ဘာစီလိုနာ၏လုပ်ရပ်ကို သဘောမကျဟု ရီဗယ်လ်ဒို ပြောကြား

ဘာစီလိုနာ၏လုပ်ရပ်ကို သဘောမကျဟု ရီဗယ်လ်ဒို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 21 February 2020

ဘာစီလိုနာကစားသမားဟောင်း ရီဗယ်လ်ဒိုက ဘရေ့ဝိတ်ကို ခေါ်ယူခဲ့သည့် ဘာစီလိုနာအသင်း၏လုပ်ရပ်ကို သဘောမကျကြောင်း ပြောကြားခဲ့သည်။ 

ဘာစီလိုနာကစားသမားဟောင်း ရီဗယ်လ်ဒိုက ဘရေ့ဝိတ်ကို ခေါ်ယူခဲ့သည့် ဘာစီလိုနာအသင်း၏လုပ်ရပ်ကို သဘောမကျကြောင်း ပြောကြားခဲ့သည်။ 

ရီဗယ်လ်ဒိုက "ဒီလုပ်ရပ်ကို ကျွန်တော် သဘောမကျသလို၊ နားလည်မလည်ပါဘူး။ သဘောမကျတဲ့ ပထမအချက်ကတော့ ဈေးကွက်ကာလ ကျော်လွန်သွားချိန်မှာ အကယ်ဒမီက ကစားသမားကိုပဲ နေရာပေးသင့်တာပါ။တိုက်စစ်မှူးအသစ် မဖြစ်မနေ ခေါ်ယူဖို့ မလိုဘူးလို့လည်း ထင်ပါတယ်။ ပြီးတော့ တန်းဆင်းအန္တ ရာယ်ကို ရှောင်လွှဲနိုင်ဖို့ ကြိုးစားနေရတဲ့အသင်းက ကစားသမားကို ခေါ်ယူခဲ့တာလည်း မဖြစ်သင့်ပါဘူး။ ဒါဟာ တစ်ဖက်အသင်းကို ဖျက်ဆီးလိုက်သလိုပါပဲ"ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် အသင်းတိုက်စစ်မှူး ဆွာရက်ဇ် ဒဏ်ရာကြောင့် ဧပြီလအထိ အနားယူရမည်ဖြစ်သဖြင့် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် စီစဉ်ခဲ့သည်။ 

ယင်းကာလအတွင်း အသင်းတိုက်စစ်ကစားသမား ဒမ်ဘီလီမှာ ဒဏ်ရာမှပြန်လည်သက်သာလာသည့်အတွက် ဘာစီလိုနာအသင်းသည် တိုက်စစ်မှူး ဝယ်ယူမည့်အစီအစဉ်ကို လက်လျှော့ခဲ့သည်။ 

သို့သော် ဒမ်ဘီလီမှာ ဖေဖော်ဝါရီလ အစောပိုင်းက ပြုလုပ်သည့် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ဒဏ်ရာထပ်မံရရှိခဲ့ပြီး (၆)လခန့်အနားယူရမည်ဖြစ်ရာ ဘာစီလိုနာအသင်းသည် တိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် စပိန်ဘောလုံးအဖွဲ့ချုပ်နှင့် လာလီဂါအဖွဲ့ချုပ်ထံ အသနားခံစာတင်ခဲ့ပြီး ခွင့်ပြုချက်ရသဖြင့် လီဟာနက်စ်အသင်းမှ ဒိန်းမတ်တိုက်စစ်မှူး ဘရေ့ဝိတ်ကို

စာချုပ်လျော်ကြေးအတိုင်း ပေးချေကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

ဘရေ့ဝိတ်သည် ယခုရာသီ လာလီဂါ(၂၄)ပွဲတွင် (၆)ဂိုးသွင်းယူပေးထားသူဖြစ်ရာ တန်းဆင်းဇုန်တွင် ကျရောက်နေသည့် လီဟာနက်စ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့သည်။

 

 

Most Read

Most Recent