သက်ထားသူဇာ ကင်ညာအင်တာနေရှင်နယ်ပြိုင်ပွဲ၌ ပါကစ္စတန်ပြိုင်ဘက်နှင့် ပွဲဦးထွက်ကစားရမည်

သက်ထားသူဇာ ကင်ညာအင်တာနေရှင်နယ်ပြိုင်ပွဲ၌ ပါကစ္စတန်ပြိုင်ဘက်နှင့် ပွဲဦးထွက်ကစားရမည်
Photos : THET HTAR Thuzar Facebook
Photos : THET HTAR Thuzar Facebook
Published 25 February 2020

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ၂၀၂၀ ကင်ညာအင်တာနေရှင်နယ်ကြက်တောင်ပြိုင်ပွဲ (Kenya International Future Series 2020) ကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဖွင့်ပွဲ၌ ပါကစ္စတန်ကြက်တောင်မယ် ပယ်ဝါရှာနှင့် တွေ့ဆုံနေကြောင်းသိရသည်။  

 

၂၀၂၀ ကင်ညာအင်တာနေရှင်နယ်ကြက်တောင်ပြိုင်ပွဲကို ဖေဖော်ဝါရီ(၂၇) ရက်မှ မတ် (၁)ရက်အထိ မွမ်ဘာဆာမြို့၌ ကျင်းပမည်ဖြစ်သည်။ 

သက်ထားသူဇာသည် ပထမအဆင့်တွင် ပယ်ဝါရှာကို အနိုင်ရရှိခဲ့မည်ဆိုပါက ဒုတိယအဆင့်တွင် အိမ်ရှင် ကင်ညာ (သို့) အယ်လ်ဂျီးရီးယားကြက်တောင်မယ်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ 

သက်ထားသူဇာသည် ၂၀၁၉ ကင်ညာအင်တာနေရှင်နယ်ကြက်တောင်ပြိုင်ပွဲတွင် ဗိုလ်စွဲထားသည့် လက်ရှိချန်ပီယံဖြစ်သောကြောင့် ယခုနှစ်ပြိုင်ပွဲတွင် ဆီဒင် (၁)အဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။ 

သက်ထားသူဇာသည် ပြီးခဲ့ သည့် ၂၀၂၀ ယူဂန္ဓာအင်တာနေရှင်နယ်ကြက်တောင်ပြိုင်ပွဲတွင်လည်း ဗိုလ်စွဲထားပြီး ယင်းပြိုင်ပွဲအပြီးတွင် ၂၀၂၀ ကင်ညာအင်တာနေရှင်နယ် ကြက်တောင်ပြိုင်ပွဲကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ 

သက် ထားသူဇာသည် ၂၀၂၀ ကင်ညာအင်တာနေရှင်နယ်ကြက်တောင်ပြိုင်ပွဲအပြီးတွင် ဥရောပနိုင်ငံများသို့ သွားရောက်၍ ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကာ တိုကျိုအိုလံပစ်ဝင်ခွင့်အတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်မြင့်လာရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent