နည်းပြ အင်ဇာဂီနှင့် တိုက်စစ်မှူး အီမိုဘီလီကို လာဇီယို သက်တမ်းတိုးမည်

နည်းပြ အင်ဇာဂီနှင့် တိုက်စစ်မှူး အီမိုဘီလီကို လာဇီယို သက်တမ်းတိုးမည်
Published 15 June 2020

လာဇီယိုအသင်းသည် နည်းပြ အင်ဇာ ဂီနှင့် အဓိကတိုက်စစ်မှူး အီမိုဘီလီကို စာချုပ်သက်တမ်းတိုးရန်စီစဉ်နေသည်။

နည်းပြ အင်ဇာဂီသည် လာဇီယိုအသင်းအမြဲတမ်းနည်းပြအဖြစ် ၂၀၁၆ ခုနှစ်တွင် စတင်တာဝန်ယူခဲ့ပြီး ကိုပါအီတာလီယာ (၁)ကြိမ်နှင့် အီတလီစူပါဖလား (၂)ကြိမ် ဆွတ်ခူးပေးထား သည်။

ယခုအခါ လာဇီယိုအသင်းသည် ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် အင်ဇာဂီကို လာမည့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်သည်။  

ထို့ပြင် လာဇီယိုအသင်းသည် အင်ဇာဂီ၏ တစ်နှစ်လစာကို ယူရို (၂ .၅)သန်းမှ ယူရို (၃) သန်းအထိ တိုးမြှင့်ပေးသွားရန် စီစဉ် ထားသည်။

အသက် (၃၀)အရွယ် တိုက်စစ်မှူး အီမိုဘီလီကိုမူ လာဇီယိုအသင်းသည် လာမည့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးရန်စီစဉ်နေသလို၊ တစ်နှစ်လစာကိုလည်း တိုးမြှင့်ပေးသွားမည်ဖြစ်သည်။

အီမိုဘီလီကိုခေါ်ယူရန် မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်တို့အပါအဝင် ဥရောပထိပ်သီးအသင်းများ စိတ်ဝင်စားနေချိန်တွင် လာဇီယိုအသင်းက စာချုပ်သက်တမ်းတိုးရန် စီစဉ် နေခြင်းလည်းဖြစ်သည်။

Most Read

Most Recent