ပရီးမီးယားလိဂ်ပွဲစဉ်(၂၈) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၂၈) ပွဲကြိုသုံးသပ်ချက်
Published 29 February 2020

ဘရိုက်တန် နှင့် ခရစ္စတယ်ပဲလေ့စ် (စနေည ရးဝ၀ နာရီ)

ဘရိုက်တန်က ပဲလေ့စ်လောက် လူအင်အားမတောင့်ဘူးလို့ ပြောနိုင်ပေမယ့် ခြေစွမ်းတည်ငြိမ်ပြီး၊ အိမ်ကွင်းရလဒ်လည်း မဆိုးဘူး။ ဘရိုက်တန်ပဲ ကြိုက်တယ်။

ဘုန်းမောက် နှင့် ချယ်လ်ဆီး (စနေည ၉း၃၀ နာရီ)

ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ပြီးတဲ့နောက် ချယ်လ်ဆီးက ပရီးမီးယားလိဂ်ကို ပိုအာရုံစိုက်ရတော့မှာဖြစ်တယ်။ ထိပ်ဆုံး (၄)သင်းထဲက မထွက်ရဖို့အတွက် လက်ကျန်ပွဲစဉ်တွေကို အပြည့်အဝအာရုံစိုက်ရမှာဖြစ်ပြီး လုပ်နိုင်ခဲ့ရင် လမ်းပတ်အတွက် အောင်မြင်တဲ့ရာသီလို့ ဆိုရမယ်။ ဘုန်းမောက်က အခုအချိန်မှာ တော်တော်လေးအားနည်းနေပြီး ချယ်လ်ဆီးကို တားဆီးဖို့ မလွယ်ဘူး။ ချယ်လ်ဆီး နိုင်မယ်။

နယူးကာဆယ် နှင့် ဘန်လေ (စနေည ၁၂းဝ၀ နာရီ)

နယူးကာဆယ်လည်း တန်းမဆင်းရအောင် တော်တော်ရုန်းရမယ်။ အသင်းတွင်း ပြဿနာတွေကလည်း မငြိမ်းနိုင်ဘူး။ လက်ရှိအချိန်က ဘန်လေရဲ့ အကောင်းဆုံးအချိန်ပါ။ ဘန်လေ နိုင်မယ်။

ဝက်စ်ဟမ်း နှင့် ဆောက်သမ်တန် (စနေည ၁၂းဝ၀ နာရီ)

ဝက်စ်ဟမ်း ရလဒ်တွေဆက်တိုက်ဆိုးနေတာက ပွဲကျပ်တာလည်းပါတယ်။ သူတို့ကိုယ်တိုင်က အားရစရာမရှိတာကြောင့်လည်းပါတယ်။ လီဗာပူးလ်ကို အကြိတ်အနယ် ကစားနိုင်ခဲ့တာကိုကြည့်ပြီး အထင်ကြီးလို့မရတဲ့အသင်းလည်းဖြစ်တယ်။ အထူးသဖြင့် ခံစစ်ပြဿနာကို မဖြေရှင်းနိုင်တာက တော်တော်ဆိုးတယ်။ ဆောက်သမ်တန်က ဝက်စ်ဟမ်းထက် ပိုကောင်းတဲ့အသင်းပါ။ ဆောက်သမ်တန်ပဲကြိုက်တယ်။

ဝက်ဖို့ဒ် နှင့် လီဗာပူးလ် (စနေည ၁၂းဝ၀ နာရီ)

ဗီလာ၊ အဲဗာတန်တို့ကို ရှုံးခဲ့တဲ့ပွဲတွေမှာ ဝက်ဖို့ဒ်ကစားတာမဆိုးပေမယ့် မန်ယူနဲ့ပွဲမှာတော့ ဝက်ဖို့ဒ်ခြေစွမ်းက တော်တော်လေးအားနည်းခဲ့တယ်။ ဒီပုံစံနဲ့ လီဗာပူးလ်ကို တုံ့ပြန်နိုင်ဖို့လည်း မလွယ်ဘူး။ လီဗာပူးလ်က ပွဲတိုင်းကို အားထည့်ကစားနေပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာ ကပ်နိုင်ခဲ့တာကလည်း ဝေဖန်စရာဆိုတာထက် မထင်မှတ်ဘဲ ခက်ခဲခဲ့တဲ့အချိန်မှာ တောင် မှန်မှန်ကန်ကန်တုံ့ပြန်နိုင်တာပဲ မြင်ရတယ်။ လီဗာပူးလ်ပဲ နိုင်မယ်။

Most Read

Most Recent