PSG ကစားသမားများ ပါတီတက်သည့် ဗီဒီယိုပျံ့နှံ့နေခြင်းကို နည်းပြတူဟယ်လ် စိတ်ပျက်လျက်ရှိ

PSG ကစားသမားများ ပါတီတက်သည့် ဗီဒီယိုပျံ့နှံ့နေခြင်းကို နည်းပြတူဟယ်လ် စိတ်ပျက်လျက်ရှိ
Photos: Getty Images
Photos: Getty Images
Published 23 February 2020

PSG အသင်းနည်းပြ တူဟယ်လ်သည် ဒေါ့မွန်အသင်းအား ရှုံးနိမ့်ပြီး (၂)ရက်အကြာတွင် ပါတီ၌ ပျော်ပါးနေသည့် အသင်းကစားသမားများ၏ ဗီဒီယိုဖိုင် လူမှုကွန်ရက်များတွင် ပျံ့နှံ့နေခြင်းကို စိတ်ပျက်နေကြောင်း သိရသည်။ 

 

PSG အသင်းနည်းပြ တူဟယ်လ်သည် ဒေါ့မွန်အသင်းအား ရှုံးနိမ့်ပြီး (၂)ရက်အကြာတွင် ပါတီ၌ ပျော်ပါးနေသည့် အသင်းကစားသမားများ၏ ဗီဒီယိုဖိုင် လူမှုကွန်ရက်များတွင် ပျံ့နှံ့နေခြင်းကို စိတ်ပျက်နေကြောင်း သိရသည်။ 

PSG အသင်းသည် ဖေဖော်ဝါရီ (၁၈)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့တွင်  ဒေါ့မွန်အသင်းကို အဝေးကွင်း၌ (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ 

  

ယင်းရှုံးပွဲအပြီး (၂)ရက်အကြာဖြစ်သည့် ဖေဖော်ဝါရီ (၂၀) ရက်တွင် PSG ကစားသမားများသည် ဖေဖော်ဝါရီ၌ မွေးဖွားသည့် အီကာဒီ၊ ကာဗာနီနှင့် ဒီမာရီယာတို့၏ မွေးနေ့ပါတီကို ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ 

  

PSG ကစားသမားများ ကခုန်ပျော်ပါးနေသည့် ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်များတွင် ပျံ့နှံ့ခဲ့ ပြီး တူဟယ်လ်က စိတ်ပျက်နေခြင်းဖြစ်သည်။ 

  

သို့သော် PSG နောက်ခံလူ မာကင်ဟို့စ်က မွေးနေ့ပါတီမှာ ဒေါ့မွန်နှင့် ပွဲမတိုင်မီကပင် စီစဉ်ထားခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။

 

Most Read

Most Recent