လိုက်ပ်ဇစ်တိုက်စစ်မှူး ဗာနာကို ဇွန် ၁၅ ရက်မတိုင်မီ ခေါ်ယူပါက ယူရို ၅၅ သန်းသာ ပေးချေရမည်

Published 4 June 2020

လိုက်ပ်ဇစ်အသင်းတိုက်စစ်မှူး ဗာနာကို ခေါ်ယူလိုသည့်အသင်းများအနေဖြင့် ဇွန် ၁၅ ရက်မတိုင်မီ ခေါ်ယူပါက ယူရို ၅၅ သန်း (ပေါင် ၄၉ သန်း) သာ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီလက်ရွေးစင်ကစားသမား ဗာနာ (၂၄ နှစ်) သည် ပုံမှန်ပွဲထွက်ခွင့်နှင့် ချန်ပီယံလိဂ်ဝင်ခွင့်ရမည့်အသင်းသို့ ပြောင်းရွှေ့ခွင့်ရရန် ဆန္ဒရှိနေပြီး လီဗာပူးလ်အသင်းမှာ ၎င်း၏ ပထမဦးစားပေးကလပ်ဖြစ်ကြောင်း ပြောကြားထားသည်။

၎င်း၏စာချုပ်မှာ ၂၀၂၃ ခုနှစ်အထိ ကျန်ရှိနေသော်လည်း ဇွန် ၁၅ ရက်မတိုင်မီ ခေါ်ယူပါက စာချုပ်လျော်ကြေး ယူရို ၅၅ သန်းသာ ပေးချေရမည်ဖြစ်သည်။

၎င်းအားခေါ်ယူရန် မန်ယူနှင့် ချယ်လ်ဆီးတို့ က စိတ်ဝင်စားနေသော်လည်း လီဗာပူးလ် အသင်းကမူ စာချုပ်လျော်ကြေးအတိုင်း ပေး ချေရန် ဆန္ဒမရှိကြောင်း သိရသည်။

လိုက်ပ်ဇစ်အသင်းနည်းပြ နာဂယ်စ်မန်းကလည်း ဗာနာကို လက်လွှတ်ရဖွယ်ရှိကြောင်း ကိုလုံးနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ဗာနာသည် ယခုရာသီတွင် လိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၁)ဂိုးအထိ သွင်းယူပေးထားသည်။

Most Read

Most Recent