မန်ယူပစ်မှတ် ဆန်ချိုအား အသင်းတွင် ဆက်နေရန် မာကိုရွိုက်စ် တိုက်တွန်း

မန်ယူပစ်မှတ် ဆန်ချိုအား အသင်းတွင် ဆက်နေရန် မာကိုရွိုက်စ် တိုက်တွန်း
Photos: Getty Images
Photos: Getty Images
Published 9 April 2020

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရွိုက်စ်က မန်ယူအသင်း ခေါ်ယူရန်ပစ်မှတ်ထားခြင်းခံနေရသည့် အသင်းတောင်ပံကစားသမား ဆန်ချိုအား အသင်းတွင် ဆက်နေရန် တိုက်တွန်းခဲ့သည်။ 

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရွိုက်စ်က မန်ယူအသင်း ခေါ်ယူရန်ပစ်မှတ်ထားခြင်းခံနေရသည့် အသင်းတောင်ပံကစားသမား ဆန်ချိုအား အသင်းတွင် ဆက်နေရန် တိုက်တွန်းခဲ့သည်။ 

အသက် (၂၀) အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုအား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားနေကြပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။ 

သို့သော် မာကိုရွိုက်စ်က ဆန်ချိုအနေဖြင့် လက်ရှိအချိန်တွင် ဥရောပထိပ်တန်းအသင်းများသို့ ပြောင်းရွှေ့ရန် မသင့်တော်သေးကြောင်းနှင့် အနည်းဆုံး (၁) ရာသီ၊ (၂)ရာသီခန့် ဒေါ့မွန်အသင်းတွင် ကစားသင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

မာကိုရွိုက်စ်က "ကျွန်တော်ကတော့ ဆန်ချိုကို ဒေါ့မွန်အသင်းမှာ အနည်းဆုံး (၁) နှစ် ဒါမှမဟုတ် (၂) နှစ်လောက်အထိ ဆက်နေဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် အခုအချိန်မှာ ဆန်ချိုအတွက် ဒေါ့မွန်ထက် ကောင်းတဲ့အသင်း မရှိပါဘူး။ နောက်ပိုင်းမှာ ဆန်ချိုအနေနဲ့ ကစားသမားဘဝ ဒီထက်ပိုတိုးတက်ဖို့အတွက် ဥရောပထိပ်တန်းအသင်းကြီးဆီ ပြောင်းရွှေ့နိုင်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဒေါ့မွန်အသင်းမှာ ပုံမှန်ပွဲထွက်ကစားပြီး ဒီထက်ပိုပြီး ကောင်းမွန်အောင် ကြိုးစားသင့်သေးတယ်လို့ ကျွန်တော် ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဆန်ချိုသည် ယခုရာသီတွင် ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ (၃၅)ပွဲတွင် (၁၇)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၉)ကြိမ်အထိ ပြုလုပ်ထားကြောင်း သိရသည်။ 

ဆန်ချို၏ လက်ရှိစျေးကွက်တန်ကြေးမှာ ယူရို (၁၁၇)သန်းဖြစ်ပြီး မန်ယူအသင်းက ၎င်းကို လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အရခေါ်ယူလိမ့်မည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

 

 

Most Read

Most Recent