ဘရူနိုဖာနန်ဒက်စ်ကြောင့် မန်ယူအသင်း၏ပွဲစဉ်များကို စောင့်ကြည့်ရသည့်မှာ စိတ်လှုပ်ရှားကောင်းကြောင်း ပေါလ်စခိုးလ် ဆို

ဘရူနိုဖာနန်ဒက်စ်ကြောင့် မန်ယူအသင်း၏ပွဲစဉ်များကို စောင့်ကြည့်ရသည့်မှာ စိတ်လှုပ်ရှားကောင်းကြောင်း ပေါလ်စခိုးလ် ဆို
Photo: Getty Images
Photo: Getty Images
Published 28 February 2020

မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ဘရူနိုဖာနန်ဒက်စ်ကြောင့် မန်ယူအသင်း၏ပွဲစဉ်များကို စောင့်ကြည့်ရသည်မှာ စိတ်လှုပ်ရှားစရာကောင်းကြောင်း ပြောကြားခဲ့သည်။ 

မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ဘရူနိုဖာနန်ဒက်စ်ကြောင့် မန်ယူအသင်း၏ပွဲစဉ်များကို စောင့်ကြည့်ရသည်မှာ စိတ်လှုပ်ရှားစရာကောင်းကြောင်း ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စပို့တင်းလစ္စဘွန်းအသင်းမှ ပြောင်းရွှေ့လာသည့် ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်း၌ ခြေစွမ်းပြနေပြီး ဖေဖော်ဝါရီ (၂၇)ရက်က ကလပ်ဘရုဂေးအသင်းအား (၅-၀)ဂိုးဖြင့် အနိုင်ရသည့် ယူရိုပါလိဂ်ရှုံးထွက် (၃၂)သင်းအဆင့်ပွဲတွင် မန်ယူအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။ 

ပေါလ်စခိုးလ်က ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်းကို အသက်သွင်းပေးနေသူဖြစ်ပြီး ၎င်းကြောင့် မန်ယူအသင်းမှာ ပိုကောင်းလာကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ကလပ်ဘရုဂေးနဲ့ပွဲမှာ မန်ယူအသင်းရဲ့ စွမ်းဆောင်မှုက အရမ်းကောင်းပါတယ်။ အဲဒီပွဲမှာ ဘရူနိုဖာနန်ဒက်စ်က ပွဲကို ထိန်းချုပ်ခဲ့တာပါ။ သူက မန်ယူအသင်းကို အသက်သွင်းလိုက်သလိုပါပဲ။ ဘရူနိုဖာနန်ဒက်စ်က မန်ယူအသင်းကို စောင့်ကြည့်ရတာဟာ စိတ်လှုပ်ရှားစရာကောင်းလာအောင် လုပ်ပေးခဲ့တာပါ။ သူ့အနေနဲ့ ရာသီလက်ကျန်ပွဲတွေမှာလည်း အခုလိုခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပေါလ်စခိုးလ်က ပြောကြားခဲ့သည်။ 

ထို့ပြင် ပေါလ်စခိုးလ်က ဘရူနိုဖာနန်ဒက်စ်မှာ မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားကဲ့သို့ ကစားသမားမျိုးဖြစ်ကြောင်းလည်း ချီးကျူးပြောကြားခဲ့သည်။ 

 

Most Read

Most Recent