မြန်မာကလပ်အသင်း ယှဉ်ပြိုင်ခွင့်ရထားသည့် အာရှကလပ်ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပမည့်ရက်ပြောင်းလဲ

မြန်မာကလပ်အသင်း ယှဉ်ပြိုင်ခွင့်ရထားသည့် အာရှကလပ်ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပမည့်ရက်ပြောင်းလဲ
Photo: EMG
Photo: EMG
Published 31 May 2020

ယခုနှစ်ပြိုင်ပွဲတွင် ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ချန်ပီယံ MIU အသင်း ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲပါ ယှဉ်ပြိုင်ခွင့်ရထားသောကြောင့် ပြိုင်ပွဲနှစ်ပွဲအနက် ယှဉ်ပြိုင်မည့်ပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ညှိနှိုင်း၍ ရွေးချယ်မည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ၂၀၂၀ အာရှကလပ်ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပမည့်ရက်ကို ပြောင်းလဲခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို ယူအေအီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ယခင်က သြဂုတ်တွင် စတင်ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ဒီဇင်ဘာသို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ AFCသည် ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက်မှ ၁၃ ရက်အထိ ကျင်းပရန် လျာထားကာ အာရှ နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်အခြေအနေ တည်ငြိမ်သွားပြီး အားကစားပြိုင်ပွဲများ ပုံမှန် အတိုင်းကျင်းပနိုင်သည့် အနေအထားရှိမှသာ ပြောင်းလဲထားသည့်ရက်အတိုင်း ကျင်းပနိုင်မည်ဖြစ်သည်။ 

ယခုနှစ်ပြိုင်ပွဲတွင် ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ချန်ပီယံ MIU အသင်း ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲပါ ယှဉ်ပြိုင်ခွင့်ရထားသောကြောင့် ပြိုင်ပွဲနှစ်ပွဲအနက် ယှဉ်ပြိုင်မည့်ပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ညှိနှိုင်း၍ ရွေးချယ်မည်ဖြစ်သည်။

MIU (ယခင် MIC) အသင်းသည် ၂၀၁၈ ပြိုင်ပွဲနှင့် ၂၀၁၉ ပြိုင်ပွဲတွင် ယှဉ်ပြိုင် ခွင့်ရသော်လည်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိ သောကြောင့် လိဂ်ပြိုင်ပွဲတွင် ဒုတိယရရှိသည့် VUC အသင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ VUC အသင်းသည် ယင်းပြိုင်ပွဲနှစ်ကြိမ်စလုံး တွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ MIU အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ခွင့်ရသည့် ပြိုင်ပွဲနှစ်ပွဲအနက် တစ်ပွဲသာ ယှဉ်ပြိုင် မည်ဖြစ်ပြီး ၎င်းတို့မယှဉ်ပြိုင်သည့်ပြိုင်ပွဲကို လိဂ်ပြိုင်ပွဲနှင့် MFF Open Cup ပြိုင်ပွဲ$ ဒုတိယဆုရရှိခဲ့သည့် VUC အသင်းက အစားထိုး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent