ဗြိတိန်တွင် လူကြိုက်အများဆုံးအသင်းမှာ လီဗာပူးလ်ဖြစ်ကြောင်း စစ်တမ်းတစ်ရပ် ဖော်ပြ

ဗြိတိန်တွင် လူကြိုက်အများဆုံးအသင်းမှာ လီဗာပူးလ်ဖြစ်ကြောင်း စစ်တမ်းတစ်ရပ် ဖော်ပြ
Photos: Getty Images & YouGovSport
Photos: Getty Images & YouGovSport
Published 5 June 2020

လီဗာပူးလ်အသင်းသည် ဗြိတိန်တွင် လူကြိုက်အများဆုံးအသင်းအဖြစ် အခါးသီးဆုံးပြိုင်ဘက် မန်ယူကို ကျော်ကာ ရပ်တည်ခဲ့ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ဗြိတိန်တွင် လူကြိုက်အများဆုံးအသင်းအဖြစ် အခါးသီးဆုံးပြိုင်ဘက် မန်ယူကို ကျော်ကာ ရပ်တည်ခဲ့ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။ 

YouGov ဝက်ဘ်ဆိုက်က ပြုလုပ်သည့် စစ်တမ်းအရ ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိရန် သေချာသလောက်ရှိနေသည့် လီဗာပူးလ်အသင်းကို ဗြိတိန်လူဦးရေ၏ (၈.၃)ရာခိုင်နှုန်းက အားပေးကြကြောင်း သိရသည်။ 

YouGov သည် အချက် (၁၆)ချက်ကို အခြေခံကာ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ယင်းထဲတွင် အသင်း၏စီမံခန့်ခွဲမှုအပိုင်း၊ ကစားသမားနှင့် နည်းပြများ၏ စွမ်းဆောင်ရည်၊ ပရိသတ်များ၏ အားပေးမှု၊ အသင်း၏ သမိုင်းအစဉ်အလာနှင့် အောင်မြင်မှု စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။ 

ယင်းစစ်တမ်းတွင် ဘောလုံးပရိသတ်များကို ၎င်းတို့အားပေးသည့် အသင်းများအား မေးမြန်းခဲ့ခြင်းဖြစ်ပြီး လီဗာပူးလ်အသင်းနောက်တွင် မန်ယူအသင်းက (၆)ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ၌ ရပ်တည်နေသည်။ 

တတိယနေရာတွင် ချယ်လ်ဆီးအသင်းက (၃) ရာခိုင်နှုန်းဖြင့် ရပ်တည်နေပြီး အဆင့် (၄) တွင် မန်စီးတီး၊ အဆင့် (၅) တွင် အာဆင်နယ်နှင့် အဆင့် (၆) နေရာတွင် စပါးအသင်းတို့က အသီးသီး ရပ်တည်ခဲ့ကြကြောင်း သိရသည်။ 

Most Read

Most Recent