အိပ်ချိန်အနှောင့်အယှက်မဖြစ်စေရန် ချန်ပီယံလိဂ်ပွဲပြီးလျှင် ချက်ချင်းမပြန်ရန် လိုက်ပ်ဇစ်အသင်း ဆုံးဖြတ်

အိပ်ချိန်အနှောင့်အယှက်မဖြစ်စေရန် ချန်ပီယံလိဂ်ပွဲပြီးလျှင် ချက်ချင်းမပြန်ရန် လိုက်ပ်ဇစ်အသင်း ဆုံးဖြတ်
Photos: Getty Images
Photos: Getty Images
Published 23 February 2020

လိုက်ပ်ဇစ်အသင်းသည် ဖေဖော်ဝါရီ ၁၉ ရက်တွင် စပါးအသင်း နှင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အဝေးကွင်းပွဲကစားပြီးနောက် ဂျာမနီသို့ ညတွင်းချင်းပြန်လာရာ နောက်တစ်နေ့ နံနက်အစောပိုင်းမှသာ ရောက်ရှိလာကြောင်း သိရသည်။ 

 

ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းသည် ကစားသမားများ၏ အိပ်ချိန်ကို အနှောင့်အယှက်မဖြစ်စေရန်အတွက် ချန်ပီယံလိဂ်အဝေးကွင်းပွဲကစားပြီးလျှင် ချက်ချင်းမပြန်ရန် ဆုံးဖြတ်ခဲ့ကြောင်း နည်းပြ နာဂယ်လ်စ်မန်းက ပြောကြားခဲ့သည်။

လိုက်ပ်ဇစ်အသင်းသည် ဖေဖော်ဝါရီ ၁၉ ရက်တွင် စပါးအသင်း နှင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အဝေးကွင်းပွဲကစားပြီးနောက် ဂျာမနီသို့ ညတွင်းချင်းပြန်လာရာ နောက်တစ်နေ့ နံနက်အစောပိုင်းမှသာ ရောက်ရှိလာကြောင်း သိရသည်။ 

ထို့ပြင် နာဂယ်လ်စ်မန်းအပါအဝင် နည်းပြအဖွဲ့အနေဖြင့် စနေနေ့တွင် ကစားရမည့် ဘွန်ဒစ်လီဂါပွဲစဉ်အတွက် ပြင်ဆင်ရန် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၈ နာရီခွဲမှာပင် လေ့ကျင့်ရေးကွင်းသို့ ပြန်လည်ရောက်ရှိ လာခဲ့သည်။ 

သို့ဖြစ်ရာ နာဂယ်လ်စ်မန်းက " နံနက် ၅ နာရီမှာ အိပ်ရာဝင်ရတယ်ဆိုတာ ကစားသမားတွေအတွက် တော်တော်အဆင်မပြေပါဘူး။ တစ်ရက်နဲ့ တစ်ဝက်လောက်ကြာချိန်မှာ အိပ်ချိန်တွေက လေယာဉ်ပေါ်မှာပဲဖြစ်နေတယ်။ ဒီအခြေ အနေမျိုး ထပ်မဖြစ်စေချင်တော့ပါဘူး" ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent