ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုသည် လာမည့်ရာသီတွင် အသင်း၌ ဆက်နေမည်ဆိုပါက တစ်နှစ်လစာ ယူရို (၁၀)သန်းအထိ ရရှိမည်ဖြစ်ကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။
ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုသည် လာမည့်ရာသီတွင် အသင်း၌ ဆက်နေမည်ဆိုပါက တစ်နှစ်လစာ ယူရို (၁၀)သန်းအထိ ရရှိမည်ဖြစ်ကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။
အသက် (၂၀)နှစ် အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုသည် ယခုရာသီတွင် ဒေါ့မွန်အသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများက စိတ်ဝင်စားနေကြောင်း သိရသည်။
သို့သော် ဒေါ့မွန်အသင်းသည် ဆန်ချိုကို လက်လွှတ်လိုခြင်းမရှိဘဲ လစာတိုးမြှင့်ပေးချေရန် စီစဉ်နေကြောင်း Bild က ဖော်ပြခဲ့သည်။
ဆန်ချိုသည် ဒေါ့မွန်အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိသူပြီး တစ်နှစ်လစာ ယူရို(၆)သန်း ရရှိနေသည်။
ဒေါ့မွန်အသင်းသည် ဆန်ချိုကို လာမည့်ရာသီတွင် အသင်း၌ ဆက်နေမည်ဆိုပါက ယူရို (၁၀)သန်းအထိပေးချေရန် စီစဉ်နေ ခြင်းဖြစ်သည်။
ဆန်ချိုသာ ဒေါ့မွန်အသင်း၌ ဆက်ရှိနေမည်ဆိုပါက မာကိုရွိုက်စ် (ယူရို ၁၁ သန်း)ပြီးနောက် လစာအများဆုံးရကစားသမား ဖြစ်လာမည်ဖြစ်သည်။