အာဆင်နယ်အသင်း၏ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းသည် လာမည့်ရာသီတွင် အသင်းမှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေရာ အာဆင်နယ်အသင်းသည် တိုက်စစ်ကို အားဖြည့်ရန်အတွက် ရိုဒရီဂိုမော်ရီနိုအား စိတ်ဝင်စားနေခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် စပိန်ကလပ် ဗလင်စီယာအသင်း၏ တိုက်စစ်မှူး ရိုဒရီဂိုမော်ရီနိုအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။

အာဆင်နယ်အသင်း၏ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းသည် လာမည့်ရာသီတွင် အသင်းမှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေရာ အာဆင်နယ်အသင်းသည် တိုက်စစ်ကို အားဖြည့်ရန်အတွက် ရိုဒရီဂိုမော်ရီနိုအား စိတ်ဝင်စားနေခြင်းဖြစ်သည်။

အာဆင်နယ်အသင်းတွင် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး လာကာဇက်မှာလည်း အနာဂတ်လှုပ်ခတ်နေပြီး အက်သလက်တီကိုမက်ဒရစ်အသင်းက ၎င်းအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများထွက် ပေါ်နေသည်။ ရိုဒရီဂိုမော်ရီနိုသည် အင်္ဂလန်ကလပ် ဘော်လ်တန်အသင်းတွင် ကစားခဲ့ဖူးသူဖြစ်သည်။