ချယ်လ်ဆီးအသင်းကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း မူလာ ဆို

ချယ်လ်ဆီးအသင်းကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း မူလာ ဆို
Photo: Getty Images
Photo: Getty Images
Published 25 February 2020

ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား မူလာက မိမိတို့အနေဖြင့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် ချယ်လ်ဆီးအသင်းကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား မူလာက မိမိတို့အနေဖြင့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် ချယ်လ်ဆီးအသင်းကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ၂၀၁၁-၁၂ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အိမ်ကွင်းတွင် ကစားခွင့်ရခဲ့သော်လည်း ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသည်။ 

သို့သော် မူလာ လက်ရှိ ချယ်လ်ဆီးအသင်းမှာ ၂၀၁၁-၁၂ ရာသီကကဲ့သို့ မဟုတ်တော့ကြောင်းနှင့် ဥရောပတွင် အကောင်းဆုံးအသင်းမဟုတ်တော့ကြောင်း ပြောကြားခဲ့သည်။

မူလာက "ကျွန်တော် ချန်ပီယံလိဂ်ပွဲပေါင်းများစွာ ကစားဖူးပေမယ့် စတမ်းဖို့ဒ်ဘရစ်ချ်မှာတော့ တစ်ခါမှ မကစားဖူးသေးပါဘူး။ ဒါကြောင့် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခွင့်ရဖို့ ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ လူငယ်တွေ၊ ပါရမီရှင်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းဖြစ်လို့ အသင်းတိုင်းကို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ကျွန်တော့်တို့အနေနဲ့ ဒီပွဲအတွက် သေချာပြင်ဆင်ထားဖို့ လိုပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းဟာ ဥရောပမှာ အကောင်းဆုံးအသင်းမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ချယ်လ်ဆီးအသင်းကို ကြောက်ရွံနေဖို့ မလိုပါဘူး။ ချယ်လ်ဆီးအသင်းကို ကျွန်တော်တို့ အနိုင်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် မူလာက ၂၀၁၁-၁၂ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ခြင်းမှာ ၂၀၁၂-၁၃ ရာသီတွင် ဗိုလ်စွဲရန် တွန်းအားဖြစ်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

 

Most Read

Most Recent