တပ်မတော်သားများ၏ အင်အားစာရင်းသည် ထိပ်တန်းလျှို့ဝှက် အဆင့်ထားရှိရမည့်ကိစ္စဖြစ်၍ ပေါက်ကြားပါက လျှို့ဝှက်အက်ဥပဒေအရ ပြစ်မှုမြောက်မည်ဖြစ်ကြောင်း တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး

တပ်မတော်သားများ၏ အင်အားစာရင်းသည် ထိပ်တန်းလျှို့ဝှက် အဆင့်ထားရှိရမည့်ကိစ္စဖြစ်၍ ပေါက်ကြားပါက လျှို့ဝှက်အက်ဥပဒေအရ ပြစ်မှုမြောက်မည်ဖြစ်ကြောင်း တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး
NRPC နှင့် KIO, MNTJP, PSLF, ULA တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်က အစည်းအဝေးကျင်းပစဉ်
NRPC နှင့် KIO, MNTJP, PSLF, ULA တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်က အစည်းအဝေးကျင်းပစဉ်
Published 25 March 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

တပ်မတော်သားများ၏ အင်အားစာရင်းသည် ထိပ်တန်းလျှို့ဝှက်အဆင့် ထားရှိရမည့်ကိစ္စဖြစ်၍ စာရွက်စာတမ်းများကို ဆောင်ရွက်နေသူအနေဖြင့် လုံခြုံရေးအရ ထားရှိရမည့် စာရွက်စာတမ်းများ ပေါက်ကြား ပါက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေပုဒ်မ ၅(၁)(ဃ)အရ ပြစ်မှုမြောက် မည်ဖြစ်သည့်အတွက် မြို့နယ်ကော်မရှင်အဖွဲ့ ခွဲရုံးအဖွဲ့ဝင်များ အထူးသတိထားရန် လိုအပ်ကြောင်း တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးသန်းနိုင်ဝင်းက ဆွေးနွေးသည်။

မတ် ၂၃ ရက်ကကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ ရွေးကောက်ပွဲနည်းဥပဒေများကို ပဥ္စမအကြိမ်ပြင်တင်သည့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ လွှတ်တော်၌ ဆွေးနွေးရာတွင် ဗိုလ် မှူးကြီးသန်းနိုင်ဝင်းက အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“သက်ဆိုင်ရာမဲဆန္ဒနယ်မြေရှိ တပ်မ တော်သားများ၏ အင်အားစာရင်း(မဲစာရင်း)သည် တပ်မတော်၏ သဘောသဘာဝအရ ထိပ်တန်းလျှို့ဝှက်အဆင့်ထားရှိရမည့်ကိစ္စ ဖြစ်၍ မသက်ဆိုင်သူများထံ ပေါက်ကြားမှုမရှိ စေရန် မြို့နယ်ရွေးကောက်ပွဲ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌သာ သိမ်းဆည်းထားရှိရန် ပြင်ဆင်လိုခြင်းဖြစ်ပါတယ်။  အင်အားစာရင်း သည် တပ်ရင်းတပ်ဖွဲ့၏ စာရွက်စာတမ်းလုံခြုံ ရေးဖြစ်ပြီး တပ်တွင်အဓိကကျသော  အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ တပ်အင်အား၏စာရင်းများကို မှင်နီတားပြီး ဖော်ပြပါက တပ် တွင်းရှိ၊ တပ်ပြင်ရှိအင်အားများကို မလိုအပ် သူများသိရှိ၍ လုံခြုံရေးအရ အန္တရာယ်ဖြစ် လာနိုင်ပါတယ်။ စာရွက်စာတမ်းများကို ဆောင်ရွက်နေသူအနေဖြင့်လည်း လုံခြုံရေး အရ ထားရှိရမည့်စာရွက်စာတမ်းများ ပေါက် ကြားပါက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်အက်ဥပဒေပုဒ်မ ၅(၁)(ဃ)အရ ပြစ်မှုမြောက်မှာဖြစ်တဲ့အကြောင်း မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးအဖွဲ့ဝင်များ အထူး သတိထားဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်မှူးကြီး သန်းနိုင်ဝင်းက ဆွေးနွေးခဲ့သည်။

ထို့ကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် တပ်မတော်သားများနှင့် သက်ဆိုင်ရာမဲစာရင်း၊ ကြိုတင်ဆန္ဒမဲပြုစုသူစာရင်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ ရပ် ကျေးကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာတပ် မှူးများသည် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီးသန်းနိုင်ဝင်းက ဆွေးနွေးခဲ့သည်။

ဗိုလ်မှူးကြီးသန်းနိုင်ဝင်းက “အဲဒါ ကြောင့် သက်ဆိုင်ရာမဲဆန္ဒနယ်မှာရှိတဲ့ တပ်မတော်သားများရဲ့ အင်အားစာရင်း (မဲစာရင်း) ဟာ ပေါက်ကြားမှုမရှိစေရေးအတွက် ပြင်ဆင် ရ ခြင်းဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

နည်းဥပဒေ ၅၆(က)(၄)၏ မူလပြဋ္ဌာန်း ချက်သည် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် မိမိမြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများ နှင့် အတူနေ အိမ်ထောင်စုဝင်များ၏ အမည် စာရင်းရရှိရေးအတွက် သက်ဆိုင်ရာတပ်မှူး ထံမှ စာဖြင့်တောင်းယူရမည်။ စာရင်းရရှိသည့် အခါ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေး ရွာအုပ်စုကော်မရှင်အဖွဲ့ခွဲကို ဆက်လက်ပေး ပို့ရမည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာကော်မ ရှင်အဖွဲ့ခွဲသည် စာရင်းများကို စိစစ်ပြီး ကြို တင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးရမည့် တပ်မတော်သားများနှင့်အတူနေ အိမ်ထောင် စုဝင်များ၏ စာရင်းကို ပုံစံ(၁-၂)ဖြင့် သီးခြား ရေးမှတ်ထားရမည်။ ရေးမှတ်ထားသည့် ပုံစံ (၁-၂) မိတ္တူတစ်စောင်ကို မိမိတို့ရပ်ကွက် သို့ မဟုတ် ကျေးရွာကော်မရှင်အဖွဲ့ရုံးတွင် ကပ် ထားပြီး မိတ္တူနှစ်စောင်ကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲသို့ ပေးပို့ရမည်။ မြို့နယ်ကော်မရှင်အဖွဲ့ ခွဲသည်  ယင်းပုံစံ(၁-၂) တစ်စောင်ကို လက်ခံ အဖြစ် သိမ်းဆည်းထားပြီး ကျန်တစ်စောင်ကို မိမိရုံးတွင် ကပ်ထားရမည်ဟု ပြဋ္ဌာန်းထား သည်။

ယင်းမူလပြဋ္ဌာန်းချက်ကို မြို့နယ်ကော် မရှင်အဖွဲ့ခွဲသည် မိမိမြို့နယ်အတွင်းရှိ တပ် ရင်းတပ်ဖွဲ့များမှ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေအိမ်ထောင် စုဝင်များ၏  အမည်စာရင်းရရှိရေးအတွက် သက်ဆိုင်ရာတပ်မှူးထံမှ “စာဖြင့်” တောင်းယူ ရမည်။ ထိုစာရင်းများရရှိသည့်အခါ သက် ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ဆက်လက်ပေးပို့ရမည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာကော်မရှင်အဖွဲ့ခွဲ သည် ယင်းစာရင်းများကို ပုံစံ(၁)နှင့် တိုက် ဆိုင်စစ်ဆေး၍ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးရမည့် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၏စာရင်းကို ပုံစံ(၁-၂)ဖြင့် သီးခြားရေးမှတ်ထားပြီး မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွင် လျှို့ဝှက်သိမ်း ဆည်းထားရှိရမည်ဟု ပြင်ဆင်လိုကြောင်း ဗိုလ်မှူးကြီးသန်းနိုင်ဝင်းက ဆွေးနွေးခဲ့သည်။

 

 

 

Most Read

Most Recent