ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တွင် တပ်မတော်သားများအပြင် ပြည်သူများကိုပါ Quarantine လုပ်ဆောင်ပေးမည်ဖြစ်ပြီး အရပ်ဘက် အဖွဲ့အစည်းများမှလည်း ပူးပေါင်းဆောင်ရွက်လာပါ က ပေါင်းစပ်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တွင် တပ်မတော်သားများအပြင် ပြည်သူများကိုပါ Quarantine လုပ်ဆောင်ပေးမည်ဖြစ်ပြီး အရပ်ဘက် အဖွဲ့အစည်းများမှလည်း ပူးပေါင်းဆောင်ရွက်လာပါ က ပေါင်းစပ်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ရုံးစိုက်သည့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးရှိ တပ်ရင်းများအတွင်း Quarantine များ စီစဉ်ဆောင်ရွက်ထားသလို အဆိုပါ စောင့်ကြည့်ရေးစင်တာများကို ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်း ထိုက်ရွှေ မှ ဧပြီ ၂၆ ရက်တွင် လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

အမှတ် (၁၂) တပ်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်းတွင် ထားရှိမည့် Quarantine သို့ စစ်တိုင်းမှူးနှင့်အတူ မြိတ်မြို့နယ် အုပ်ချုပ် ရေးမှူး ၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ တို့မှလည်း လာရောက်ကြည့်ရှု ခဲ့ကြောင်းသိရသည်။

“COVID-19 နှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုကို မတ်လအလယ်ပိုင်းကစပြီး စတင်ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူလူထုကျန်းမာရေးအတွက် ပညာပေး ဆောင်ရွက်တယ်။ ပိုးသတ်ဆေးတွေဖြန်းပေးတယ်။ တိုင်းဒေသကြီးတစ်ခုလုံးကို နေ့စဉ်ဆောင်ရွက်လျက် ရှိပါတယ်ဒီမှာတော့။ Facility Quarantine ကို ခုတင် ၁၀၀ စာ ပြင်ဆင်ထားပြီဖြစ်ပါတယ်။ ဒီမှာက ယိုးဒယားဘက်ကလာတဲ့သူတွေ ရှိသလို မလေးရှားဘက်ကလာတဲ့သူတွေလည်း ရှိနိုင်တယ်။ ပြန်လည်ရောက်ရှိတဲ့နေ့စွဲကိုကြည့်ပြီး ကျွန်တော််တို့က မနက်တစ်ကြိမ်ညတစ်ကြိမ် အပူချိန်တိုင်းမယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း နေထိုင်သွားလာဖို့ ဒီမှာရှိတဲ့အဖွဲ့တွေက စောင့်ကြည့်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အရပ်ဘက် ကျန်းမာရေးအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒီမှာရှိတဲ့ဌာနဆိုင်ရာတွေ၊ရာ အိမ်မှူး လက်မှတ်တွေနှင့် ဂျူတီဘယ်လိုချမလ ဲသူတို့နှင့်ပေါင်းစပ်ပြီး ဂျူတီဇယားလေးတွေချပြီး ဆောင် ရွက်သွားဖို့ရှိပါတယ်’’လို့ အမှတ် ၁၃စစ်မြေပြင်ဆေးတပ်ရင်းမှ တပ်ရင်းမှူးု ဒုတိယဗိုလ််မှူးကြီး နိုင်သာမြင့် မှပြောကြားခဲ့သည်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တွင် ခုတင် ၁၀၀ ဆန့်ဆေးရုံများ၊ ခုတင် ၂၅ လုံးဆန့်ဆေးရုံများရှိရာအဆိုပါဆေးရုံများတွင်လည်း Quarantine စီစဉ်ထားရှိမည်ဖြစ်ကြောင်းသိရ သည်။
“မကြာခင်မှာ နိုင်ငံခြားကပြန်လာမယ့် မြန်မာနိုင်ငံသားတွေရှိပါတယ်။ အလုံးအရင်းနှင့် ဝင်ရောက် လာရင် အရပ်ဘက်အဖွဲ့အစည်းတွေမှာ လုပ်ထားတဲ့ Quarantine နှင့်မလုံလောက်တော့ပါဘူး။ အခက်အခဲ ရှိလာနိုင်တယ်။ အဲဒီတော့ ကျွန်တော်တို့ဘက်က ထားရှိတဲ့ Quarantine တွေဟာတပ်မတော်သား တွေအပြင် ပြည်သူလူထုတွေကိုပါ ထားရှိပေးဖို့တပ်မတော်ဘက်က စီစဉ်ဆောင်ရွက်ထားရှိပြီ ဖြစ်ပါတယ် ။ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးရဲ့အနီးကပ်လမ်းညွန်ချက်နှင့် ကျွန်တော်တို့တပ်ရင်းတပ်ဖွဲ့တွေအားလုံးပေါင်းစပ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေ့အထိဆိုရင်ရောဂါကူးစက်တဲ့သူ ၁၄၆ ဦးရှိပါပြီ ဒါတွေကစစ်လို့တွေ့တာပါ။ စစ်တဲ့ပမာဏများလေ တွေ့တဲ့ပမာဏများလေလေပါ။ ဒါကြောင့်အားလုံး သတိ ရှိရှိနေဖို့လိုပါတယ်။ ပေါ့ဆလို့မရပါဘူး။ တစ်ယောက်နှင့်တစ်ယောက်။ ခပ်ခွာခွာလေးနေပါ။ လက်ကိုပုံမှန် ဆေးပါ။ ဗိုင်းရပ်ကိုနိုင်တာ ဆပ်ပြာအဆီပဲရှိပါတယ်‘’လို့ဒုတိယဗိုလ််မှူးကြီး နိုင်သာမြင့်မှပြောကြားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ကူးစက်မှုမရှိသေးသော်လည်း နယ်စပ်ဒေသ ဖြစ်သည့်အတွက် ပြည်တော်ပြန်များ ဝင်ရောက်လာပါက ပြည်သူများကိုတတ်နိုင်သမျှကူညီရန် တပ်ရင်းများတွင် လည်းကြိုတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။















