ကရွန်ကီ၏ ချမ်းသာကြွယ်ဝမှုပမာဏ ပေါင်သန်း(၃ဝဝ)ကျော် တက်လာ

ကရွန်ကီ၏ ချမ်းသာကြွယ်ဝမှုပမာဏ ပေါင်သန်း(၃ဝဝ)ကျော် တက်လာ
Photos: Getty Images
Photos: Getty Images
Published 8 May 2020

အာဆင်နယ်အသင်းပိုင်ရှင် အမေရိကန်ဘီလျံနာ ကရွန်ကီသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း ချမ်းသာကြွယ်ဝမှုပမာဏ ပေါင်သန်း(၃ဝဝ)ကျော် တက်လာကြောင်း သိရသည်။ 

အာဆင်နယ်အသင်းပိုင်ရှင် အမေရိကန်ဘီလျံနာ ကရွန်ကီသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း ချမ်းသာကြွယ်ဝမှုပမာဏ ပေါင်သန်း(၃ဝဝ)ကျော် တက်လာကြောင်း သိရသည်။ 

Institute of Policy Studies က ပြုလုပ်သည့်  လေ့လာမှုတစ်ခုက ပေါင်(၈.၁)ဘီလီယံ ကြွယ်ဝချမ်းသာသော ကရွန်ကီသည် ၂၀၂၀ နှစ်ဦးမှစတင်၍ တွက်ချက်ရာ ပေါင်(၃၂၃)သန်း ပိုမိုချမ်းသာလာခဲ့သည်ဟု ဖော်ပြခဲ့သည်။ 

ပိုင်ရှင်ဖြစ်သူ ကရွန်ကီအနေဖြင့် ပိုမိုချမ်းသာလာသော်လည်း အာဆင်နယ်အသင်းသည် ကစားသမားများ၏ လစာကို လျှော့ချရန် ကြိုးပမ်းခဲ့၍ အသင်းတွင်းပဋိပက္ခအချို့ ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် ကရွန်ကီအနေဖြင့် အာဆင်နယ်အသင်းတွင် ရင်းနှီးမြှုပ်နှံမှုများနည်းပါးခြင်းကိုလည်း အသင်းပရိသတ်များ ဒေါသထွက်နေကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ကစားသမားသစ်ခေါ်ယူမှုများအတွက် ငွေကြေးသုံးစွဲမည်မဟုတ်ဘဲ ကစားသမားအလဲအထပ်ပြုလုပ်ခြင်း၊ စာချုပ်သက်တမ်းကုန်ဆုံးသည့် ကစားသမားများကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခြင်းများသာ ပြုလုပ်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

 

 

Most Read

Most Recent