လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့်ထိုက်တန်ဟု ပေါ့ဘာ ဆို

လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့်ထိုက်တန်ဟု ပေါ့ဘာ ဆို
Photos: Getty Images
Photos: Getty Images
Published 26 February 2020

မန်ယူနာမည်ကြီးကွင်းလယ်လူ ပေါ့ဘာ က လီဗာပူးလ်အသင်းမှာ ယခုရာသီချန်ပီယံဆုနှင့် ထိုက်တန်သည်ဟု သုံးသပ်ခဲ့ပြီး မန်ယူကစားသမားတစ်ဦးအနေဖြင့် ပြိုင်ဘက်အသင်းချန်ပီယံဖြစ်သွားသည်ကို အလိုမရှိဟုလည်း ဝန်ခံခဲ့သည်။

 

မန်ယူနာမည်ကြီးကွင်းလယ်လူ ပေါ့ဘာ က လီဗာပူးလ်အသင်းမှာ ယခုရာသီချန်ပီယံဆုနှင့် ထိုက်တန်သည်ဟု သုံးသပ်ခဲ့ပြီး မန်ယူကစားသမားတစ်ဦးအနေဖြင့် ပြိုင်ဘက်အသင်းချန်ပီယံဖြစ်သွားသည်ကို အလိုမရှိဟုလည်း ဝန်ခံခဲ့သည်။

"သူတို့ဟာ အားလုံးရဲ့အရှေ့ အလှမ်းဝေးကွာတဲ့နေရာမှာ ရောက်နေပါတယ်။ သူတို့အနေနဲ့ ဒီရာသီမှာ အမှတ်ပေးပွဲတစ်ပွဲမှ မရှုံးခဲ့သလို၊ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ဖို့ လက်တစ်ဖက်သေချာနေခဲ့ပါပြီ။  မန်ယူကစားသမားအနေနဲ့ သူတို့ချန်ပီယံဖြစ်သွားမှာကို အလိုမရှိပါဘူး။ ဒါပေမဲ့ ဘောလုံးကိုချစ်ခင်သူ၊ ပြိုင်ဘက်အသင်းကို လေးစားမှုရှိတဲ့ ကစားသမားတစ်ယောက်အနေနဲ့ သူတို့ဟာ ဒီနေ့ပိုင်ဆိုင်ထားတဲ့အရာတွေနဲ့ ထိုက်တန်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဖလားရခဲ့တဲ့အသင်းထက်တောင် သူတို့ဟာ ပိုကောင်းနေပါတယ်" ဟု ပေါ့ဘာက ESPN သို့ ပြောကြားခဲ့သည်။

 

Most Read

Most Recent