ဆာလာသည် အီဂျစ်နိုင်ငံ မြောက်ပိုင်းရှိ ဘက်စ်ယွန်မြို့အတွင်းမှ ရွာငယ်လေးဖြစ်သော နာဂရစ်ရွာတွင် မွေးဖွားခဲ့သူဖြစ်သည်။ ဆာလာသည် ယင်းရွာငယ်လေးသို့ လတ်ဆတ်သောအသားများအပါအဝင် အစားအသောက်များစွာကို ပေးပို့ခဲ့ပြီး ရွာသူရွာသားများကိုလည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ပြန့်ပွားနေစဉ်ကာလအတွင်း မည်ကဲ့သို့နေထိုင်ရမည်ဆိုသည်ကို အကြံပြုခဲ့ကြောင်း သိရှိရသည်။
လီဗာပူးလ်အသင်း၏ အီဂျစ် တိုက်စစ်မှူး ဆာလာသည် သူ၏မွေးရပ်မြေ အီဂျစ်မှ ရွာငယ်လေးသို့ ပေါင် (၄)သိန်းကျော်တန်ဖိုးရှိ အစားအစာများနှင့် အသုံးအဆောင်များလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဆာလာသည် အီဂျစ်နိုင်ငံ မြောက်ပိုင်းရှိ ဘက်စ်ယွန်မြို့အတွင်းမှ ရွာငယ်လေးဖြစ်သော နာဂရစ်ရွာတွင် မွေးဖွားခဲ့သူဖြစ်သည်။ ဆာလာသည် ယင်းရွာငယ်လေးသို့ လတ်ဆတ်သောအသားများအပါအဝင် အစားအသောက်များစွာကို ပေးပို့ခဲ့ပြီး ရွာသူရွာသားများကိုလည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ပြန့်ပွားနေစဉ်ကာလအတွင်း မည်ကဲ့သို့နေထိုင်ရမည်ဆိုသည်ကို အကြံပြုခဲ့ကြောင်း သိရှိရသည်။

ဆာ လာ၏ဖခင်ဖြစ်သူ ဆာလာဂါလီက ယင်းရွာကို ပိုးသတ်ထားပြီးဖြစ်ကြောင်း၊ရွာသားများကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် နှာခေါင်းစည်းများ ဖြန့်ဝေထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဖရိကမြောက်ပိုင်းရှိ အီဂျစ်နိုင်ငံမှာ လက်ရှိ (ဧပြီ ၁၉ ရက်နေ့) တွင် ရောဂါပိုးကူးစက်ခံရသူ (၃၀၀၀)ကျော်ရှိနေပြီး သေဆုံးသူ (၂၂၄)ဦး ရှိသွားခဲ့ပြီဖြစ်သည်။

ဆာလာ လှူဒါန်းခဲ့သော အစားအစာများနှင့် ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ (၄၀၅၀၀၀)ပေါင် ဖြစ်ကြောင်း သိရှိရသည်။ ဆာလာသည် အီဂျစ်ကလပ် အစ်တီဟတ်ဘက်စ်ယွန်အသင်းတွင် လူငယ်ကစားသမားဘဝ စတင်ခဲ့သူဖြစ်ပြီး အီဂျစ်လက် ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲစုစုပေါင်း(၆၇)ပွဲကစားကာ (၄၁)ဂိုး သွင်းယူပေးထားသည်။