လီဗာပူးလ်အသင်း၏ နာမည်ကျော်ကွင်းလယ်လူဟောင်း ဒွန်ဟတ်ချင်ဆန်က နာပိုလီနောက်ခံလူ ကူလီဘလီကိုသာ ခေါ်ယူနိုင်ခဲ့ပါက လီဗာပူးလ်အသင်းကို ရပ်တန့်နိုင်တော့မည်မဟုတ်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်း၏ နာမည်ကျော်ကွင်းလယ်လူဟောင်း ဒွန်ဟတ်ချင်ဆန်က နာပိုလီနောက်ခံလူ ကူလီဘလီကိုသာ ခေါ်ယူနိုင်ခဲ့ပါက လီဗာပူးလ်အသင်းကို ရပ်တန့်နိုင်တော့မည်မဟုတ်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ ဆီနီဂေါနောက်ခံလူ ကူလီဘလီသည် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်ပြီး လီဗာပူးလ်အသင်းအနေဖြင့် ၎င်းကိုခေါ်ယူရန် စဉ်းစားသင့်သည်ဟု ဟတ်ချင်ဆန်က ဆိုခဲ့ခြင်းဖြစ်သည်။
ဒွန်ဟတ်ချင်ဆန်က ESPN နှင့်တွေ့ဆုံရာတွင် "ကူလီဘလီသာ လီဗာပူးလ်ကို လာပြီး ဗန်ဒိုက်နဲ့ တွဲကစားခဲ့မယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံးနောက်ခံအတွဲဖြစ်ပါလိမ့်မယ်။ သူ့အသက်က (၂၈)နှစ်ဖြစ်ပြီး အကောင်းဆုံးအချိန်ပါ။ သူက မြန်တယ်၊ သန်မာတယ်၊ အမြင့်ဘောကောင်းပါတယ်။ သူ့ကိုသာခေါ်နိုင်ရင် လီဗာပူးလ်ကို ရပ်တန့်နိုင်တော့မှာမဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် စျေးကြီးပေးရနိုင်သည့် ကူလီဘလီကို ဝယ်ယူဖွယ်မရှိကြောင်း ဗြိတိန်မီဒီယာများက သုံးသပ်နေကြသည်။
သို့သော် ဟတ်ချင်ဆန်က လီဗာပူးလ်အသင်းအနေဖြင့် ရေရှည်အောင်မြင်မှုများအတွက် ကူလီဘလီအား အရခေါ်ယူသင့်ကြောင်းလည်း တိုက်တွန်းခဲ့သည်။