အင်တာမီလန်မှ ၀ါရင့်နောက်ခံလူ ဂိုဒင်အား မန်ယူ၊ အဲဗာတန်နှင့် အပြိုင် စပါးစိတ်ဝင်စား

အင်တာမီလန်မှ ၀ါရင့်နောက်ခံလူ ဂိုဒင်အား မန်ယူ၊ အဲဗာတန်နှင့် အပြိုင် စပါးစိတ်ဝင်စား
Published 8 June 2020

စီးရီးအေကလပ် အင်တာမီလန်အသင်းတွင် ကစားနေသော ဥရုဂွေးဝါရင့်နောက်ခံလူ ဂိုဒင် (၃၄ နှစ်)အား ခေါ်ယူရန် မန်ယူ၊ အဲဗာတန်အသင်းတို့နှင့်အပြိုင် စပါးအသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

ဂိုဒင်သည် စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းတွင် အဓိကကစားသမားတစ်ဦးအဖြစ် (၉)နှစ်ကြာကစားခဲ့သော်လည်း အင်တာမီလန်အသင်းတွင်မူ ပုံမှန်နေရာရရန် ရုန်းကန်နေရ ပြီး ယခုရာသီ၌ စီးရီးအေပွဲ (၁၂)ပွဲသာ ကစားခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။ 

စပါးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာတော့မည့် ဘယ်လ်ဂျီယံနောက်ခံလူ ဗာတွန်ဂန်၏နေရာတွင် ပြန်လည်အစားထိုးရန် ဂိုဒင်ကို မျက်စိကျနေခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ဂိုဒင်သည် ဥရုဂွေးလက် ရွေးစင်အသင်းသမိုင်းတစ်လျှောက် ပွဲအများ ဆုံးကစားထားသူအဖြစ် (၁၃၅)ပွဲကစားကာ စံချိန်တင်ထားသူဖြစ်သည်။

အင်တာမီလန်နည်းပြ ကွန်တီသည် အပြောင်းအရွှေ့ကာလဖွင့်လှစ်ချိန်တွင် ဂိုဒင်အတွက် ကမ်းလှမ်းမှုများကို စဉ်းစားသွားမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဂိုဒင်သည် အင်တာမီလန်အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ပြောင်းရွှေ့ကြေး ပေါင် (၆)သန်းမှ (၈)သန်းအကြားရရှိလျှင် အသင်းမှ ရောင်းချဖွယ်ရှိနေသည်။

Most Read

Most Recent