ယနေ့ညယှဉ်ပြိုင်ကစားမည့် စပိန်လာလီဂါပွဲစဉ် (၂၈)ပွဲကြိုသုံးသပ်ချက်

ယနေ့ညယှဉ်ပြိုင်ကစားမည့် စပိန်လာလီဂါပွဲစဉ် (၂၈)ပွဲကြိုသုံးသပ်ချက်
Photo : AFP
Photo : AFP
Published 11 June 2020

ဆီဗီလာ နှင့် ဘက်တစ် (၁၂-၆-၂၀၂၀ နံနက် ၂:၃၀ နာရီ)

ပြန်လည်စတင်ခဲ့တဲ့ လာလီဂါပြိုင်ပွဲ ပွဲစဉ် (၂၈)ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးပွဲကတော့ ဆီဗီးလ်ဒါဘီပွဲစဉ်ပါပဲ။ လက်ရှိအချိန်မှာ ဆီဗီလာအသင်းက ရပ်တည်မှု၊ ကစားသမားအင်အားနဲ့ အခြေအနေအရပ်ရပ်မှာ အားသာနေပေမယ့် ဆီဗီးလ်ဒါဘီပွဲတိုင်းမှာတော့ ဘက်တစ်က သူတို့ကို အမြဲအခက်တွေ့စေဖို့ အသင့်ရှိနေတာကို သတိပြုရပါမယ်။ ဆီဗီလာအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဆိုင်မှုက အရေးပါနေတာကြောင့် လက်ကျန်(၁၁)ပွဲမှာ အမှတ်ရနိုင်သလောက်ရအောင် ကြိုးစားမှာဖြစ်ပြီး အခုလိုအိမ်ကွင်းပွဲကိုလည်း အမှားခံမယ်မထင်ပါဘူး။ ဘက်တစ်ကတော့ မျှော်လင့်ချက်ရေရေရာရာမရှိပေမယ့် ဒါဘီပွဲစဉ်မှာတော့ အိမ်ရှင်ကို အကောင်းဆုံးတုံ့ပြန်ကစားဖို့ ပြင်ဆင်လာမှာပါ။ နှစ်သင်းစလုံးအတွက် တစ်ကျော့ပြန်အဖွင့်လှဖို့ အရေးပါနေပြီး ဆီဗီလာနဲ့ ဂိုးအနည်းပဲ ရွေးချင်တယ်။

ပထမအကျော့ရလဒ်

ဘက်တစ် ၁-၂ ဆီဗီလာ

ပြီးခဲ့သည့်ရာသီ လာလီဂါတွေ့ဆုံမှု

ဘက်တစ် ၁-၀ ဆီဗီလာ

ဆီဗီလာ ၃-၂ ဘက်တစ်