Lockdown စည်းမျဉ်း ချိုးဖောက်ခဲ့သည့် ရိုဟိုကို မန်ယူအသင်း သတိပေးမည်

Lockdown စည်းမျဉ်း ချိုးဖောက်ခဲ့သည့် ရိုဟိုကို မန်ယူအသင်း သတိပေးမည်
Published 5 May 2020

မန်ယူအသင်းသည် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့်ကာလအတွင်း Lockdown စည်းမျဉ်းချိုးဖောက်ခဲ့သည့် နောက်ခံလူ ရိုဟိုကို သတိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရိုဟို (၃၀ နှစ်) သည် အာဂျင်တီးနား ကလပ် အက်စတူဒီယန်တေးအသင်းတွင် ရာသီဝက်အငှားဖြင့် သွားရောက်ကစားနေသူ ဖြစ်ပြီး မိတ်ဆွေများနှင့်အတူ ပိုကာကစား၍ ဆေးလိပ်သောက်နေသည့်ဗီဒီယိုမှာ Instagram တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

အာဂျင်တီးနားနိုင်ငံ၌ မေ ၁၀ ရက်အထိ Lockdown ပြုလုပ်ထားသော်လည်း ရိုဟိုအနေဖြင့် စည်းမျဉ်းချိုးဖောက်ခဲ့သောကြောင့် မန်ယူအသင်းက သတိပေးခြင်းဖြစ်သည်။

ရိုဟို သည် ၂၀၁၄ ခုနှစ် နွေရာသီကတည်းက မန်ယူအသင်း၌ ကစားလာသူဖြစ်ပြီး ပုံမှန်ပွဲ ထွက်ခွင့်မရသဖြင့် ဇန်နဝါရီတွင် အငှားသွား ရောက်ကစားခြင်းဖြစ်သည်။

ရိုဟိုသည် စည်းမျဉ်းများကိုချိုးဖောက်သည့် နောက်ဆုံး ပရီးမီးယားလိဂ်ကစားသမားလည်း ဖြစ်လာခဲ့သည်။

အစောပိုင်းက အက်စတွန်ဗီလာအသင်းမှ အင်္ဂလန်ကွင်းလယ်လူ ဂရီးလစ်ရှ်၊ မန်စီးတီးအသင်းမှ အင်္ဂလန်နောက်ခံလူ ဝေါ်လ်ကာနှင့် အဲဗာတန်အသင်းမှ အီတလီလူငယ်တိုက်စစ်မှူး မွိုက်စ်ကိန်းတို့ ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent