အငှားချထားသော ဟန်ဒါဆန်ကို ယခုရာသီမကုန်ဆုံးမီ မန်ယူ ပြန်လည်ခေါ်ယူမည်မဟုတ်

အငှားချထားသော ဟန်ဒါဆန်ကို ယခုရာသီမကုန်ဆုံးမီ မန်ယူ ပြန်လည်ခေါ်ယူမည်မဟုတ်
Published 11 May 2020

မန်ယူအသင်းသည် ရှက်ဖီးယူနိုက်တက်အသင်းသို့ အငှားချထားသော ဂိုးသမား ဒင်းန်ဟန်ဒါဆန်အား ယခုရာသီမကုန်ဆုံးမီ ပြန်လည်ခေါ်ယူမည်မဟုတ်ဘဲ ရှက်ဖီးယူနိုက် တက်အသင်းတွင်သာ ဆက်ရှိစေမည်ဖြစ်ကြောင်း သိရှိရသည်။

ရှက်ဖီးယူနိုက်တက်အသင်းတွင် လက်စွမ်းပြနေသော ဟန်ဒါဆန်ကို မန်ယူအသင်းက အငှားစာချုပ်ဖျက်သိမ်းပြီး ပြန်လည်ခေါ်ယူတော့မည်ဟု အစောပိုင်းက သတင်းများထွက်ပေါ် ခဲ့သည်။

ဟန်ဒါဆန်သည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီကလည်း ရှက်ဖီးယူနိုက်တက်အသင်းတွင် တစ်ရာသီအငှား လာရောက်ကစားခဲ့ပြီး လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲ ၏ အကောင်းဆုံးဂိုးသမားဆုနှင့် ရှက်ဖီးယူနိုက်တက်အသင်း၏ အကောင်းဆုံးလူငယ်ကစားသမားဆုများ  ဆွတ်ခူးနိုင်ခဲ့သည်။

လက်ရှိတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယား၌ ရှက်ဖီးယူနိုက်တက်အသင်းမှာ မန်ယူထက်(၂)မှတ်သာ လျော့နည်းပြီး အဆင့်(၇)၌ရပ်တည်နေသည်။