သိမ်းဆည်းမြေယာများနှင့် ပတ်သက်၍ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့သည့် တောင်သူများနှင့် မြေယာအရေးလှုပ်ရှားသူများအား အောင်မြေသာစံမြို့နယ် တရားရုံးက ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဖြင့် ထောင်ဒဏ်တစ်လချမှတ်

သိမ်းဆည်းမြေယာများနှင့် ပတ်သက်၍ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့သည့် တောင်သူများနှင့် မြေယာအရေးလှုပ်ရှားသူများအား အောင်မြေသာစံမြို့နယ် တရားရုံးက ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဖြင့် ထောင်ဒဏ်တစ်လချမှတ်
Published 4 March 2020
ဌေးလှအောင်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းမြေယာပြဿနာများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်က မန္တလေးမြို့ ပေါ်တွင် သပိတ်စခန်းဖွင့် တောင်းဆိုဆန္ဒ ထုတ်ဖော်ခဲ့သည့် တောင်သူများနှင့် မြေယာ အရေးတက်ကြွ လှုပ်ရှားသူ စုစုပေါင်းကိုးဦးကို အောင်မြေသာစံမြို့နယ်တရားရုံးက မတ် ၃ ရက် မွန်းလွဲပိုင်းတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀ ဖြင့် ထောင်ဒဏ်တစ်လ ချ မှတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြေယာ သိမ်းဆည်းခံ တောင်သူများက မန္တလေးမြို့ပေါ်၌ သပိတ်စခန်းဖွင့် တောင်းဆိုဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ တောင်သူများနှင့် မြေယာအရေးတက်ကြွ လှုပ်ရှားသူ ၁၁ ဦးအား ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဖြင့် အောင်မြေသာ စံမြို့နယ်တရားရုံး၌ တရားစွဲဆိုထားရာ  အမှု လာရောက်ရင်ဆိုင်ခဲ့ကြသည့်ကိုးဦးအား အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ တရားရုံးသို့ အမှုလာရောက်ရင်ဆိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

“ကျွန်တော်တို့ကို တရားရုံးကနေ ထောင် ဒဏ်တစ်လ ချလိုက်တယ်။ အဲဒီလို ထောင် ဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာ ကျွန်တော်တို့ဘက်က ပြောစရာဘာမှမရှိဘူး။ ဒါပေမဲ့ လက် ရှိ ကျွန်တော်တို့နိုင်ငံရဲ့ ဖြစ်နေတဲ့ တရားစီရင် ရေးစနစ်ရဲ့ ပြယုဂ်တစ်ခုပဲ။ ကျွန်တော်တို့က ဥပဒေအကြောင်းကို နားလည်ပြီးသားပါ။ ဒီ ကနေ့ တရားစီရင်ရေးစနစ်ရဲ့ လွဲမှားစွာဆောင် ရွက်နေတဲ့အရာတွေနဲ့ တိုင်းပြည်အတွက်အကျိုးမရှိတဲ့ စီရင်ပုံတွေကို ဆက်ပြီးတော့ဆောင်ရွက်ရမှာဖြစ်တယ်။ ဒီနေ့အမိန့်ချလိုက်တာ ကတော့ စုစုပေါင်း ကိုးယောက်ကို ငြိမ်းစုစီ ပုဒ်မ ၂၀ အရ တစ်လချလိုက်တာပါ။ ကျွန်တော်တို့ကို ရဲတပ်ဖွဲ့က စတင်တရားစွဲတင်ပို့ ရာမှာ ကျွန်တော်တို့ရဲ့ မိဘတွေအမည်ကို တောင် မှန်အောင်ရေးထားတာ မတွေ့ရဘူး။ ကျွန်တော်တို့ကတော့ ဒီနေ့အမိန့်ချမှတ်လိုက် တာကို ကျေနပ်မှု မရှိဘူး။ ကျွန်တော်တို့က သက်ဆိုင်ရာကို ခွင့်ပြုချက်တင်ပြီးတော့ သ ပိတ်စခန်းဖွင့်ခဲ့တာပါ။ မန္တလေးတိုင်းဒေသကြီး အတွင်းက တောင်သူလယ်သမားတွေရဲ့ မြေ ယာပြဿနာတွေအတွက် တောင်းဆိုပေးခဲ့ တာပါ။ အခုလို ထောင်ဒဏ်ချမှတ်လိုက်တာက တရားမျှတမှု မရှိပါဘူး”ဟု ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခံခဲ့ ရသည့် မြေယာအရေးတက်ကြွ လှုပ်ရှားသူများက ပြောကြားသည်။

ထိုသို့ ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ ဖြင့် ထောင်ဒဏ်တစ်လချမှတ်မှုအပေါ် ကျေနပ်မှု မရှိသကဲ့သို့ တရားမျှတမှုမရှိကြောင်း ထောင် ဒဏ်ချမှတ်ခံခဲ့ရသည့် တောင်သူများက ဆက် လက်ပြောကြားသည်။

“၂၀၁၆ ခုနှစ်က ထပ်မံပြင်ဆင်ရေးဆွဲခဲ့တဲ့ ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ နဲ့ ထောင်ဒဏ် တစ်လ ချမှတ်လိုက်တာဖြစ်ပါတယ်။ အဲဒီ ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဆိုတာက ဒေသန္တရ က ချမှတ်ထားတဲ့အမိန့်ကို မနာခံလို့ရှိရင် ထောင်ဒဏ်တစ်လ သို့မဟုတ် ငွေဒဏ် ကျပ် တစ်သောင်းလို့ ပြဋ္ဌာန်းထားတယ်။ အမိန့်ချ တာနဲ့ပတ်သက်ပြီးတော့ ပြောရရင် ဥပဒေ ကိုက အစကတည်းက မှားနေတာဗျ။ အဲဒီလို ဥပဒေကလည်း မှားလာတော့ ဥပဒေကိုအ သုံးပြုကြတဲ့ ရဲဌာနရော၊ တရားရုံးရော အကုန် မှားနေတာပေါ့။ ဒေသန္တရဥပဒေဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီးတော့ ရေးဆွဲထားတာဖြစ်လို့ပဲ။ ဖွဲ့စည်းပုံမှာ ပြော ထားတာက သူတို့ဆန္ဒပြတဲ့အချိန်ကာလဟာ အရေးပေါ်ကာလမဟုတ်ဘူး။ အဓိကရုဏ်း တွေဖြစ်နေတဲ့ ကာလမဟုတ်ဘူး။ ဒါကို ခွင့်ပြု ပေးလို့ရလျက်သားနဲ့ ဒါကို ဒေသန္တရနဲ့ ချုပ် ကိုင် လိုက်တာက ဒေသန္တရအမိန့်ဟာ ဖွဲ့စည်း ပုံကိုကျော်လွန်နေတာဖြစ်တဲ့အတွက် ဥပဒေ ကိုက မတရားဘူးလို့ ပြောရမှာ။ ဥပဒေကိုက မတရားဘူးဖြစ်နေတဲ့အတွက် ဥပဒေကို အ သုံးပြုနေတဲ့ ရဲဌာနရော၊ တရားရုံးရောက အ ကုန်အမှားတွေဖြစ်ကုန်တယ်။ ဒါက မလုပ် သင့်တဲ့ ဥပဒေပုဒ်မလို့ ကျွန်တော်က ထင်ပါ တယ်။ ဒီလို တောင်သူတွေကို ထောင်ဒဏ်ချ မှတ်လိုက်တာက ဘယ်လိုမှမဖြစ်သင့်ဘူးလို့ ကျွန်တော်ကမြင်တယ်။ အစိုးရစနစ်ဟာ ယဉ် ကျေးတဲ့စနစ်ကို ပြောင်းလဲသင့်တဲ့ကာလ ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေအ ပေါ်မှာ ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲထောင် ချနေတာတွေအားလုံးက မဖြစ်သင့်တော့ဘူး။ လူထုအစိုးရတက်လာတဲ့ကာလမှာ ဒီလိုတွေ မဖြစ်သင့်တော့ဘဲနဲ့ ယဉ်ကျေးသိမ်မွေ့စွာနဲ့ ဖြေရှင်းသင့်ပါတယ်” ဟု တောင်သူများဘက်မှ အခမဲ့ ရှေ့နေလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့်  တရားလွှတ်တော်ရှေ့နေ ဦးဆန်းထွန်းအောင် က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လဆန်းပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် ၁၀ မြို့နယ်ခန့်မှ မြေယာပြဿနာများဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံတောင်သူ များက ၎င်းင်းတို့ကြုံတွေ့နေရသည့် မြေယာ ပြဿနာများကို အစိုးရက အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးရန် သပိတ်စခန်းဖွင့်တောင်း ဆို ဆန္ဒထုတ်ဖော်ခဲ့ရာ ရဲတပ်ဖွဲ့က အဆိုပါ သပိတ်စခန်းကို ဇူလိုင် ၂၈ ရက် နံနက်အစော ပိုင်းတွင် အင်အားသုံးဖြိုခွဲခဲ့ပြီး ဦးဆောင်သူ ၁၁ ဦးအား ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဖြင့် အမှု ဖွင့်တရားစွဲဆိုခဲ့သည်။

ထိုသို့ ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ ဖြင့် အမှု ဖွင့် တရားစွဲဆိုခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ် မတ် ၃ ရက်၌ နှစ်နှစ်ကျော်ကြာမြင့်ချိန်တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                                  

 

 

 

Most Read

Most Recent