လာမည့်ရာသီတွင် ဆန်ချိုကိုခေါ်ယူနိုင်ခဲ့လျှင် ဒန်နီယဲလ်ဂျိမ်းစ်ကို မန်ယူ အငှားချမည်

လာမည့်ရာသီတွင် ဆန်ချိုကိုခေါ်ယူနိုင်ခဲ့လျှင် ဒန်နီယဲလ်ဂျိမ်းစ်ကို မန်ယူ အငှားချမည်
Published 8 June 2020

မန်ယူအသင်းသည် အသင်း၏ဝေးလ်စ်တောင်ပံကစားသမား ဒန်နီယဲလ်ဂျိမ်းစ် (၂၂ နှစ်)အား လာမည့်ရာသီတွင် အငှားချရန် စီစဉ်ထားကြောင်း သိရှိရသည်။

မန်ယူအသင်းသည် လက်ရှိတွင် ဒန်နီယဲလ်ဂျိမ်းစ်အား လစာငွေတိုးမြှင့်ကာ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်လျက်ရှိနေကြောင်း သိရသည်။

လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ဒေါ့မွန်မှ ဆန်ချိုအပါအဝင် ထိပ်တန်းကစားသမားအချို့ကိုခေါ်ယူရန် ပစ်မှတ်ထားနေသော မန်ယူအသင်းသည် အသင်းသို့ ကစားသမားသစ်များ ရောက်ရှိလာပါက ဒန်နီယဲလ်ဂျိမ်းစ်ကို အငှားချရန် စီစဉ်နေခြင်းဖြစ် သည်။

ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဆွမ်ဆီးမှ မန်ယူအသင်းသို့ ပေါင်(၁၅)သန်းဖြင့်ရောက်ရှိလာသော ဒန်နီယဲလ်ဂျိမ်းစ်သည် ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ (၃၇)ပွဲကစားကာ (၄)ဂိုး သွင်းယူပေးခဲ့သည်။

ဒန်နီယဲလ်ဂျိမ်းစ်သည် လက်ရှိတွင် မန်ယူအသင်း၌ ပုံမှန်နေရာရနေပြီး ပြိုင်ပွဲစုံ (၃၇)ပွဲကစားခွင့်ရထားကာ ယင်းထဲမှ (၄)ပွဲသာ လူစားဝင်ကစားခဲ့ခြင်းဖြစ်သည်။

 

 

Most Read

Most Recent