တစ်နိုင်ငံလုံး၌ မေ ၇ ရက် နံနက်ပိုင်းအထိ COVID- 19 ဓာတ်ခွဲစစ်ဆေးပြီးသူ ၁၀၀၀၀ ကျော်ရှိပြီး စောင့်ကြည့်လူနာစုစုပေါင်း ၃၅၀၀ ကျော်ကျန်ရှိ

တစ်နိုင်ငံလုံး၌ မေ ၇ ရက် နံနက်ပိုင်းအထိ COVID- 19 ဓာတ်ခွဲစစ်ဆေးပြီးသူ ၁၀၀၀၀ ကျော်ရှိပြီး စောင့်ကြည့်လူနာစုစုပေါင်း ၃၅၀၀ ကျော်ကျန်ရှိ
  သာကေတမြို့နယ်ရှိ Capital တွင် စျေးဝယ်လာသူများအား ကိုယ်အပူချိန်တိုင်းတာနေစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
သာကေတမြို့နယ်ရှိ Capital တွင် စျေးဝယ်လာသူများအား ကိုယ်အပူချိန်တိုင်းတာနေစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
Published 7 May 2020
အိသဥ္ဇာကျော်

တစ်နိုင်ငံလုံး၌ မေ ၇ ရက် နံနက်ပိုင်းအထိ COVID- 19 ဓာတ်ခွဲစစ်ဆေးပြီးသူ ၁၀၀၀၀ ကျော်ရှိပြီး စောင့်ကြည့်လူနာ စုစုပေါင်း ၃၅၀၀ ကျော်ကျန်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

မေ ၇ ရက် နံနက်ပိုင်းအထိ ဓာတ်ခွဲစစ်ဆေးပြီးသူ စုစုပေါင်း ၁၀၀၄၂ ဦးရှိပြီး စောင့်ကြည့်လူနာ ၃၅၃၉ ဦး၊ ပိုးတွေ့လူနာ ၁၆၂ ဦး၊ သေဆုံးလူနာ ခြောက်ဦးနှင့် ပိုးတွေ့ ပြန်လည်ကောင်းမွန်သူ ၅၀ ရှိကြောင်းနှင့် ပိုးတွေ့လူနာများအနက် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ဦးရေ ၃၀၊ တောင်ဥက္ကလာပမြို့နယ်တွင် ၁၃ ဦး၊ မရမ်းကုန်းမြို့နယ်တွင် ၁၃ ဦး၊ ဗဟန်းမြို့နယ်တွင် ကိုးဦး၊ တာမွေမြို့နယ်၌ ရှစ်ဦး၊ ပန်းဘဲတန်းမြို့နယ်၌ ခုနစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ခြောက်ဦး၊ ချင်းပြည်နယ် တီးတိန်မြို့တွင် ငါးဦး၊ ဗိုလ်တထောင်မြို့နယ်၌ ငါးဦး၊ လှိုင်သာယာမြို့နယ်တွင် ငါးဦး၊  ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် လေးဦး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)တွင် လေးဦး၊ ကမာရွတ်မြို့နယ်တွင် လေးဦး၊ မင်္ဂလာဒုံမြို့နယ်၌ သုံးဦး ၊  ပဲခူးတိုင်းဒေသကြီးပြည်မြို့တွင် သုံးဦး၊ ရွှေပြည်သာမြို့နယ်တွင် သုံးဦး၊  မင်္ဂလာတောင်ညွန့်မြို့နယ်၌ နှစ်ဦး၊ မြောက်ဥက္ကလာပမြို့နယ်တွင် နှစ်ဦး၊ ရှမ်းပြည် (တောင်ပိုင်း) တောင်ကြီးမြို့တွင် နှစ်ဦး၊ စမ်းချောင်းမြို့နယ်တွင် နှစ်ဦး၊ ရှမ်းပြည်  (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နှစ်ဦး၊ ဒေါပုံမြို့နယ်တွင် နှစ်ဦး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွင် နှစ်ဦး၊ သာကေတမြို့နယ်တွင် နှစ်ဦး၊ ကျောက်တံတားမြို့နယ်တွင် နှစ်ဦး၊  လှိုင်မြို့နယ်တွင် နှစ်ဦး၊ မှော်ဘီမြို့နယ်တွင် တစ်ဦး၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် တစ်ဦး၊ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တွင် တစ်ဦး၊ ရှမ်းပြည် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် တစ်ဦး၊ မွန်ပြည်နယ် ကျိုက်မရောမြို့တွင် တစ်ဦး၊ လှည်းကူးမြို့တွင် တစ်ဦး၊  မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် တစ်ဦး၊ ရှမ်းပြည် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့၌ တစ်ဦး၊ အလုံမြို့နယ်တွင် တစ်ဦး၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၌ တစ်ဦး၊ ပုစွန်တောင်မြို့နယ်တွင် တစ်ဦး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၌ တစ်ဦး၊  သင်္ဃန်းကျွန်းမြို့နယ်တွင် တစ်ဦး၊  ဒေါပုံမြို့နယ်တွင် တစ်ဦး၊ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် တစ်ဦး၊ ကချင်ပြည်နယ် မိုးညှင်းမြို့တွင် တစ်ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)  မူဆယ်မြို့တွင် တစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်တွင် တစ်ဦး၊ ကချင်ပြည်နယ် မိုးညှင်းမြို့တွင် တစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် တစ်ဦး၊ ချင်းပြည်နယ် ဟားခါးမြို့တွင်တစ်ဦးနှင့် နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် တစ်ဦးရှိကြောင်းသိရသည်။ 

မြန်မာနိုင်ငံ၏ COVID- 19 ရောဂါ ဓာတ်ခွဲစစ်ဆေးတွေ့ရှိမှုအရ COVID- 19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့သူများတွင် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ စောင့်ကြည့်လူနာများတွင် ၁ ဒသမ ၈ ရာခိုင်နှုန်း၊ ရောဂါလက္ခဏာ ဖြစ်ပွားခြင်း မရှိသော်လည်း ပြည်တွင်း ပြည်ပ ခရီးသွားလာထားခြင်း ရာဇဝင်ရှိသည့်အတွက် အသွားအလာ ကန့်သတ်ထားသူများ သုည ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် COVID- 19  ကူးစက် ဖြစ်ပွားမှုများ ရှိနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တွေ့ရှိထားသော ဓာတ်ခွဲအတည် ပြုလူနာ ၁၅၁ ဦး၏ ၅၇ ရာခိုင်နှုန်းခန့်တွင် ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ရောဂါပိုးရှိ နေခြင်းကိုတွေ့ရှိရကြောင်း၊ ပြည်သူလူထုအတွင်း ရောဂါပိုး ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသသူများ သို့မဟုတ် သာမန်ရောဂါလက္ခဏာများသာရှိ သူများသည် ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများသို့ လာရောက်ပြသမှုမရှိခြင်းများ ရှိနေနိုင်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ထိုသို့လာရောက် ပြသမှုမရှိသော လူနာများကို စောင့်ကြည့်လူနာနှင့် သံသယလူနာများအဖြစ် သတ်မှတ်ပြီး ဓာတ်ခွဲစစ်ဆေးမှု မပြုလုပ်နိုင်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးမှုအရေအတွက် နည်းပါးနေခြင်းတို့ကြောင့် COVID- 19 ဓာတ်ခွဲအတည်ပြု လူနာသစ်တွေ့ရှိရမှု လတ်တလောနည်း ပါးနေခြင်းလည်း ဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 

 

Most Read

Most Recent