ဆန္ဒပြသူများမှာ လူမျိုးရေးခွဲခြားမှုဗိုင်းရပ်စ်၏ ကာကွယ်ဆေးဖြစ်သည်ဟု ဂျိုရှူအာ မှတ်ချက်ပြု

ဆန္ဒပြသူများမှာ လူမျိုးရေးခွဲခြားမှုဗိုင်းရပ်စ်၏ ကာကွယ်ဆေးဖြစ်သည်ဟု ဂျိုရှူအာ မှတ်ချက်ပြု
Published 9 June 2020

Black Lives Matter လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲခဲ့သည့် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာက ဆန္ဒပြသူများမှာ လူမျိုးရေးခွဲခြားမှုဗိုင်းရပ်စ်၏ကာကွယ်ဆေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

Black Lives Matter လှုပ်ရှားမှုကို ဇွန်လ(၆)ရက်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြုလုပ်ခဲ့ပြီး ယင်းဆန္ဒပြပွဲတွင် ဂျိုရှူအာက မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

''ဗိုင်းရပ်စ်ကို ကပ်ဘေးရောဂါအဖြစ် ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်က ထိန်းချုပ်လို့ မရခဲ့ပါဘူး။ ကျွန်တော်ပြောနေတာ COVID-19 ဗိုင်းရပ်စ်အကြောင်း မဟုတ်ပါဘူး။ ကျွန်တော် ရည်ညွှန်းတဲ့ဗိုင်းရပ်စ်က လူမျိုးရေးခွဲခြားမှုလို့ ခေါ်ပါတယ်။ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လူမျိုးရေးခွဲခြားမှု ပျံ့နှံ့နေတာတွေကို ဘယ်လောက်ကြာကြာ ခွင့်ပြုရဦးမှာလဲ။ ခင်ဗျားဟာ ကာကွယ်ဆေးဖြစ်သလို၊ ကျွန်တော်လည်း ကာကွယ်ဆေးပါပဲ။ လူတစ်ဦးကို သတ်ဖြတ်တာဟာ ခွင့်လွှတ်လို့မရပါဘူး''ဟု ဂျိုရှူအာက ပြောကြားခဲ့သည်။

ယင်းဆန္ဒပြပွဲတွင် ဂျိုရှူအာမှာ ချိုင်းထောက်ဖြင့် လမ်းလျှောက်ခဲ့ပြီး Scooter ကိုလည်း အသုံးပြုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်က ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေးအစီအစဉ်တွင် ဂျိုရှူအာမှာ ဘယ်ဘက်ဒူးတွင် စူးခနဲနာကျင်ကိုက်ခဲမှုဝေဒနာခံစားခဲ့ရသဖြင့် ချိုင်းထောက် အကူအညီယူခဲ့ရခြင်းလည်းဖြစ်သည်။

''ဒီဒဏ်ရာကို ကျွန်တော့်ရဲ့ဆရာဝန်တွေနဲ့ စစ်ဆေးစမ်းသပ်မှုတွေ လုပ်ဆောင်ပါလိမ့်မယ်။ သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး။ အခုလိုလုပ်ဆောင်တာဟာလည်း ဆရာဝန်တွေရဲ့အကြံÓဏ်ကြောင့် ကြိုတင်ကာကွယ်မှုပြုလုပ်တာပဲ ဖြစ်ပါတယ်''ဟု IBF၊ WBOနှင့် WBA(Super)ချန်ပီယံ ဂျိုရှူအာက ပြောကြားခဲ့သည်။

 

Most Read

Most Recent