ဘုန်းမောက်နှင့်ပွဲကို အေဘရာဟမ် လွဲချော်မည်ဟု လမ်းပတ် အတည်ပြု 

ဘုန်းမောက်နှင့်ပွဲကို အေဘရာဟမ် လွဲချော်မည်ဟု လမ်းပတ် အတည်ပြု 
Photos: Getty Images
Photos: Getty Images
Published 29 February 2020

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က အသင်းတိုက်စစ်မှူး အေဘရာဟမ်သည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘုန်းမောက်နှင့် ကစားမည့်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က အသင်းတိုက်စစ်မှူး အေဘရာဟမ်သည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘုန်းမောက်နှင့် ကစားမည့်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ဖေဖော်ဝါရီ (၂၉)ရက် (စနေနေ့)တွင် ဘုန်းမောက်အသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲ ကစားရမည်ဖြစ်ပြီး ယင်းပွဲတွင် အေဘရာဟမ် ပါဝင်နိုင်မည်မဟုတ်ကြောင်း လမ်းပတ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

လမ်းပတ်က "အေဘရာဟမ်ရဲ့ ဒဏ်ရာပြဿနာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဖြေရှာနေပါတယ်။ သူက ဒဏ်ရာအနေအထားက ခန့်မှန်းရခက်ပါတယ်။ အေဘရာဟမ်အနေနဲ့ ဒီရက်ပိုင်းအတွင်း ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ ပြီးတော့ သူ့အနေနဲ့ ဘယ်အချိန်ထိ အနားယူရမယ်ဆိုတာကိုလည်း ကျွန်တော် မသိပါဘူး"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၂)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်သည် ဇန်နဝါရီ (၂၁)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး (၂-၂) အာဆင်နယ်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ 

၎င်းသည် အဆိုပါဒဏ်ရာရရှိပြီးနောက် ချယ်လ်ဆီးအသင်း၏ ပွဲစဉ်အများစုတွင် အရန်အဖြစ် ပါဝင်ကစားခဲ့ပြီး ဖေဖော်ဝါရီ (၂၅)ရက်က ဘိုင်ယန်မြူးနစ်အသင်းအား (၀-၃)ဂိုးဖြင့် ရှုံးနိမ့်သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင်လည်း လူစားဝင်ကစားခဲ့သည်။ 

အေဘရာဟမ်သည် ချယ်လ်ဆီးအသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၃၄)ပွဲတွင် (၁၅)ဂိုး သွင်းယူပေးထားသူဖြစ်ပြီး ၎င်း မကစားနိုင်ခြင်းမှာ အသင်းအတွက် ထိုးနှက်ချက်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

 

Most Read

Most Recent