စီးရီးအေပွဲစဉ် (၂၆)နှင့် ဘွန်ဒစ်လီဂါပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၂၆)နှင့် ဘွန်ဒစ်လီဂါပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက်
Photo: Football Predictions Twitter
Photo: Football Predictions Twitter
Published 1 March 2020

လက်ချီ - အတ္တလန်တာ (တနင်္ဂနွေည ၈:၃၀ နာရီ)

လက်ချီရဲ့ မူလခံစစ်ကစားပုံက အားနည်းချက်တွေများသလို၊ တိုက်စစ်အားသန်အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဂိုးတွေ ပိုပေးရလေ့ရှိတယ်။ ရိုးမားကို ဂိုးပြတ်ရှုံးတဲ့ပွဲမှာ လက်ချီရဲ့ အဲဒီအားနည်းချက်က ပိုသိသာခဲ့တယ်။ အတ္တလန်တာက ဥရောပထိပ်တန်းလိဂ်ငါးခုမှာ တိုက်စစ်အားအကောင်းဆုံးအသင်းတစ်သင်းဖြစ်လို့ လက်ချီဘက်ကို ဂိုးသွင်းယူဖို့မခက်ပါဘူး။ အတ္တလန်တာ အနိုင်သေချာပြီး နှစ်သင်းပေါင်းသွင်းဂိုးများပါမယ်။

 

ကာဂလီယာရီ - ရိုးမား (တနင်္ဂနွေည ၁၁:၃၀ နာရီ)

အိမ်ကွင်းနောက်ဆုံး(၄)ပွဲဆက် ကာဂလီယာရီ နိုင်ပွဲပျောက်ဆုံးထားပေမယ့် အစဉ်အလာအရ အိမ်ကွင်းမှာ ရိုးမား ကို ကာဂလီယာရီ ဒုက္ခပေးနိုင်လေ့ရှိတယ်။ အဝေးကွင်းမှာ ဂိုးတွေပိုပေးရလေ့ရှိတဲ့ ရိုးမားကြောင့်လည်း ကာဂလီယာရီ အခွင့်အရေးရနိုင်ပါတယ်။ ရိုးမားက ယူရိုပါလိဂ်ကြောင့် အာရုံများနေ နိုင်တဲ့အချိန်ဖြစ်နေလို့လည်း ကာဂလီယာရီ ရလဒ်ကောင်းမယ် ထင်တယ်။ 

 

အူန်ယွန်းဘာလင် - ဝုလ်ဖ်ဘတ် (တနင်္ဂနွေည ၇:၀၀ နာရီ)

ဝုလ်ဖ်ဘတ်အသင်း အတော်လေးတည်ငြိမ်လာပြီး ဥရော ပဝင်ခွင့်တောင် မျှော်လင့်လာနိုင်တယ်။ အဝေးကွင်းမှာ ဝုလ်ဖ်ဘတ် အမှတ်ထပ်ယူဖို့များပါတယ်။

 

လိုက်ပ်ဇစ် - လေဗာကူဆင် (တနင်္ဂနွေည ၉:၀၀ နာရီ)

လိုက်ပ်ဇစ်က ကြားရက်မှာ ဥရောပပွဲမရှိပေမယ့် လေဗာ ကူဆင်ကတော့ ပေါ်တိုနဲ့ ယူရိုပါလိဂ်ကစားခဲ့ရလို့ ပွဲပိုပန်းနေ တယ်။ ဒါပေမဲ့ လေဗာကူဆင် ပုံစံကောင်းရနေလို့ လိုက်ပ်ဇစ် ဂိုးပြတ်ဖို့မလွယ်လောက်ဘူး။

 

Most Read

Most Recent