ရီးယဲလ်ဂျာစီကို ပခုံးပေါ်တင်၍ ဓာတ်ပုံရိုက်ကူးခဲ့သည့် စတာလင်အား ဂွါဒီယိုလာ အပြစ်မတင်ဘဲ ရီးယဲလ်နှင့် ဘာစီလိုနာကို အသင်းအားလုံးထိတ်လန့်ရဟု ဝန်ခံ

ရီးယဲလ်ဂျာစီကို ပခုံးပေါ်တင်၍ ဓာတ်ပုံရိုက်ကူးခဲ့သည့် စတာလင်အား ဂွါဒီယိုလာ အပြစ်မတင်ဘဲ ရီးယဲလ်နှင့် ဘာစီလိုနာကို အသင်းအားလုံးထိတ်လန့်ရဟု ဝန်ခံ
Photos: Getty Images
Photos: Getty Images
Published 23 February 2020

မန်စီးတီးအသင်း ဥရောပပြိုင်ပွဲယှဉ်ပြိုင် ခွင့် နှစ်ရာသီ ပိတ်ပင်ခံရသည့်ပြစ်ဒဏ်ကြောင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေစဉ် စတာလင်က စပိန်နိုင်ငံထုတ် AS သတင်းစာနှင့် အင်တာဗျူးတွင် ယင်းကဲ့သို့ ဓာတ်ပုံ ရိုက်ကူးခဲ့သောကြောင့် ခန့်မှန်းသတင်းများ ပိုမိုထွက်ပေါ်လာခြင်းဖြစ်သည်။ စတာလင်သည် ချန်ပီယံလိဂ်ပွဲကြိုအဖြစ် အင်တာဗျူး ပြုလုပ်စဉ် မန်စီးတီးဂျာစီနှင့် ရီးယဲလ်ဂျာစီကို ပခုံးတစ်ဖက်စီတွင်တင်၍ ဓာတ်ပုံရိုက်ကူးခဲ့ ခြင်းဖြစ်သည်။ 

 

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ရီးယဲလ်အသင်းဂျာစီကို ပခုံးပေါ်တင်၍ ဓာတ်ပုံရိုက်ကူးခဲ့သည့် စတာလင်အား အပြစ်မတင်ဘဲ အပြောင်းအရွှေ့လောကတွင် ရီးယဲလ်နှင့် ဘာစီလိုနာကို အသင်းအားလုံးထိတ်လန့်ရကြောင်း ဝန်ခံပြောကြားခဲ့သည်။

မန်စီးတီးအသင်း ဥရောပပြိုင်ပွဲယှဉ်ပြိုင် ခွင့် နှစ်ရာသီ ပိတ်ပင်ခံရသည့်ပြစ်ဒဏ်ကြောင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေစဉ် စတာလင်က စပိန်နိုင်ငံထုတ် AS သတင်းစာနှင့် အင်တာဗျူးတွင် ယင်းကဲ့သို့ ဓာတ်ပုံ ရိုက်ကူးခဲ့သောကြောင့် ခန့်မှန်းသတင်းများ ပိုမိုထွက်ပေါ်လာခြင်းဖြစ်သည်။ စတာလင်သည် ချန်ပီယံလိဂ်ပွဲကြိုအဖြစ် အင်တာဗျူး ပြုလုပ်စဉ် မန်စီးတီးဂျာစီနှင့် ရီးယဲလ်ဂျာစီကို ပခုံးတစ်ဖက်စီတွင်တင်၍ ဓာတ်ပုံရိုက်ကူးခဲ့ ခြင်းဖြစ်သည်။ 

ထို့ပြင် ၎င်းက အနာဂတ်တွင် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့နိုင်ဖွယ်ရှိမရှိ မေးခွန်းနှင့်ပတ်သက်၍ " ဒီတစ်ခုကို ဘယ်လို ဖြေရမလဲ။ ကင်မရာက တိုက်ရိုက်လွှင့်နေတာလား၊ ဓာတ်ပုံရိုက်ရုံပဲလား။ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ကျွန်တော်က စိန်ခေါ်မှုတွေကို အမြဲတမ်းရင်ဆိုင်ချင်တဲ့သူပါ။ အခုအချိန်မှာ ကျွန်တော့်ရဲ့ စိန်ခေါ်မှုက စီးတီးမှာဖြစ်ပြီး တကယ်လည်း ပျော်နေပါတယ်။ စီးတီးနဲ့ စာချုပ်ရှိနေသေးလို့ ဒီစာချုပ်ကို လေးစားမှုရှိရပါမယ်။ ရီးယဲလ်မက်ဒရစ်က အရမ်းကောင်းတဲ့ကလပ်ပါ။ အဖြူရောင်အင်္ကျီကိုမြင်ရချိန်မှာ ဒီကလပ်က ဘယ်လိုရပ်တည်နေတာလဲဆိုတာ သေသေချာချာသိနိုင်ပါတယ်" ဟု ဖြေကြားခဲ့သည်။

ထို့ကြောင့် စတာလင်၏ အနာဂတ်အတွက် ဗြိတိန်မီဒီယာများက မေးခွန်းထုတ်နေရာ ဂွါဒီယိုလာက " ကစားသမားတွေအနေနဲ့ ကိုယ့်စိတ်ကြိုက်ပြောလို့ရပါတယ်။ ကျွန်တော်တို့က ဘယ်လိုပြောရမယ်ဆိုပြီး ကန့်သတ်လို့မရပါဘူး။ မက်ဒရစ်မီဒီယာက မက်ဒရစ်အကြောင်းပြောတယ်ဆိုတာ မထူးဆန်းပါဘူး။ ဒါက သာမန်ပါပဲ။ ကျွန်တော့်ကစားသမားတွေရဲ့ အားထုတ်မှုအပေါ် အပြည့်အ၀ ယုံကြည်ပါတယ်။ သူတို့အနေနဲ့ ဒီအချက်ကို နှစ်ပေါင်းများစွာပြသလာခဲ့တာဖြစ်ပြီး ဘာမှ မပြောင်းလဲပါဘူး။ ရာသီကုန်ချိန်ကျရင် ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ကိုယ်ဖြစ်ချင်တာတွေကို စိတ်အေးအေးထားပြီး ဆုံးဖြတ်သွားမှာပါ။ ရီးယဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာက တံခါးလာခေါက်ပြီဆိုရင် တခြားကလပ်တွေအားလုံးထိတ်လန့်ရတယ်ဆိုတာ အားလုံးလည်းသိကြပါတယ်။ မက်ဒရစ်နဲ့ ဘာစီလိုနာတို့က ရာဟင်ရဲ့အေးဂျင့်ကိုခေါ်ပြီး ဆွေးနွေးသလားဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ အသင်းကိုစရောက်ချိန်ကနေ အခုချိန်အထိ သူ့ရဲ့အားထုတ်မှုကို သံသယလုံးဝမဖြစ်မိပါဘူး" ဟု တုံ့ပြန်ပြောကြားခဲ့သည်။

 

 

Most Read

Most Recent