အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် ဖလားမရဖူးသည့် အကောင်းဆုံးကစားသမား(၅၀)ဦးကို Sky Sports ရွေးချယ်

အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် ဖလားမရဖူးသည့် အကောင်းဆုံးကစားသမား(၅၀)ဦးကို Sky Sports ရွေးချယ်
Photos : Sky Sports
Photos : Sky Sports
Published 12 May 2020

နာမည်ကျော်အားကစားသတင်း ဌာနတစ်ခုဖြစ်သည့် Sky Sports က အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် အမှတ်ပေးချန်ပီယံဆု လုံးဝမရရှိခဲ့ဖူးသည့် ကစားသမားများထဲမှ အကောင်းဆုံးကစားသမား(၅၀)ဦးစာရင်း ကို ရွေးချယ်ဖော်ပြခဲ့ကြောင်း သိရှိရ သည်။

Sky Sports ၏ ရွေးချယ်ပုံမှာ ယင်းကစားသမားများ၏ ကစားသမားဘဝတစ်လျှောက် ဖြတ်သန်းမှု၊ အောင်မြင်မှုများ အပေါ် မမူတည်ဘဲ ယင်းကစားသမားများ ပရီးမီးယားလိဂ်တွင် ကစားခဲ့သည့်အချိန်အတွင်း စွမ်းဆောင်ရည်ကိုသာ အဓိက ထားတွက်ချက်ခဲ့ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် ကမ္ဘာ့အဆင့်ကြယ်ပွင့်များဖြစ်ပြီး နိုင်ငံတကာနှင့် ဥရောပအဆင့် အောင်မြင်မှုများ ရရှိခဲ့သည့် ကစားသမားအချို့မှာ ယခုစာရင်းတွင် အဆင့်နောက်ပိုင်းရောက်နေသည်ကို တွေ့ရသည်။

ဥပမာအားဖြင့် ရုဒ်ဂူးလစ်၊ ယော်ကာအက်ဖ်၊ အဂ္ဂါဒေးဗစ်တို့ကဲ့သို့ ကစားသမားများသည် ယခုစာရင်းတွင် အင်္ဂလန်ကစားသမားများ၏ နောက်တွင် ရောက်နေခြင်းဖြစ်ပြီး ယင်းမှာ ကစားသမားဘဝအကျပိုင်းမှ ရောက်လာခြင်း၊ ကစားချိန်တို တောင်းခြင်းတို့နှင့်လည်း သက်ဆိုင်နေသည်။

ယင်းစာရင်းတွင် အင်္ဂလန်နှင့် ဝက်စ်ဟမ်းဂန္ထဝင်ကစားသမား ဘော်ဘီမိုးသည် ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ပြီး၊ ဒုတိယနေ ရာတွင် လီဗာပူးလ်အသင်း၏ နာမည်ကျော်အသင်းခေါင်းဆောင် ဂျရတ်က ရပ် တည်ခဲ့သည်။

အခြားလူသိများသည့် ကစားသမားများမှာ ဂတ်စ်ကွိုင်နီ၊ လိုင်နီကာ၊ ကာရေဂါ၊ ဇိုလာ၊ ဒီကာနီယို၊ ရော်ဘီဖောင် လာ၊ အလွန်ဆို၊ ဒေးရွှမ့်စ်၊ ဗီယာလီ၊ ဒက် ဆယ်လီ၊ ဂျူနင်ဟိုတို့ဖြစ်သည်။

Sky Sports ၏ အမှတ်ပေးဖလားမရဖူးသည့်အကောင်းဆုံးကစားသမား(၅၀)စာရင်း

အဆင့်    အမည်

    ၁    ဘော်ဘီမိုး

    ၂    ဂျရတ်

    ၃    ဂတ်စ်ကွိုင်နီ

    ၄    ဂျော့ဖ်ဟတ်စ်

    ၅    လိုင်နီကာ

    ၆    ဂျင်မီဂရိဗ်စ်

    ၇    ဂလင်းဟော်ဒယ်

    ၈    ကာရေဂါ

    ၉    ဇိုလာ

    ၁၀    လီတစ်ဆီယာ

    ၁၁    ထရီဗာဘရွတ်ကင်း

    ၁၂    စတူးဝပ်ပီယာ့စ်

    ၁၃    စတန်လေမက်သယူး

    ၁၄    ဒီကာနီယို

    ၁၅    လီယမ်ဘရက်ဒီ

    ၁၆    ရော်ဘီဖောင်လာ

    ၁၇    ဂျီနိုလာ

၁၈    အာဒီးလက်စ်

    ၁၉    ပေါလ်မက်ဂရက်

    ၂၀    တွမ်ဖင်နေး

    ၂၁    အလွန်ဆို

    ၂၂    ဂေါ်ဒွန်ဘန့်ခ်

    ၂၃    ခရစ္စဝါဒယ်လ်

    ၂၄    ပတ်ဂျန်းနင်းစ်

    ၂၅    မက်မက်နာမန်

    ၂၆    လော့ဖ်ဟောက်စ်

    ၂၇    ရေးဝီလ်ကင်စ်

    ၂၈    ဒေးရွှမ့်စ်

    ၂၉    ဒက်စ်ဝေါ်လ်ကာ

    ၃၀    ဗီယာလီ

    ၃၁    လက်ဒလေကင်း

    ၃၂    ဒက်ဆယ်လီ

    ၃၃    စတန်ဘိုးလ်စ်

    ၃၄    ဘီလီဘွန်းစ်၃၅    စတိဗ်ပယ်ရီမန်း

    ၃၆    နော်မန်ဝှိုက်ဆိုက်

    ၃၇    ဂျူနင်ဟို

    ၃၈    တိုနီကာရီ

    ၃၉    အဂ္ဂါဒေးဗစ်

    ၄၀    ရော်ဘီကင်း

    ၄၁    အိုကိုချာ

    ၄၂    ကလိုက်ဗ်အယ်လန်

    ၄၃    ရော့ဒ်နေးမာ့ရှ်

    ၄၄    ယော်ကာအက်ဖ်

    ၄၅    တယ်ရီဘက်ချာ

    ၄၆    ဝေါ်သင်တန်

    ၄၇    ဖာနန်ဒိုတောရက်စ်

    ၄၈    ဂျွန်နီဟေးနက်စ်

    ၄၉    လက်စ်ဖာဒီနန်

    ၅၀    ရုဒ်ဂူးလစ်

 

Most Read

Most Recent