မိမိ၏ WLC ခရူဆာဝိတ်ချန်ပီယံကာကွယ်ပွဲကို အမေရိကန်နိုင်ငံတွင် ထိုးသတ်ရဖွယ်ရှိကြောင်း ဒေ့ဗ် ပြောကြား

မိမိ၏ WLC ခရူဆာဝိတ်ချန်ပီယံကာကွယ်ပွဲကို အမေရိကန်နိုင်ငံတွင် ထိုးသတ်ရဖွယ်ရှိကြောင်း ဒေ့ဗ် ပြောကြား
Photos : Dave Leduc Facebook
Photos : Dave Leduc Facebook
Published 2 June 2020

WLC ၏ ခရူဆာဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဒေ့ဗ်က ၎င်း၏ ချန်ပီယံကာကွယ်ပွဲကို အမေရိကန်နိုင်ငံတွင် ထိုးသတ်ရဖွယ်ရှိကြောင်း Overtime Heroic နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

ကနေဒါနိုင်ငံသား ဒေ့ဗ်သည် သူ၏ခရူဆာဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လက ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး UFC ကစားသမားဟောင်း ဆာ့ဘ်ဘတ်ဇင်စကီးကို အလဲထိုးကာ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ချန်ပီယံကာကွယ်ပွဲနှင့်ပတ်သက်၍ ဒေ့ဗ်က ''ကျွန်တော့်ရဲ့ ချန်ပီယံကာကွယ်ပွဲကို အမေရိကန်နိုင်ငံမှာ ထိုးသတ်ရမယ်လို့ ထင်ပါတယ်။ လက်ရှိအချိန်မှာတော့ ချန်ပီယံကာကွယ်ပွဲနဲ့ပတ်သက်ပြီး ဘာမှမပြောနိုင်သေးပေမယ့် ကျွန်တော်ကတော့ အဲဒီပွဲမှာ ကျွန်တော့်ရဲ့ ပိုကောင်းလာတဲ့စွမ်းရည်တွေကို ပြသချင်ပါသေးတယ်''ဟု ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံသား ဒေ့ဗ်သည် ကမ္ဘာ့တိုက်ခိုက်ရေးစာမျက်နှာတွင် မြန်မာ့လက်ဝှေ့နှင့်အတူ လူသိများလာခဲ့သော ဖိုက်တာတစ်ဦးဖြစ်သည်။

ဒေ့ဗ်သည် မြန်မာ့လက်ဝှေ့ကို ၂၀၁၆ ခုနှစ်တွင် စတင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ထွန်းထွန်းမင်း၊ တူးတူးစသော ထိပ်တန်းလက်ဝှေ့သမားများနှင့် ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

Most Read

Most Recent