အာဆင်နယ်အသင်းသည် အသင်းတိုက်စစ်မှူး လာကာဇက်အား ရောင်းချရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်းသည် အသင်းတိုက်စစ်မှူး လာကာဇက်အား ရောင်းချရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်းသည် ပြင်သစ်တိုက်စစ်မှူး လာကာဇက်ကို ၂၀၁၇ ခုနှစ်တွင် လိုင်ယွန်အသင်းထံမှ ပေါင် (၅၂)သန်း (ထိုစဉ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး)ဖြင့် ခေါ်ယူခဲ့သည်။
လာကာဇက်သည် နည်းပြဟောင်း အမ်မရီလက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သော်လည်း လက်ရှိနည်းပြ အာတီတာလက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူဖြစ်သည်။
အာတီတာသည် လာမည့်ရာသီတွင် အသင်းကို ပြန်လည်တည်ဆောက်ရန် စီစဉ်နေပြီး ကစားသမားသစ်များ ခေါ်ယူရန်အတွက် လာကာဇက်ကို ရောင်းချရန် စီစဉ်နေခြင်းဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။
အသက် (၂၈)နှစ်အရွယ်ရှိ လာကာဇက်သည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၆)ပွဲတွင် (၉)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
လက်ရှိတွင် လာကာဇက်အား ခေါ်ယူရန် စပိန်ထိပ်သီး အက်သလက်တီကိုမက်ဒရစ်အသင်းက စိတ်ဝင်စားနေကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။















