ဆန်းချက်ဇ်ကို အလိုက်ပေးပြီး ဆန်ချိုအား ခေါ်ယူရန်ရန် မန်ယူအသင်း စီစဉ်

ဆန်းချက်ဇ်ကို အလိုက်ပေးပြီး ဆန်ချိုအား ခေါ်ယူရန်ရန် မန်ယူအသင်း စီစဉ်
Photo : Daily Mail
Photo : Daily Mail
Published 28 May 2020

မန်ယူအသင်းသည် ဆန်ချက်ဇ်ကို အလိုက်ပေးပြီး ဒေါ့မွန်လူငယ်တောင်ပံကစားသမား ဆန်ချို်အား ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail  က ဖော်ပြခဲ့သည်။

ဥရောပထိပ်တန်းအသင်းကြီးများ အလိုရှိနေသည့် အင်္ဂလန်တောင်ပံကစားသမား ဆန်ချို (၂၀ နှစ်)အတွက် ဒေါ့မွန်အသင်းက ပေါင်သန်း (၁၀၀) ကျော် အလိုရှိနေကြောင်း သိရှိရသည်။

မန်ယူအသင်းသည် ဆန်ချိုအတွက် ဒေါ့မွန်အသင်း တောင်းဆိုသည့်စျေးကို လျှော့ချနိုင်ရန်အတွက် ဆန်းချက်ဇ်အား အလိုက်ပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ဆန်းချက်ဇ်၏ လစာငွေ မြင့်မားခြင်းက ဒေါ့မွန်အသင်း လက်ခံရန် အခက်အခဲဖြစ်လာနိုင်ကြောင်း Daily Mail  သတင်းစာက သုံးသပ်ဖော်ပြခဲ့သည်။

အာဆင်နယ်ကစားသမားဟောင်း ဆန်းချက်ဇ်သည် မန်ယူအသင်းတွင် တစ်ပတ် ပေါင်(၅)သိန်း ရရှိနေပြီး လက်ရှိတွင် အင်တာမီလန်အသင်း၌ အငှားကစားနေသူဖြစ်သည်။

မန်ယူနည်းပြ ဆိုးလ်ရှား၏အနာဂတ်အစီအစဉ်များတွင် ဆန်းချက်ဇ်မှာ မပါဝင်တော့ဘဲ လာမည့်အပြောင်းအရွှေ့ကာလတွင် ရောင်းချရန် စီစဉ်လျက်ရှိသည်။

မန်ယူအသင်းနှင့် သတင်းများဆက်တိုက်ထွက်နေသည့် ဆန်ချိုမှာမူ ဒေါ့မွန်အသင်းနှင့် စာချုပ်သက်တမ်း(၂)နှစ် ကျန်ရှိသေးကြောင်း သိရသည်။

ဆန်ချိုသည် ယခုရာသီ ဘွန်ဒစ်လီဂါပွဲစဉ်(၂၆)ပွဲ ကစားထားပြီး (၁၄)ဂိုးသွင်းကာ (၁၇)ဂိုး ဖန်တီးပေးခဲ့သည်။

 

Most Read

Most Recent