လီဝန်ဒေါစကီးကို စိတ်မပူကြောင်း ချယ်လ်ဆီးနည်းပြ လမ်းပတ် ပြောကြား

လီဝန်ဒေါစကီးကို စိတ်မပူကြောင်း ချယ်လ်ဆီးနည်းပြ လမ်းပတ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 25 February 2020

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ဘိုင်ယန်မြူးနစ်နှင့် ကစားမည့်ပွဲတွင် လီဝန်ဒေါစကီး၏ ခြိမ်းခြောက်မှုကို စိတ်မပူကြောင်း ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ဘိုင်ယန်မြူးနစ်နှင့် ကစားမည့်ပွဲတွင် လီဝန်ဒေါစကီး၏ ခြိမ်းခြောက်မှုကို စိတ်မပူကြောင်း ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ယနေ့ည (မြန်မာစံတော်ချိန် ဗုဒ္ဓဟူး နံနက် ၂:၃၀ နာရီ)တွင် ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်၌ လက်ခံကစားရမည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ယခုရာသီတွင် ခြေစွမ်းပြနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၁၀)ဂိုးအထိ သွင်းယူထားကာ ဂိုးသွင်းအများဆုံးအဖြစ် ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းနှင့်အတူ ရပ်တည်နေသည်။ 

ချယ်လ်ဆီးနည်းပြ လမ်းပတ်က လီဝန်ဒေါစကီးမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်သော်လည်း မိမိအနေဖြင့် ယင်းအတွက် စိတ်မပူကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လမ်းပတ်က "လီဝန်ဒေါစကီးရဲ့ ခြိမ်းခြောက်မှုကို ကျွန်တော် စိတ်မပူပါဘူး။ လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ခြေစွမ်းပြနေပြီး သူ့ရဲ့ ဂိုးသွင်းနှုန်းကလည်း နှစ်စဉ်နှစ်တိုင်း အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်မှာ လီဝန်ဒေါစကီးတစ်ယောက်တည်းပဲ တစ်သင်းလုံးက ကျွန်တော်တို့ကို ခြိမ်းခြောက်နိုင်စွမ်းရှိပါတယ်။ ရှုံးထွက်အဆင့်မှာ ပြိုင်ဘက်တိုင်းက ခက်ခဲပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် လမ်းပတ်က ဘိုင်ယန်မြူးနစ်အသင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားသည့်အသင်းများထဲတွင် တစ်သင်းအပါအဝင်ဖြစ်ကြောင်းနှင့် မိမိတို့အနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းကို တားဆီးနိုင်ရန် အစွမ်းကုန် ကြိုးစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။