ဘုန်းမြင့်ကျော်သည် အုပ်စုတွင်း(၇)ပွဲကစားပြီးချိန်တွင် (၆)ပွဲနိုင်၊ (၁)ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားပြီး လက်ရှိ အချိန်တွင်လည်း ထိပ်ဆုံးနေရာ၌ ဆက်လက်ဦးဆောင်လျက်ရှိသည်။ သို့သော် အခြားကစားသမားများမှာ လက်ကျန်ပွဲစဉ်များကစားရန် ကျန်ရှိနေသောကြောင့် ဘုန်းမြင့်ကျော်အနေဖြင့် ဒုတိယအဆင့် တက်ရောက်ထားပြီးဖြစ်သော်လည်း အုပ်စုပထမနေရာအတွက် အခြားကစားသမားများ၏ရလဒ်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီသည် Chinese 8 Ball ပြိုင်ပွဲ ပထမအဆင့် အုပ်စုနောက်ဆုံးပွဲတွင် ရှုံးပွဲကြုံတွေ့ခြင်းအတွက် ပရိသတ်များအား လူမှုကွန်ရက်မှတစ်ဆင့် တောင်းပန်စကားပြောကြားခဲ့ပြီး နောက်တစ်ဆင့်တွင် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘုန်းမြင့်ကျော်သည် ယခုပြိုင်ပွဲတွင် တောက် လျှောက်လက်စွမ်းပြကစားနိုင်ခဲ့သူဖြစ်ပြီး ပထမ အဆင့် အုပ်စုနောက်ဆုံးပွဲ၌ ရှုံးပွဲစတင်ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် အုပ်စုနောက် ဆုံးပွဲစဉ်အဖြစ် တရုတ်ကစားသမား ချူဘင်ဂျီနှင့် မေ (၃၁)ရက်က ယှဉ်ပြိုင်ကစားရာ (၁၁-၂၁) ပွဲ ဖြင့် ပွဲပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ " ဒီနေ့ကစားခဲ့တဲ့ပွဲမှာ ခွဲဘောတွေလည်း မဝင်ခဲ့သလို အခွင့်အရေးရတာလည်း နည်းခဲ့တယ်။ တစ်ဖက်ကစားသမားကလည်း ကစားတာ တော်တော်မြဲတယ်။ ဒါကြောင့် မျှော်လင့်ထားသလို မကစားနိုင်ခဲ့ပါဘူး။ အဲဒီအတွက် စိတ်မကောင်းဖြစ်ရသလို၊ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။ နောက်တစ်ဆင့်မှာ ဆက်ပြီးကြိုးစားသွားပါ့မယ်။ ဆက်ပြီးအားပေးကြပါဦး}} ဟု ဘုန်းမြင့်ကျော်က ပရိသတ်များအား ပြောကြားခဲ့သည်။

ဘုန်းမြင့်ကျော်သည် မေ (၃၁)ရက်က ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်အပြီးတွင် ပထမအဆင့် အုပ်စုပွဲစဉ်အားလုံး ပြီးဆုံးသွားပြီဖြစ်သည်။ ဘုန်းမြင့်ကျော်သည် အုပ်စုတွင်း(၇)ပွဲကစားပြီးချိန်တွင် (၆)ပွဲနိုင်၊ (၁)ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားပြီး လက်ရှိ အချိန်တွင်လည်း ထိပ်ဆုံးနေရာ၌ ဆက်လက်ဦးဆောင်လျက်ရှိသည်။ သို့သော် အခြားကစားသမားများမှာ လက်ကျန်ပွဲစဉ်များကစားရန် ကျန်ရှိနေသောကြောင့် ဘုန်းမြင့်ကျော်အနေဖြင့် ဒုတိယအဆင့် တက်ရောက်ထားပြီးဖြစ်သော်လည်း အုပ်စုပထမနေရာအတွက် အခြားကစားသမားများ၏ရလဒ်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရသည်။

Chinese 8 Ball ပြိုင်ပွဲ၏ ပထမအဆင့် အုပ်စုပွဲစဉ်များမှာ ဇွန်လဒုတိယပတ်ရောက်မှသာ ပြီးဆုံးမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် (၄)ဦး ထပ်မံ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပထမအဆင့်တွင် အ ဆင့် (၁)မှ (၃)အတွင်းရပ်တည်နိုင်သူ (၃)ဦးနှင့် Play-off အဆင့်မှ အနိုင်ရလာသူ (၁)ဦး၊ စုစု ပေါင်း (၄)ဦး ဒုတိယအဆင့် ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယအဆင့်တွင် အနိုင်ရမည့် ကစားသမား (၂)ဦးသည် ဗိုလ်လုပွဲဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရှုံးနိမ့်သူ (၂)ဦးမှာ တတိယနေရာလုပွဲ ဆက်လက်ယှဉ် ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။















