သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် ရန်ကုန်မြို့ရှိစက်မှုဇုန်များတွင် CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်း၊ အိတ်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းများကို ဒေါ်လာ ၂၄ သန်းနီးပါး ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်

သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် ရန်ကုန်မြို့ရှိစက်မှုဇုန်များတွင် CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်း၊ အိတ်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းများကို ဒေါ်လာ ၂၄ သန်းနီးပါး ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်
သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 3 March 2020
နီလာ

သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် ဒေါ်လာ ၂၄ သန်းနီးပါးရင်းနှီးမြှုပ်နှံကာ CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ငန်း၊ အိတ်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

သီလဝါစက်မှုဇုန်တွင် ဒေါ်လာ ၂  ဒသမ ၀၈၇ သန်း ရင်းနှီးမြှုပ်နှံကာ Fineline Company Limited (ဟောင်ကောင်)က CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်မည်ဖြစ်သည်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ စက်မှုဇုန်တွင် Genesis Myanmar Garment Co., Ltd က ဒေါ်လာ ၄ ဒသမ ၂၈၅ သန်း မြှုပ်နှံကာ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည်ဟုသိရသည်။

ထို့ပြင် South Frame Myanmar Limited, Estonia က ဒေါ်လာ ၀ ဒသမ ၈၅၂ ရင်းနှီးမြှုပ်နှံကာ CMP စနစ်ဖြင့် ဓာတ်ပုံပေါင်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည်ဖြစ်သည်။

၀ါးတစ်ရာစက်မှုဇုန်တွင် Myanmar Journey Bags Co. Ltd (ဟောင်ကောင်) က ဒေါ်လာ ၁ ဒသမ ၆၂၂ သန်းမြှုပ်နှံကာ CMP စနစ်ဖြင့် အိတ်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်မည်ဖြစ်သည်။

ရွှေပြည်သာမြို့နယ်အတွင်း ထိုင်ဝမ်ကုမ္ပဏီ Kai Sheng (Myanmar) Industrial က ဒေါ်လာ ၀ ဒသမ ၉၁၁ သန်းမြှုပ်နှံကာ CMP စနစ်ဖြင့် အိတ်အမျိုးမျိုးချုပ် လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည်ဖြစ်သည်။

ထို့ပြင် Jiangsu Soho (Myanmar) Garment Company Limited (တရုတ်) က ဒေါ်လာ ၁ ဒသမ ၂ သန်းမြှုပ်နှံကာ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည်ဟု သိရသည်။

လှိုင်သာယာမြို့နယ်အတွင်း Si Yuan (Myanmar) Co. Ltd ဟောင်ကောင်က ဒေါ်လာ ဝဒသမ ၉၀၆ သန်းမြှုပ်နှံကာ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ် လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည်ဖြစ်သည်။

သာဓုကန်စက်မှုဇုန်အတွင်း Sunrise (Myanmar) Fashion Co., Ltd (တရုတ်) က ဒေါ်လာ ၄ ဒသမ ၅ သန်းမြှုပ်နှံကာ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည်ဖြစ်သည်။

ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၄)အတွင်း Ziran Non – Woven (Myanmar)  Company Limited (ဟောင်ကောင်) က ဒေါ်လာ ၂ ဒသမ ၉ သန်း ရင်းနှီးမြှုပ်နှံကာ  ပေါ်လီအက်စတာအမျှင်အမျိုးမျိုးထုတ်လုပ်၍ CMP  စက်ရုံများနှင့် ပြည်ပသို့ တင်ပို့ရောင်းချသည့်လုပ်ငန်းလုပ်ကိုင်မည်ဖြစ်သည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန်အတွင်း All and Fashion Limited (တရုတ်)က ဒေါ်လာ ၁ ဒသမ ၀၀၂ သန်းမြှုပ်နှံကာ  CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည်ဖြစ်သည်။

ရွှေပြည်သာမြို့နယ်အတွင်း တရုတ်ကုမ္ပဏီတစ်ခုက ဒေါ်လာ ၁ ဒသမ ၅ သန်း၊ မြစိမ်းရောင်စက်မှုဇုန်တွင် တရုတ်ကုမ္ပဏီတစ်ခုက ဒေါ်လာနှစ်သန်း၊ လှိုင်သာယာမြို့နယ်အတွင်း တရုတ်ကုမ္ပဏီတစ်ခုက ဒေါ်လာ တစ်သန်းမြှုပ်နှံကာ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည်ဟု သိရသည်။

ထို့ပြင် သာဓုကန်စက်မှုဇုန်အတွင်း တရုတ်ကုမ္ပဏီတစ်ခုက ဒေါ်လာ ၁ ဒသမ ၂၆၂ သန်းမြှုပ်နှံကာ CMP စနစ်ဖြင့် အမျိုးသမီးဝတ်ဘရာစီယာ၊ အတွင်းခံဘောင်းဘီ ချုပ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည်ဖြစ်သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ စက်မှုဇုန်အတွင်း ဟောင်ကောင်ကုမ္ပဏီတစ်ခုက ဒေါ်လာ ၀ ဒသမ ၆၈၀ သန်းမြှုပ်နှံကာ CMP စနစ်ဖြင့် ဘေးကင်းလုံခြုံရေးဝတ်စုံများနှင့် လုပ်ငန်းသုံး ကိရိယာတန်ဆာပလာများ ထုတ်လုပ်ခြင်း လုပ်ကိုင်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ(၃/ ၂၀၂၀)တွင် အတည်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း ၈၉၂၀ ဦးဖန်တီးပေးနိုင်မည်ဟု သိရသည်။

 

 

Most Read

Most Recent