စီးရီးအေပွဲစဉ်(၂၆) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်(၂၆) ပွဲကြိုသုံးသပ်ချက်
Photos : Lazio, Napoli
Photos : Lazio, Napoli
Published 29 February 2020

လာဇီယို နှင့် ဘိုလော့ဂ်နာ (စနေည ၈း၃၀ နာရီ)

ချန်ပီယံဆုပြိုင်ဆိုင်မှုလမ်းပေါ်က အနီးဆုံးပြိုင်ဘက်နှစ်သင်း ထိပ်တိုက်တွေ့နေချိန်မှာ လာဇီယို အမှားခံမယ်မထင်ဘူး။ ခံစစ်က ဂိုးတွေပြန်ပေးနေရပေမယ့် အီမိုဘီလီ ဦးဆောင်တဲ့တိုက်စစ်ကစားဟန်ကြောင့် နိုင်ပွဲတွေရယူနေဆဲပါပဲ။ ဘိုလော့ဂ်နာက အဝေး ကွင်းရလဒ်မဆိုးဘဲ ရိုးမားကို ရောမမြေမှာ နိုင်ပွဲရထားလို့ လာဇီယို ပေါ့ဆလို့တော့မရဘူး။ ဒါပေမဲ့ အိမ်ကွင်း(၁၃)ပွဲမှာ (၃၇)ဂိုးအထိ သွင်းထားနိုင်တဲ့ လာဇီယို နိုင်မယ်။ (၂)ဂိုးပြတ်မယ်။

အူဒီးနီးစ် နှင့် ဖီအိုရင်တီးနား (စနေည ၁၁း၃၀ နာရီ)

နှစ်သင်းစလုံးရလဒ်တွေယိမ်းယိုင်နေပြီး အူဒီးနီးစ်က အခြေအနေပိုဆိုးပါတယ်။ တန်းဆင်းဧရိယာနဲ့ နီးကပ်နေတဲ့ အူဒီးနီးစ်က အမှတ်ပိုလိုအပ်နေပေမယ့် စုဖွဲ့မှုနဲ့ ကစားဟန်အရ ဖီအိုရင်တီးနားက ပိုပြီးတည်ငြိမ်ပါတယ်။ နှစ်သင်းပေါင်းသွင်းဂိုးများနိုင်ပြီး အူဒီးနီးစ် မရှုံးအောင် ကစားပါလိမ့်မယ်။

နာပိုလီ နှင့် တိုရီနို (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)

နာပိုလီရဲ့ စိတ်ဓာတ်နဲ့ ကစားပုံ တိုးတက်လာတယ်။ တိုက်စစ်မှာ မီလစ်ခ်ကလွဲပြီး ကစားသမားပြန်စုံလာသလို၊ မာတင်စ် ကလည်း သွင်းဂိုးစံချိန်တွေရယူပြီး ဂိုးပြန်မြူးနေပါတယ်။ တိုရီနိုက အစစအရာရာအားနည်းနေပြီး တန်းဆင်းဧရိယာထဲ နစ်မွန်း တော့မယ့် အလားအလာမြင်နေရတယ်။ ကစားသမားကောင်းတွေရှိပေမယ့် တိုရီနိုက တိုက်ပွဲဝင်စိတ်ဓာတ်အားနည်းလွန်းပါ တယ်။ နာပိုလီ အနိုင်သေချာတယ်။ (၂)ဂိုးပြတ်နိုင်မယ်။

 

Most Read

Most Recent