Mask တပ်ပြီး လေ့ကျင့်ရာတွင် အသက်ရှူကျပ်ခြင်းကို ကစားသမားအချို့ စောဒကတက်မှုများ ရှိနေကြောင်း Mirror ဖော်ပြ

Mask တပ်ပြီး လေ့ကျင့်ရာတွင် အသက်ရှူကျပ်ခြင်းကို ကစားသမားအချို့ စောဒကတက်မှုများ ရှိနေကြောင်း Mirror ဖော်ပြ
Published 11 May 2020

ပရီးမီးယားလိဂ်ကစားသမားအချို့မှာ Mask တပ်ပြီး လေ့ကျင့်ရာတွင် အသက်ရှူကျပ်ခြင်းကြောင့် အဆင်မပြေဖြစ်နေခြင်းအပေါ် စောဒကတက်မှုများ ရှိနေကြောင်း ဗြိတိန်သ တင်းစာ Mirror က ဖော်ပြခဲ့သည်။

လက်ရှိတွင် ပရီးမီးယားလိဂ်ကလပ်အသင်းအချို့မှာ ၎င်းတို့၏ကစားသမားများကို တစ်ဦးချင်းသီးခြားလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိနေပြီး ပရီးမီးယားလိဂ်ပွဲစဉ်များ ပြန်ကစားရန် သေချာသည့်အချိန်မှ အသင်းလိုက် လေ့ကျင့်မှုများကို ပြန်လည်ပြုလုပ်သွားမည်ဖြစ်သည်။

Lockdown Training Session ကို Mask တပ်ပြီး လေ့ကျင့်ခဲ့ရသော ကစားသမားတစ်ဦးက ၎င်းအနေဖြင့် အသက်ရှူ ၍မဝခြင်းကြောင့် အလွန်မောပန်း နွမ်းနယ်ခံစားရကြောင်း၊ Mask ဖြင့် လေ့ကျင့်ရခြင်းမှာ ဧဝရတ်တောင်ကို တက်ရသကဲ့သို့ပင် ထင်မြင်မိကြောင်း ပြောကြားခဲ့သည်။

အခြားသော ကစားသမားတစ်ဦးကလည်း Mask အတွင်း အောက်ဆီဂျင်ပိုက် ထည့်သွင်းပေးရန်လိုအပ်ကြောင်း ဟာသလုပ်ပြောဆိုခဲ့သည်ဟု Mirror သတင်းစာက ဖော် ပြခဲ့သည်။

ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းမှ နည်းပြအဖွဲ့ဝင်တစ်ဦးကလည်း ''Maskနဲ့ကာကွယ်တာက ကစားသမားတွေအတွက် လက်တွေ့မဆန်ပါဘူး။ နောက်ပြီး သူတို့ကို တံ တွေးထွေးခွင့် မရှိဘူးလို့လည်း ပြောပါတယ်။ ဘယ်သူမှလည်း တံတွေးကို တမင်ထွေးချင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ လည်ချောင်းကို ရှင်းချင်တဲ့အခါမျိုးမှာ တံတွေးမထွေးဘဲ အဆင်ပြေနိုင်ပါ့မလား''ဟု ပြောကြားခဲ့သည်။

 

 

Most Read

Most Recent