံးပွဲတွင် ထရန့်က ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအ တွက်ချမှတ်ထားသည့် ၎င်း၏စီမံချက်များ သည် လူ့အသက် သန်းပေါင်းများစွာကို ကယ်တင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထရန့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့တွင် ပါဝင်သော အဖွဲ့ဝင်ခြောက်ဦး၌ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံထားရသည့်တိုင် ယင်းမဲဆွယ်ပွဲကို အိုကလာဟိုးမားပြည်နယ် တယ်ဆာ မြို့တွင်ကျင်းပခဲ့ပြီး မဲဆွယ်ပွဲအတွင်း ထရန့် က ယခုအချိန်သည် လုပ်ငန်းများ ပြန်လည် ဖွင့်လှစ်ရတော့မည့်အချိန်ဖြစ်ကာ အလုပ် ပြန်လုပ်ကြရမည့်အချိန်ဖြစ်ကြောင်း ၎င်းင်းကို ထောက်ခံသော လူအုပ်ကြီးအား ပြောကြားခဲ့ သည်။ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံ ရန် ထရန့် ကြိုးပမ်းနေချိန် ယခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး အမေရိ ကန်နိုင်ငံသည် COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို ခံနေရသည်။

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနိုင် သည့် အန္တရာယ်ကို လျှော့တွက်ကာ တယ်ဆာမြို့ကျန်းမာရေးတာဝန်ရှိသူများ၏ သတိ ပေးမှုကို လျစ်လျူရှုလျက် မဲဆွယ်စည်းရုံးပွဲကို ကျင်းပခြင်းဖြစ်သည်။ မဲဆွယ်ပွဲ လက်မှတ် များကို လူတစ်သန်းနီးပါး ဝယ်ယူခဲ့ကြပြီး လူ ၂၀,၀၀၀ ဆံ့သော ဘောလုံးကွင်းမှာ မဲဆွယ် ပွဲတက်ရောက်သူများဖြင့် ပြည့်ကျပ်လျက်ရှိ သည်ဟုပင် ထရန့်က Twitter ပေါ်၌ ကြွားလုံးထုတ်ခဲ့သည်။

အမေရိကန်သည် ကမ္ဘာပေါ်တွင် ဗိုင်း ရပ်စ်ကူးစက်မှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၂.၃ သန်းနီးပါး၊ သေဆုံးသူ ၂၁၂,၀၀၀ နီးပါးရှိသည်။

ကူးစက်မှုနှုန်း ဒုတိယအမြင့်ဆုံးနိုင်ငံမှာ ဘရာဇီးဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်သန်းကျော်၊ သေဆုံးသူ ၅၀,၀၀၀ နီးပါး ရှိသည်။ လက်တင်အမေရိကနှင့်ကာရစ်ဘီ ယန်ဒေသတို့တွင် COVID-19 အတည်ပြု လူနာစုစုပေါင်း နှစ်သန်းကျော်သွားခဲ့ပြီဖြစ် သည်။ ချီလီနိုင်ငံတွင် ဗိုင်းရပ်စ်ကြောင့် သေ ဆုံးသူအရေအတွက်မှာ နှစ်ဆကျော်ခုန်တက် ကာ ၇ç၀၀၀ ကျော်သွားခဲ့ပြီး မက္ကဆီကိုနိုင်ငံ တွင် သေဆုံးသူ ၂၀,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။       

 

 

Most Read

Most Recent