ငွေကြေးအကျပ်အတည်းကြောင့် ဥရောပတစ်လွှားရှိ ကစားသမားရှာဖွေရေး ကင်းထောက်များအား အာဆင်နယ်အသင်း စာချုပ်သစ်ချုပ်မည်မဟုတ်

ငွေကြေးအကျပ်အတည်းကြောင့် ဥရောပတစ်လွှားရှိ ကစားသမားရှာဖွေရေး ကင်းထောက်များအား အာဆင်နယ်အသင်း စာချုပ်သစ်ချုပ်မည်မဟုတ်
Published 8 June 2020

အာဆင်နယ်အသင်းသည် ငွေ ကြေးအကျပ်အတည်းကြောင့် ဥရောပတစ်လွှားရှိကင်းထောက်များအား စာချုပ်သစ်ချုပ်ဆိုတော့မည်မဟုတ်ကြောင်း သိရှိရသည်။ 

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် အာဆင်နယ်အသင်းမှာ ဘဏ္ဍာရေးထိခိုက်မှုကို ကြီးမားစွာ ကြုံတွေ့ခဲ့ရပြီး အသင်း၏ ထွက်ငွေများလျှော့ချရန်အတွက် ဥရောပတစ်လွှားရှိ လူငယ်ကစားသမားရှာဖွေရေးကင်းထောက်(၁၀)ဦးကို စာချုပ်ရပ်ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။ 

အချိန်ပိုင်းဝန်ထမ်းများအဖြစ် ဆောင်ရွက်နေသော ယင်းကင်းထောက်များမှာ အာဆင်နယ်အသင်းအတွက် ဆာကာ၊  မိန့်လန်းနိုင်းစ်၊ ရီးစ်နယ်လ်ဆင်၊ စမစ်ရိုဝီအစရှိသည့် အရည်အသွေးရှိ လူငယ်ကစားသမားများကို ရှာဖွေပေးနိုင်ခဲ့သူများဖြစ်သည်။ 

၎င်းတို့ထံ အာဆင်နယ်အသင်းက အီးမေးလ်များ ပေးပို့ခဲ့ပြီး ယခု ဇွန်လကုန်တွင် သက်တမ်းကုန်ဆုံးမည့်စာချုပ်များအား ထပ်မံသက်တမ်းတိုးတော့မည်မဟုတ်ဟု အသိပေးခဲ့ကြောင်း သိရှိရသည်။ 

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း အသင်းအကယ်ဒမီရှိ ကစားသမားဖြည့်တင်းရေးဌာနမှ ဝန်ထမ်းအချို့ကိုလမ်းခွဲခဲ့ပြီး ယခုဥရောပကင်းထောက်များနှင့်ထပ်မံလမ်းခွဲခြင်းဖြစ်သည်။ 

သို့သော် အာဆင်နယ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးကာလအတွင်း အသင်းရှိဝန်ထမ်းများအား လစာငွေရပ်ဆိုင်းခြင်း မပြုလုပ်ခဲ့ဘဲ နည်းပြ အာတီတာနှင့်ကစားသမားများက အသင်းထံမှလစာငွေများကို လျှော့ယူပေးခဲ့ကြကြောင်း သိရှိရသည်။ 

Most Read

Most Recent