ရန်ကုန်စတော့အိတ်ချိန်း၏ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ အရောင်းအဝယ်ဖြစ်မှု ကျပ် ၁ ဒသမ ၄၈ ဘီလျံကျော်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ကျပ်တစ်ဘီလျံကျော် အရောင်းအဝယ်ဖြစ်ပေါ်မှု မြင့်တက်

ရန်ကုန်စတော့အိတ်ချိန်း၏ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ အရောင်းအဝယ်ဖြစ်မှု ကျပ် ၁ ဒသမ ၄၈ ဘီလျံကျော်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ကျပ်တစ်ဘီလျံကျော် အရောင်းအဝယ်ဖြစ်ပေါ်မှု မြင့်တက်
Published 3 March 2020

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ကျပ် ၁ ဒသမ ၄၈ ဘီလျံကျော်ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ကျပ်တစ်ဘီလျံကျော် အရောင်းအဝယ် မြင့်တက်မှု ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ လအလိုက် အရောင်းအဝယ်ဖြစ်မှု စာရင်းများအရ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ လစဉ်အရောင်းအဝယ် ဖြစ်မှုများတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက ကျပ် ၇၄၀၃ သိန်းကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ကျပ်သိန်း ၄၀၉၀ ကျော်အထိ ကျဆင်းခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ကျပ် ၁ ဒသမ ၄၈ ဘီလျံကျော်သို့ မြင့်တက်ကာ ယမန်နှစ်ကာလတူထက် ကျပ်တစ်ဘီလျံကျော် အရောင်းအဝယ် ဖြစ်ပေါ်မှု မြင့်တက်လာခဲ့သည်။

အလားတူ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ရန်ကုန် စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ကျပ် ၁ ဒသမ ၂၅ ဘီလျံကျော်ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ကျပ်သိန်း ၇၂၀၀ ကျော် အရောင်းအဝယ် မြင့်တက်မှု ဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် နှစ်စဉ် ဇန်နဝါရီလများတွင် အရောင်းအဝယ်ဖြစ်မှု များအဖြစ် ၂၀၁၈ ခုနှစ်တွင် ကျပ် ၂ ဒသမ ၈၂ ဘီလျံကျော်၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁ ဒသမ ၂၁ ဘီလျံကျော်နှင့် ၂၀၁၉ ခုနှစ်တွင် ကျပ် ၅၂၆၂ သိန်းကျော်ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင်မူ ကျပ် ၁ ဒသမ ၂၅ ဘီလျံကျော်ဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၁၉ နှစ်စမှစတင်ပြီး ဧပြီအထိ ကျပ်သိန်းထောင် ဂဏန်းသာ အရောင်းအဝယ် ဖြစ်နေခဲ့ပြီး မေ လတွင် ကျပ် ၁ ဒသမ ၄ ဘီလျံကျော်၊ ဇွန် လတွင် ကျပ် ၁ ဒသမ ၃ ဘီလျံကျော်၊ ဇူလိုင် တွင် ကျပ် ၁ ဒသမ ၂ ဘီလျံကျော်၊ သြဂုတ် တွင် ကျပ် ၁ ဒသမ ၉ ဘီလျံကျော်၊ စက်တင် ဘာတွင် ကျပ် ၂ ဒသမ ၄ ဘီလျံကျော်၊ အောက်တိုဘာတွင် ကျပ် ၁ ဒသမ ၃ ဘီလျံ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ရာမှ နိုဝင်ဘာ တွင် ကျပ် ၉၉၂၆ သိန်းကျော်သို့ ကျဆင်းလာ ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ၂၀၁၉ ခုနှစ် မေလမှ အောက်တိုဘာအထိ လစဉ်ကျပ်တစ်ဘီလျံ ကျော်အထက် အရောင်းအဝယ်ဖြစ်ပေါ်နေ မှုမှာ နိုဝင်ဘာလတွင် ပြန်လည်ကျဆင်းလာ ပြီး ကျပ်သိန်း ၉၉၂၆ သို့ ပြန်လည်ကျဆင်း ခဲ့ပြီးနောက် ဒီဇင်ဘာတွင်လည်း ကျပ်သိန်း ၇၉၄၀ ကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး စျေးကွက်ကျဆင်းမှု ဖြစ်ပေါ်နေရာမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ပြန်လည်မြင့်တက် ကာ ကျပ် ၁ ဒသမ ၂၅ ဘီလျံကျော်အထိ ဖြစ် ပေါ်လာခဲ့သည်။

၂၀၁၆ ခုနှစ် မတ်လတွင် စတင်ခဲ့့သည့် ရန်ကုန်စတော့အိတ်ချိန်းသည် လက်ရှိတွင် သက်တမ်းငါးနှစ် ရှိလာခဲ့ပြီဖြစ်ပြီး စတင်ခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း ကျပ် ၇၀ ဒသမ ၇၄ ဘီလျံကျော်ဖိုး အရောင်းအဝယ်ဖြစ်ခဲ့ သော်လည်း ၂၀၁၇ ခုနှစ် အတွင်း ကျပ် ၂၂  ဒသမ ၁၃ ဘီလျံကျော်သာအ ရောင်းအဝယ် ဖြစ်ပေါ်ကာ ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီတစ်ခု တိုးလာသကဲ့သို့ နေ့စဉ်အရောင်းအဝယ်ပြုသည့် အကြိမ်ရေ လေးကြိမ်အထိ တိုးမြှင့်ခဲ့ သော်လည်း အရောင်းအဝယ်ကျဆင်းကာ ရှယ်ယာအရောင်းအဝယ်ဖြစ်မှု ကျပ် ၁၁ ဘီ လျံကျော်သာရှိခဲ့ပြီး Block Trading အရောင်းအဝယ် ဖြစ်မှုတွင်လည်း ၂၀၁၇ ခုနှစ်ထက် ကျပ်ငါးဘီလျံခန့် ကျဆင်းခဲ့သည်။

ထိုသို့ကျဆင်းခဲ့ရာမှ ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ၂၀၁၈ ခုနှစ်ကထက် ကျပ်နှစ်ဘီလျံခန့် မြင့်တက်လာပြီး စုစုပေါင်း ကျပ် ၁၃ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။

 

Most Read

Most Recent