အီတလီနိုင်ငံတောင်ပိုင်းမြို့များဖြစ်သည့် ဖလော ရင့်၊ ရောမနှင့် နေပယ်မြို့များတွင် အခြေပြု၍ စီးရီးအေ ပွဲစဉ်များပြန်လည်ကျင်းပသွားဖွယ်ရှိကြောင်း သိရသည်။ အီတလီဝန်ကြီးချုပ်ကွန်တီသည် ပိုမိုဆင်းရဲသည့် အီတလီနိုင်ငံတောင်ပိုင်းဒေသများတွင် ကိုရိုနာဗိုင်းရပ်စ်ကို အောင်နိုင်ခဲ့ပြီဖြစ်ပြီး အီတလီနိုင်ငံတောင်ပိုင်းထက် ပိုမိုချမ်းသာသည့် အီတလီနိုင်ငံမြောက်ပိုင်းဒေသများ၏ အခြေအနေအပေါ်မူတည်၍ အီတလီနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကို အလုံးစုံအောင်နိုင်ခြင်းရှိ၊ မရှိ စောင့်ကြည့်ရမည် ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်း၌ ကြေညာခဲ့သည်။

ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ၏အဖွဲ့ဝင်နှင့် အီတလီ အိုလံပစ်ကော်မတီ၏ အကြံပေးဝေါ်လ်တာရစ် ကာဒီက အီတလီနိုင်ငံ တောင်ပိုင်းမြို့များတွင် စီးရီးအေပွဲစဉ်များ ပြန်လည်ကျင်းပမည်ဆိုပါက အဆင်ပြေနိုင်ကြောင်း အတည်ပြုထားသည်။

ဝေါ်လ်တာရစ်ကာဒီက ''ကိုရိုနာဗိုင်းရပ်စ် ရှင်သန်ပေါက်ဖွားနိုင်တဲ့ နှစ်ပတ်တာကာလကို ထပ်ပြီးစောင့်ကြည့်ရပါမယ်။ အီတလီနိုင်ငံရဲ့ ဒေသများစွာမှာ အခြေအနေတွေ ကောင်းမွန်လာပါပြီ။ ဒါပေမဲ့ ဒေသတိုင်းတော့မဟုတ်သေးပါဘူး။ လွန်ဘာဒီဒေသမှာ စိုးရိမ်မှုတွေမြင့်တက်နေဆဲဖြစ်ပြီး ဘောလုံးပွဲကစားဖို့ မဖြစ်နိုင် သေးပါဘူး။ မေလဆန်းပိုင်းလောက်မှာလည်း စောင့်ကြည့် မှုတွေ လုပ်ရဦးမှာဖြစ်ပြီး ဒေသတချို့မှာလည်း လအတန်ကြာ စောင့်ကြည့်ရပါဦးမယ်။ ကာကွယ်ဆေးပေါ် တဲ့အချိန်အထိ ဗိုင်းရပ်စ် ပျံ့နှံ့နေနိုင်သေးပြီး ဗိုင်းရပ်စ်က လူတွေကို ဘယ်လိုကူးစက်သလဲ၊ ဘောလုံးသမားနဲ့ လူတွေကို ဘယ်လိုကူးစက်သလဲဆိုတာ လေ့လာရပါမယ်။ ကျွန် တော်တို့အနေနဲ့ လူတိုင်းကို ကာကွယ်ပေးရမယ်မဟုတ် လား။ ဘောလုံးပွဲတွေ ပြန်လည်စတင်နိုင်ရေးအတွက် ဖြစ် နိုင်ခြေများစွာရှိပါတယ်။ ရာသီအဆုံးသတ်ရေးဟာ လူ တိုင်းလိုချင်နေတဲ့အရာပါပဲ။ အီတလီနိုင်ငံ တောင်ပိုင်းမြို့ တွေမှာ စီးရီးအေပွဲတွေပြန်လည်ကျင်းပဖို့က ဖြစ်နိုင်ခြေ ရှိတဲ့အ ရာဖြစ်ပေမယ့် တစ်မြို့နဲ့တစ်မြို့ကူးပြီး ဘောလုံးပွဲ ကြည့် လို့မဖြစ်နိုင်သေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်း ရိုက်ခတ်မှုထက် ဒုတိယနဲ့ တတိယလှိုင်းရိုက် ခတ်မှုတွေ ဟာ ပိုပြီးအန္တရာယ်ကြီးနိုင်ပါတယ်။ ဒီိလိုမဖြစ်လာအောင် ကျွန်တော်တို့ ကာကွယ်ရပါမယ်''ဟု ပြော ကြားခဲ့သည်။

အီတလီဘောလုံးအသိုင်းအဝိုင်းမှ တာဝန်ရှိသူများသည် စီးရီးအေပြိုင်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့်စဉ်းစားလျက်ရှိသည်။ ပြီးခဲ့သည့်လအတွင်းမှစတင်၍ အီတလီနိုင်ငံ တောင်ပိုင်း၊ ရောမမြို့တွင် စီးရီးအေပွဲစဉ်များပြန်လည်ကျင်းပရန် တိုက်တွန်းမှုများ ရှိခဲ့သည်။ ယခုအခါ ရောမမြို့အပြင် ဖလောရင့်၊ နေပယ် တို့အပါအဝင် အီတလီနိုင်ငံတောင်ပိုင်းရှိ မြို့ကြီး (၄) မြို့ တွင် စီးရီးအေပွဲစဉ်များ ပြန်လည်ကျင်းပဖွယ်ရှိနေခြင်းဖြစ် သည်။

အီတလီနိုင်ငံမြောက်ပိုင်း လွန်ဘာဒီဒေသသည် ကိုရိုနာဗိုင်းရပ်စ် (COVID-19 ရောဂါ)ကြောင့် အီတလီနိုင်ငံ၌ သေဆုံးသူအများဆုံး ရှိခဲ့သည့်နေရာဖြစ်ခဲ့သည်။ အီတလီနိုင်ငံမြောက်ပိုင်းလွန်ဘာဒီဒေသတွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19 ရောဂါ)ရိုက်ခတ်မှု အများဆုံးမြို့များ၌ တည်ရှိသည့်စီးရီးအေအသင်းများမှာ အင်တာမီလန်၊ အေ စီမီလန်၊ အတ္တလန်တာနှင့် ဘရက်စီယာတို့ဖြစ်ကြောင်း သိရသည်။ စီးရီးအေပြိုင်ပွဲကို လာမည့် မေလ (၂၃) နှင့် (၂၄)ရက်များတွင် ပြန်လည်ကျင်းပရန် လျာထားပြီး ယင်း ရက်များမှစတင်၍ (၃) ရက်လျှင်ပွဲစဉ်တစ်ခုနှုန်းဖြင့် ကစား ကာ ဇူလိုင်လ (၂)ရက်$ အဆုံးသတ်ရန် အီတလီဘောလုံး အဖွဲ့ ချုပ်လျာထားကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်များ အတွင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။















