လီဂူးပြိုင်ပွဲကို ပြန်လည်ကျင်းပရန် လိုင်ယွန်ဥက္ကဋ္ဌ အောလက်စ် မျှော်လင့်နေဆဲ

လီဂူးပြိုင်ပွဲကို ပြန်လည်ကျင်းပရန် လိုင်ယွန်ဥက္ကဋ္ဌ အောလက်စ် မျှော်လင့်နေဆဲ
Photos: Getty Images
Photos: Getty Images
Published 8 May 2020

လိုင်ယွန်ဥက္ကဋ္ဌ ဂျင်းမစ်ချယ်အောလက်စ်က လီဂူးပြိုင်ပွဲတာဝန်ရှိသူများအား ပြိုင်ပွဲဖျက်သိမ်းလိုက်ခြင်းသည် လမ်းမှားဖြစ်ကြောင်းနှင့် ပြိုင်ပွဲပြန်လည်စတင်ရန် မျှော်လင့်နေဆဲဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။ 

လိုင်ယွန်ဥက္ကဋ္ဌ ဂျင်းမစ်ချယ်အောလက်စ်က လီဂူးပြိုင်ပွဲတာဝန်ရှိသူများအား ပြိုင်ပွဲဖျက်သိမ်းလိုက်ခြင်းသည် လမ်းမှားဖြစ်ကြောင်းနှင့် ပြိုင်ပွဲပြန်လည်စတင်ရန် မျှော်လင့်နေဆဲဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။ 

ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကြောင့် စက်တင်ဘာလမတိုင်မီအထိ အားကစားပြိုင်ပွဲများကို ကျင်းပခွင့်ပိတ်ပင်ကြောင်း အစိုးရက ကြေညာခဲ့ပြီးနောက် လီဂူးပြိုင်ပွဲကို ဖျက်သိမ်းကာ အမှတ်ပေးဇယားရပ်တည်မှုအတိုင်း ဆုံးဖြတ်ခဲ့သည်။

အောလက်စ်က "ကျွန်တော်တို့ လမ်းမှားကို ရောက်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲကို ဆက်လက်ကျင်းပနိုင်အောင် လုပ်လို့ရပါတယ်။ ဩဂုတ်လကုန်လောက် ကနေ ပြန်စပြီး စက်တင်ဘာလကုန်မှာ ရာသီသိမ်းလိုက်လို့ ရပါတယ်။ ကျွန်တော်တို့ရဲ့နည်းလမ်းတွေကို လိုက်လျောညီထွေ ရှိအောင် ပြင်ဆင်ပြီး ပြိုင်ပွဲကို အဆုံးသတ်လို့ရပါတယ်"ဟု L'Equipe သတင်းစာသို့ ပြောကြားခဲ့သည်။

ယခုရာသီ လီဂူးပြိုင်ပွဲမှာ ပွဲစဉ် (၂၈)အပြီးတွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး လိုင်ယွန်အသင်းမှာ ရမှတ် (၄၀)ဖြင့် အဆင့် (၇) နေရာသာ ရရှိခဲ့သည့်အတွက် လာမည့် ၂၀၂၀-၂၁ ရာသီ ဥရောပပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးခဲ့ရသည်။ 

ထို့ကြောင့် အောလက်စ်အနေဖြင့် လီဂူးပြိုင်ပွဲကို ပြန်လည်ကစားရန် အလိုရှိနေခြင်းဖြစ်ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြသည်။

 

 

Most Read

Most Recent