မြောက်ကိုရီးယားသည် အင်ဒို-ပစိဖိတ်ဒေသကို ကြီးမားသောခြိမ်းခြောက်မှု ပြုလုပ်နေဆဲဖြစ်ကြောင်း ပင်တဂွန်မှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် အင်ဒို-ပစိ ဖိတ်ဒေသကို ကြီးမားသောခြိမ်းခြောက်မှု ပြုလုပ်နေဆဲဖြစ်ကာ ယင်းသည် မိမိတို့အား သတိဝီရိယဖြင့် ဆက်လက်နေရန် နှိုးဆော် နေခြင်းဖြစ်သည်ကို မကြာသေးမီရက်များအ တွင်း မိမိတို့ သိသိသာသာ သတိထားမိခဲ့ကြ ကြောင်း အင်ဒို-ပစိဖိတ်ဒေသလုံခြုံရေးကိစ္စ ရပ်များဆိုင်ရာ လက်ထောက် ကာကွယ်ရေး ဝန်ကြီး ဒေးဗစ်ဟယ်ဗေးက ဆိုသည်။
“ လာမယ့်ရက်အနည်းငယ်မှာ၊ လာ မယ့် သီတင်းပတ်တွေမှာ ဘာတွေ ဖြစ်လာ မယ်ဆိုတာ ပြောဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ ဘယ်လို ခြိမ်းခြောက်မှုမျိုးကိုမဆို၊ ဘယ်လို ရန်စမှုမျိုးကိုမဆို တုံ့ပြန်ဖို့ သတိရှိရှိနဲ့ ဆက် လက်နေထိုင်ဖို့ အရေးကြီးတယ်လို့ ကျွန် တော်ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ ပူးတွဲဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဇွန် ၁၆ ရက်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး နောက် ရက်ပိုင်းအကြာတွင် ပင်တဂွန်တာ ဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ထွက်ရှိလာ ခြင်းဖြစ်သည်။
တောင်ကိုရီးယားတွင် တပ်စွဲထား သည့် အမေရိကန်စစ်အင်အားကို တိုးမြှင့် ရန်တောင်းဆိုမှုများ၊ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အစီအစဉ်နှင့်ပတ် သက်၍ အမေရိကန်နှင့်မြောက်ကိုရီးယား အကြားဆွေးနွေးပွဲများဖြစ်မြောက်လာစေ ရန်အတွက် ရပ်ဆိုင်းထားခဲ့သည့် အမေရိကန် တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု များပြန်လည်စတင်ခြင်း ကိစ္စနှင့်စပ်လျဉ်း၍ မေးမြန်းမှုကို ဟယ်ဗေးက သတိထား ဖြေ ကြားခဲ့သည်။
မည်သည့်ဆုံးဖြတ်ချက်မျှ မချမှတ်ရ သေးမီ ၎င်းအနေဖြင့် ကြိုတင်၍ မှတ်ချက် မပြုလိုကြောင်း၊ သို့သော် ထို ကိစ္စရပ်သည် မိမိတို့၏ မဟာမိတ် တောင်ကိုရီးယားနှင့် မကြာခဏဆွေးနွေးနေသော အကြောင်း အရာများထဲတွင် အပါအဝင်ဖြစ်ပြီး ရှင်းရှင်းလင်းလင်းပြောရလျှင် ထိုကိစ္စရပ်များသည် အင်ဒို-ပစိဖိတ်ဒေသတစ်ဝန်းတွင်ရှိ သော မိမိတို့၏အကျိုးစီးပွားနှင့် တည်ငြိမ် အေးချမ်းရေးကို ကာကွယ်စောင့်ရှောက်ရာ တွင် အထောက်အပံ့ပေးသည့် အရေးကြီး ကိစ္စရပ်များဖြစ်ကြောင်း ဟယ်ဗေးက ပြော ကြားခဲ့သည်။
မြောက်ကိုရီးယားနယ်နိမိတ်အတွင်း သို့ အစိုးရဆန့်ကျင်ရေးလက်ကမ်းစာစောင် များ ကြဲချသော မြောက်ကိုရီးယားပြည်ပြေး များ၏လုပ်ရပ်ကို မြောက်ကိုရီးယားအစိုးရ အဖွဲ့က ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ယင်း ကိစ္စကြောင့် ကိုရီးယားကျွန်းဆွယ်၌ တင်း မာမှုများမြင့်တက်နေစဉ် ဇွန် ၁၆ ရက်တွင် မြောက်ပိုင်း ကေဆောင်းစက်မှုဇုန်နယ်မြေ အတွင်းရှိ တောင်-မြောက်နှစ်နိုင်ငံပူးတွဲ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဖောက်ခွဲဖျက်ဆီးခဲ့သည်။
ပူးတွဲဆက်ဆံရေးရုံး ဖောက်ခွဲဖျက်ဆီး ခံရမှုသည်မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်၏ညီမဖြစ်သူ ကင်ယိုဂျုံ၏ ခြိမ်းခြောက်မှုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံပူးတွဲ ဆက်ဆံရေးရုံးကို အသုံးမဝင်သောရုံးဟု ခေါ်ဆိုလျက် ထိုရုံးကို ဖျက်ဆီးပစ်မည်ဟု ကင်ယိုဂျုံက ပြီးခဲ့သည့်သီတင်းပတ်တွင် ခြိမ်းခြောက်ခဲ့သည်။
ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှု များမြင့်တက်နေသည့်ကိစ္စကြောင့် တောင် ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ကင်ယွန်ချူသည် ဇွန် ၁၉ ရက်တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ကင်ယွန်ချူ၏ နုတ်ထွက်စာတင်မှုကို တောင် ကိုရီးယားသမ္မတမွန်းဂျေအင်းက လက်ခံခဲ့ ကြောင်း သမ္မတရုံး အိမ်ပြာတော်က ထုတ် ပြန်ခဲ့သော်လည်း အသေးစိတ်အချက်အ လက်များကို မဖော်ပြခဲ့ပေ။
တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးဆိုးရွားလာမှုအတွက် ၎င်းင်းတွင် တာဝန်ရှိကြောင်းပြောကြားလျက် ကင်ယွန် ချူသည် နှစ်နိုင်ငံပူးတွဲဆက်ဆံရေးရုံး ဖောက်ခွဲခံရပြီးနောက် တစ်ရက်အကြာ ဇွန် ၁၇ ရက်တွင် နုတ်ထွက်စာတင်သွင်းခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားသည် ပြည်တွင်း စည်းလုံးညီညွတ်မှု တည်ဆောက်ရန်နှင့် သံတမန်ရေး မအောင်မြင်မှုများ၊ ကပ်ရောဂါ ကာလအတွင်း ပိုမိုဆိုးရွားလာဖွယ်ရှိသည့် နိုင်ငံ့စီးပွားရေးအခြေအနေအပေါ် အာရုံ စိုက်နေသော ပြည်သူလူထုကို အာရုံလွှဲရန် အတွက် တောင်ကိုရီးယားအပေါ် ဖိအား တိုးမြှင့်ခြင်းဖြင့် ပဋိပက္ခဖြစ်ပွားစေရန် ကြိုး ပမ်းနေသည်ဟု ယူဆရကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။















