ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်များ ပြန်ကစားဖြစ်ခဲ့ပါက လူနေအိိမ်များနှင့်ဝေးကွာသည့် ကွင်းများ၌သာ ကစားသွားမည်

ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်များ ပြန်ကစားဖြစ်ခဲ့ပါက လူနေအိိမ်များနှင့်ဝေးကွာသည့် ကွင်းများ၌သာ ကစားသွားမည်
Photos: Getty Images
Photos: Getty Images
Published 6 May 2020

လက်ရှိ တွင် ပရီးမီးယားလိဂ်ကလပ်အသင်း (၁၀)သင်း၏ကွင်းများကို ကြားကွင်း အဖြစ်အသုံးပြုရန် ရည်ရွယ်ထားပြီး ယင်းထဲတွင် မန်စီးတီးအသင်း၏ အီတီဟတ်ကွင်း၊ အာဆင်နယ်အသင်း ၏အီမရိတ်စ်ကွင်း၊ ဝက်စ်ဟမ်းအသင်း၏ လန်ဒန်အိုလံပစ်ကွင်း၊နောဝစ်ချ်အသင်း၏ Carrow Road ကွင်း၊ ဘုန်းမောက်အသင်း၏  Vatality ကွင်း၊ ဗီလာအသင်း၏ ဗီလာပတ်ခ်ကွင်းတို့ပါဝင်ကြောင်း သိရသည်။

 

ယခုရာသီပရီးမီးယားလိဂ်လက် ကျန်ပွဲစဉ်များကို ပြန်ကစားဖြစ်ခဲ့ပါ က လူနေအိမ်များနှင့်ဝေးကွာပြီး ခရီး သွားလာရလွယ်ကူသောကွင်းများ၌ ကစားသွားမည်ဖြစ်ကြောင်းသိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ်များပြန်လည်စတင်ပါက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပြဿနာကြောင့်ဘောလုံးပွဲများကို ကွင်းပိတ်ကစားမည်ဖြစ်သော်လည်း ကွင်းပြင်ပတွင် ပရိသတ်များ လာရောက်စုရုံးကြမည်ကို တာဝန်ရှိသူများက ပူပန်နေကြသည်။  

လက်ရှိ တွင် ပရီးမီးယားလိဂ်ကလပ်အသင်း (၁၀)သင်း၏ကွင်းများကို ကြားကွင်း အဖြစ်အသုံးပြုရန် ရည်ရွယ်ထားပြီး ယင်းထဲတွင် မန်စီးတီးအသင်း၏ အီတီဟတ်ကွင်း၊ အာဆင်နယ်အသင်း ၏အီမရိတ်စ်ကွင်း၊ ဝက်စ်ဟမ်းအသင်း၏ လန်ဒန်အိုလံပစ်ကွင်း၊နောဝစ်ချ်အသင်း၏ Carrow Road ကွင်း၊ ဘုန်းမောက်အသင်း၏  Vatality ကွင်း၊ ဗီလာအသင်း၏ ဗီလာပတ်ခ်ကွင်းတို့ပါဝင်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်တာဝန်ရှိသူများက ကလပ်အသင်းများ တရားဝင် ပြန်လည်လေကျင့်မည့်နေ့ရက်ကို မေ (၁၈)ရက်နေ့ သတ်မှတ်ထားပြီး၊ ပွဲများ ပြန်လည်ကစားမည့်နေ့ရက်ကို ဇွန်လ (၈)ရက်နေ့အဖြစ် သတ်မှတ်ထား ကြောင်းသိရသည်။ ပရီးမီးယားလိဂ်ပွဲများပြန်ကစားရန်အတွက် ဗြိတိန်အစိုးရထံ ခွင့်ပြုချက်တောင်းခံရမည် ဖြစ်ပြီး အစိုးရက ခွင့်ပြုမှသာ ပွဲစဉ်များကို ပြန်လည်ကျင်းပခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။

 

Most Read

Most Recent