MFF Knock-Out Cup ပြိုင်ပွဲတွင် ချန်ပီယံဖြစ်သည့်အသင်း ၂၀၂၁ အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်

MFF Knock-Out Cup ပြိုင်ပွဲတွင် ချန်ပီယံဖြစ်သည့်အသင်း ၂၀၂၁ အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်
Photo: EMG
Photo: EMG
Published 10 June 2020

MFF သည် ယခင်က နှစ်လယ်ပိုင်းမတိုင်မီ ကျင်းပသည့် MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင် ချန်ပီယံဆုရသည့်အသင်း အား အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့သော်လည်း ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် Open Cup ပြိုင်ပွဲကျင်းပနိုင်ခြင်းမရှိသော ကြောင့် ယင်းပြိုင်ပွဲအစား ကျင်းပမည့် MFF Knock-Out Cup ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်း အား ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။ 

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူးကျင်းပမည့် MFF Knock-Out Cup ဖူဆယ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်သည့် အသင်းမှာ ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်းသိရသည်။

MFF သည် ယင်းပြိုင်ပွဲကို ဇူလိုင် သို့မဟုတ် သြဂုတ်တွင် စတင်ကျင်းပရန် စီစဉ်ထား ပြီး ရန်ကုန်နှင့် မန္တလေးမြို့မှ ဖူဆယ်ကလပ် အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ MFF သည် ယခင်က နှစ်လယ်ပိုင်းမတိုင်မီ ကျင်းပသည့် MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင် ချန်ပီယံဆုရသည့်အသင်း အား အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့သော်လည်း ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် Open Cup ပြိုင်ပွဲကျင်းပနိုင်ခြင်းမရှိသော ကြောင့် ယင်းပြိုင်ပွဲအစား ကျင်းပမည့် MFF Knock-Out Cup ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်း အား ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။ 

" ဒီနှစ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ Open Cup ပြိုင်ပွဲက ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ကျင်းပ နိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် MFF Knock-Out  ပြိုင်ပွဲအမည်နဲ့ ကျင်းပမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းကို လာမယ့်နှစ်မှာကျင်းပမယ့် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှာပါ" ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားခဲ့သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး MFF အနေဖြင့် ယခင်က ဖူဆယ်လိဂ်ချန်ပီယံ အသင်းကို ယှဉ်ပြိုင်ခွင့်ပြုခဲ့သော်လည်း Open Cup ပြိုင်ပွဲ ကျင်းပပြီးနောက်ပိုင်း Open Cup ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းကို သာ ဦးစားပေးယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။ ဖူဆယ်လိဂ်ချန်ပီယံအသင်းကို အာရှ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဦးစားပေးယှဉ်ပြိုင်စေ ခြင်းဖြစ်သည်။ 

အာဆီယံ ဖူဆယ်ကလပ် ချန် ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာကလပ်အသင်းများ အနက် MIU (ယခင် MIC) အသင်းက လေးကြိမ်၊ PU အသင်းက တစ်ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး MIU အသင်းက လေးကြိမ် စလုံး တတိယဆုရခဲ့ကာ PU အသင်းမှာမူ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

ယခုနှစ်တွင်ကျင်းပမည့် အာရှနှင့် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲနှစ်ခုစလုံးတွင် လိဂ်နှင့် Open Cup ပြိုင်ပွဲနှစ်ခုစလုံး ဗိုလ်စွဲထားသည့် MIU အသင်းက ယှဉ်ပြိုင်ခွင့်ရထားသော်လည်း ပြိုင်ပွဲတစ်ခုသာ ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် MFF နှင့် ညှိနှိုင်းကာ ဆုံး ဖြတ်သွားမည်ဖြစ်သည်။ MIU အသင်းမယှဉ် ပြိုင်သည့် ပြိုင်ပွဲတွင် ဒုတိယဆုရသည့် VUC အသင်းက ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။    

Most Read

Most Recent