ယနေ့ညကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Football Predictions Twitter
Photo: Football Predictions Twitter
Published 28 February 2020

နောဝစ်ချ် - လက်စတာ (စနေနံနက် ၂:၃၀ နာရီ)

လက်စတာက ပိုကောင်းတဲ့အသင်းဆိုတာ ငြင်းလို့မရပေမယ့် လက်ရှိခြေစွမ်းက အားနည်းနေတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းမှာ ပြဿနာပေါ်နေတယ်။ နောဝစ်ချ်က ဝုလ်ဗ်နဲ့ပွဲမှာ ညံ့ခဲ့တယ်။ ဒါပေမဲ့ ညံ့တဲ့အသင်းဆိုတာ ဒီထက်ညံ့ဖို့မရှိတော့ဘူး။ ဒီလိုထပ်ဖြစ်မှပဲ လက်စတာအတွက် လွယ်မယ်။ နောဝစ်ချ်သာ လီဗာပူးလ်၊ စပါးတို့နဲ့ပွဲက ခြေစွမ်းမျိုးဆို လက်စတာ ခြေကျနေပုံနဲ့ မလွယ်ဘူး။ လက်စတာကို နောဝစ်ချ် ဒုက္ခပေးနိုင်တယ်။

 

ဆိုစီဒက် - ဗယ်လာဒိုလစ် (စနေနံနက် ၂:၃၀ နာရီ)

ကျန်အသင်းတွေထက် တစ်ပွဲလျော့ကစားပြီး ချန်ပီယံလိဂ် ဝင်ခွင့်မျှော်လင့်ချက်အပြည့်ရှိနေတဲ့ ဆိုစီဒက်ရဲ့အိမ်ကွင်း ကစားပုံက အခုနောက်ပိုင်းပိုကောင်းလာတာတွေ့ရတယ်။ ဗယ်လာဒိုလစ်ခံစစ်က ဆိုစီဒက်တိုက်စစ်ကို ဘယ်လောက်တောင့်ခံနိုင်မလဲပဲ စောင့်ကြည့်ရမယ်။ ဆိုစီဒက်နဲ့ ဂိုးအများပါပဲ။

 

ဒစ်ဆယ်ဒေါ့ဖ် - ဟာသာဘာလင် (စနေနံနက် ၂:၀၀ နာရီ)

ဒစ်ဆယ်ဒေါ့ဖ်အသင်း နောက်ဆုံးကစားတဲ့ပွဲမှာ နိုင်ပွဲပြန် တွေ့ထားတယ်။ ဟာသာဘာလင်ကလည်း အဝေးကွင်းဆိုရလဒ် ကောင်းတတ်လို့ အမှတ်တော့ရမှာပါ။

 

ဆာလ်ဇ်ဘာ့ဂ် - ဖရန့်ဖတ် (သောကြာည ၁၁:၃၀ နာရီ)

ဆာလ်ဇ်ဘာ့ဂ်က ပွဲကျပ်ကာလကို ဖြတ်သန်းနေရပြီး ရလဒ်တွေ ယိုင်သွားတယ်။ ခြေစွမ်းကတော့ ထက်မြက်ဆဲဖြစ်ပြီး တိုက်စစ်ကောင်းတယ်။ ဖရန့်ဖတ်ကလည်း အဝေးကွင်းမှာ ခြေကျတတ်လို့ ဆာလ်ဇ်ဘာ့ဂ် နိုင်အောင်တော့ ကစားလိမ့်မယ်။

 

 

Most Read

Most Recent